တပွဲ တသောင်းခွဲပေးရတဲ့ ရန်ကုန်က မုန့်ဟင်းခါးဆိုင် (ပေးရတာပိုက်ဆံနဲ့ စားရတဲ့ အရသာကတော့…..)

အင်းလျားလမ်း မဖြူမုန့်ဟင်းခါး (တပွဲ တသောင်းခွဲကျော်)

အင်းလျားလမ်း မဖြူ မုန့်ဟင်းခါးဆို တာ ဒိတ်ဒိတ်ကြဲ အဲ့ မဖြူမုန့်ဟင်းခါးရဲ့ ပဲ့ကိုင်ရှင်က မနှင်းဆီတဲ့၊ နာမည်ကြီးသလို စျေးကလည်းကြီး၊ ငါးသလောက်ဥနဲ့ အကြော်စုံ တပွဲလောက်ထည့်စားရင် တပွဲ တသောင်းကျော်။

စားမယ့်သူမရှိဘူးထင်နေလား ကြိတ်ကြိတ်တိုး စမီးလည်း ရန်ကုန်နေတိုင်းစားတယ်လေ ဟီး။ အကြော်ကို ပဲကြော် က အစ သူ့ဆိုင်မှာပဲ ဆီသန့်နဲ့ကြော်တာ ကြော်ကြော်ပြီးချင်း ပူပူလောလောကို ညှပ်ပြီး ငါးကျည်းငါးခူ နဲ့ပဲချက်တဲ့ မုန့်ဟင်းခါးထဲ ထည့်စားရတဲ့ ဟာက ဘယ်လိုကောင်းမှန်းမသိ၊ ဘူးသီးကြော် ပုစွန်ကြော် ငှက်ပျောကြော် အရွက်ကြော်နာမည်ကြီးပါ့

ဗုဒ္ဓဟူးနဲ့ ရုံးပိတ်ရက်တွေဆို အုန်းနို့ခေါက်ဆွဲ ရတယ် အသဲအမြစ် တောင်ပံ အသား အူ သွေးခဲ အကုန်ထည့်စားလို့ရတယ် သူ့ဟာက အစိမ့်လေး၊ ငါးဖယ်ကြော်ဆိုရင် အရမ်းစစ်လို့ တထုတ်ထုတ်နဲ့ အိမ်မှာကြော်စားတာတောင် သူ့လောက်မကောင်းဘူး။

စိတ်ဝင်စားစရာကောင်းတာက မနှင်းဆီ စျေးတွက်တာ လူတွေက ပြောကြတယ် သူတွက်ချင်သလိုတွက်ပြီး သူတောင်းချင်သလိုတောင်းတာတဲ့ ကိုယ်လည်း ဟိုးအရင်စားခါစ က အဲ့လိုလားပေါ့ တပွဲဘယ်လောက်လည်းမေးရင်လည်း မကြိုက်ဘူး ဘာဖြစ်တယ် ညာဖြစ်တယ် ပြောကြတယ်။

ကိုယ်အမြဲစားတော့မှ မနှင်းဆီတွက်တာ ဆရာကျမှန်းသိတယ်.. ရောက်တာ နဲ့ ကိုယ်စားနေကျ ဗူးသီး ငါးဖယ် နံနံပင် မထည့် အဖတ်လျော့ အရေများများ ငှက်ပျောအူထည့်.. အဲ့လို ရပြီးသား စျေးတွက်တာလည်း သုံးယောက်လာစား သုံးယောက်လုံးစားတာ မှတ်မိတယ်။

စျေးကြီးတယ် မတန်ဘူးတဲ့ တချို့က.. မတန်ဖူး တန်တယ်ဆိုတာ ကိုယ်သတ်မှတ်ထားတဲ့စံနှုန်း၊ ကိုယ်ဆိုရင် မဖြူ မုန့်ဟင်းခါးကို မစားရ မနေနိုင်ဘူး ဒီအရသာမျိုးဘယ်မှာမှမရဘူး ကိုယ်ကြိုက်တဲ့အရာဆိုရင် ပေးရတာ တန်တယ်ထင်တာပဲ။

ဗူးသီးနဲ့ငဖယ် နဲ့ တပွဲကို သုံးထောင်ယူတယ် ခုခေတ်မှာ မဖြူထက်စျေးကြီးတဲ့ဆိုင်တွေဆိုတာပုံလို့လေ။ ကောက်ညှင်းပေါင်းနဲ့ ငါးခြောက်ဖုတ် ဆိတ်သားခြောက်လည်းရတယ်။

ကိုယ်တိုင် စားခဲ့ဖူးတဲ့ သူတဦးရဲ့ အမြင်ကိုလည်း ထပ်မံဖော်ပြ လိုက်ပါတယ်-

ဒေါ်နှင်းဆီမုန့်ဟင်းခါး တစ်ပွဲ တစ်သောင်းခွဲတဲ့ အိုးမိုင်ဂေါ့ ကိုယ်လည်း စူးစမ်းချင်လို့ သွားစားကြည့်တာ မယုံလို့ အယ် တကယ်ကြီးတော့်။ ကိုယ်ကြားဖူးတာနဲ့ စာဖူးတာ က ထောင့်ငါးရာတန်လောက်က အများဆုံးကိုး။

