အသက် ၆၅ နှစ်အထက် အဖွားတွေကို စားဝတ်နေရေး တသက်လုံး အခမဲ့တာဝန်ယူပေးမယ့်နေရာ

ဒီခေတ်ကြီးထဲမှာ ခိုကိုးရာမဲ့ ဘိုးဘွားတွေရဲ့ ဘဝဟာ အင်မတန် သနားဖို့ကောင်းပါတယ်။ အိုခြင်း ဒုက္ခ ခံစားနေရတဲ့သူတွေမှာ စားဝတ်နေရေး ဒုက္ခ၊ နိုင်ငံရေး ဒုက္ခတွေ အားလုံး ဖိစီးပြီး စိတ်နှလုံး မရွှင်မလန်း ဖြစ်နေမှာ အမှန်အကန်ပါပဲ။

သက်ကြီးရွယ်အိုများကို စောင့်ရှောက်ပေးမယ့်သူများကလည်း အခုချိန်မှာ အထွေထွေ အကျပ်အတည်းကြောင့် စောင့်ရှောက်မှု ကောင်းစွာ မလုပ်ပေးနိုင်တဲ့ အခြေအနေ ဖြစ်နေပါတယ်။

ဒီလိုအချိန်မှာ ထူးထူးခြားခြား အသက် ၆၅ နှစ်အထက် အဖွားများကို တသက်လုံး စားဝတ်နေရေးနဲ့ ကျန်းမာရေးတွေ စောင့်ရှောက်ပေးမယ်လို့ ပို့စ်တင်လာတာ တွေ့ရပါတယ်။ မူရင်းပို့စ်ကို အောက်မှာ ဖော်ပြ ပေးလိုက်ပါတယ်-

အဖွား အသက်၆၅ အထက် မိသားစု မရှိသူ ဆက်သွယ်ပေးပါရှင့်။ တသက်လုံး စားဝတ်နေရေး တာဝန်ယူပါမယ်။ ကျန်းမာရေး စားဝတ်နေရေးအကုန်ပါ။

ကူညီမယ့်သူက ကိုရီးယားလူမျိုးတွေပါ။ နေဖို့စားဖို့ အကုန်တာဝန်ယူပါ့မယ်။ ဆေးရုံကြီးမှာဆေးစစ်ပါ့မယ်။ ဂေဟာဖွင့်မယ့် နေရာက ပြင်ဦးလွင်မြို့နယ် ထူးလိမ္မော်ခြံ အကျော် ဆေတစ်လုံ ကျေးရွာနားမှာပါ။ကျမကိုဆက်သွယ်ပေးပါ။

Su Su Hlaing (၀၉၄၅၁၂၉၇၅၃၁)

Leave a Reply

Your email address will not be published.

x

You cannot copy content of this page