နီနီက ခဏခဏ ပြောပြတယ်။ အဲ့ဒီမုန့်ဟင်းခါးက ဘယ်လို ကောင်းကြောင်းပေါ့ သူသွားစားတိုင်း ပုံလှမ်းလှမ်းပို့ရတာ အမော။အဲ့လိုအချိန်ဆိုရင် ဒါဒါ သူ့ကိုပြောတယ် နင့် မုန့်ဟင်းခါးက ဘာမလို့လဲ တစ်သောင်းခွဲပေးရအောင် ငါသာဆို စားမနေဘူး မတန်မရာတွေ အံ့သြတယ် ဘာဖြစ်တယ် ညာဖြစ်တယ်ပေါ့။ နီနီကပြန်ပြောတယ် နင် ရန်ကုန်ရောက်မှ စားကြည့်လိုက် ပြီးမှဆက်ပြောတဲ့ Ok ပေါ့။

ဒီနေ့ ဒီမုန့်ဟင်းခါးကိုစားဖို့ မနက်ငါးနာရီ ထရပါတယ် (ငတ်ကြီးကျတယ်ဘဲပြောပြော တစ်သောင်းခွဲဆိုသော မုန့်ဟင်းခါးကို စိတ်ဝင်စားလို့ အစောထခြင်းပါ) ဖုန်းဆက်ပြီး ဘယ်နှယောက်စာ ဆိုတာကြိုတင်မှာရပါ သေးတယ်။ (ကြီးကြီးကျယ်ကျယ် ဖုန်းဆက်မှာရသေးတယ်လို့ ထင်ကောင်းထင်နိုင်ပါတယ်) ကြိုက်သလိုထင်ပါ။ သူက မနက်ရှစ်နာရီကျော်လောက်ဆို ကုန်တတ်လို့ပါတဲ့။

ဆိုင်အပြင်အဆင်ကလည်း ပုံမှာမြင်တဲ့အတိုင်းပါဘဲ ရိုးရှင်းပါတယ်။ လာစားတဲ့ ကားတွေကလည်း ကျိတ်ကျိတ်တိုး အပြည့်ဘဲမလို့ ကြိုမမှာထားရင် တန်းစီစောင့်ရပါတယ် Feeling amazing ပေါ့နော်။အဲ့တာနဲ့ မုန့်ဟင်းခါး ပန်းကန်လာချတော့ ပန်းကန်က အလုံးမဟုတ်ဘူး ပန်းကန်ပြားနဲ့။

စပြီးသတိထားမိတာက ငါးဥတွေနဲ့ ငါးဖယ်တွေနဲ့ စုံပလုံ နေတာဘဲ။ တစ်ဇွန်းစ စားကြည့်တယ် အင်း သူတို့ပြောတာမှန်တယ် ဆိုပြီးဖြစ်သွားရော တော်တော်လေး အရသာရှိပါတယ်။ သာမန်မုန့်ဟင်းခါးတွေနဲ့ အတော်လေးလည်းကွဲထွက်ပြီး ဘာကိုကောင်းတာလဲလို့မေးရင် ကောင်းလို့ ကို ကောင်းတာပါလို့ဘဲ ပြန်ဖြေချင်ပါတယ်။

“တန်ရာတန်ကြေးပေးရင် ပေးရတာနဲ့တန်အောင် ပြန်ရမှ လူတွေက ကျေနပ်ကြတာ သဘာဝကိုး ” အော် ဒီမုန့်ဟင်းခါးကို ကိုယ်တိုင် လာမစားကြည့်ခင်ကတော့ အပြစ်မြင်ခဲ့ဖူးပါရဲ့။ အခုကျတော့ ကိုယ်အပါအဝင် လူတွေများစွာ စားပွဲပေါင်းများစွာ ထိုင်ခုံပေါင်း များစွာ ဝိုင်းတွေက အပြည့်နဲ့လေ ပျော်စရာကြီးပါ။

မဆီမဆိုင် သူ့ဝင်ငွေတောင် ကိုယ်က ထိုင်တွက် ခန့်မှန်းခဲ့သေး။သူ့ကိုကြိုက်နှစ်သက်လို့ လာရောက်အားပေးကြတာလေ ဝေးကလည်းဝေးသေး တော်ရုံဆို ဘယ်လာကြမလဲ။ သူ့ရဲ့ကောင်းကွက်လေးတွေကို ချစ်ခင်နှစ်သက်စိတ်နဲ့ လက်ခံလို့ပေါ့။ အဲ့လိုဘဲ အခြားတစ်ဖက်မှာ သူ့ကိုလက်မခံချင်တဲ့ မတန်မရာ ဘာညာ သာရကာဆိုတဲ့ လူတွေလည်းရှိကောင်းရှိမှာဘဲ။

သူက တစ်သောင်းခွဲနဲ့ရောင်းနေပေမယ့် တစ်သောင်းခွဲပေးပြီး ကျေကျေနပ်နပ်နဲ့ ဝယ်စားတဲ့ လူတွေရှိမှရတာကိုး။ သူ့ကို လက်ခံနိုင်တဲ့ သူရှိသလို လက်မခံချင်တဲ့ သူလည်း ရှိမှာဘဲ။ သူကတော့ ဘာကိုမှဂရုမစိုက်အားပါဘူး။ ရောင်းကောင်းတာ လက်မလည်လို့ပါ။

အော် အဲ့တာပြောတာပေါ့ နေရာတိုင်းမှာ သူ့အနေအထားနဲ့သူ သူ့တန်ဖိုးနဲ့သူ။ စိတ်ဝင်စားရင် သွားစားလို့ရအောင် လိပ်စာလေး ရေးပေးခဲ့မယ်။ ရွှေတောင်ကြားလမ်း အလက(၆)ကျောင်းဝင်းအတွင်း။ မုန့်ဟင်းခါးစားရင်း ရလိုက်တဲ့ မုန့်ဟင်းခါး Messages။

Myo Thandar Htwe

Leave a Reply

Your email address will not be published. Required fields are marked *

x

You cannot copy content of this page