သိန်း ၃၀ တန် ငွေစက္ကူနဲ့ တဒေါ်လာ တသောင်း ဖြစ်လာတော့မယ့် အခြေအနေ

စကစကိုယ်တိုင် ရွှေဒင်္ဂါးတကျပ်သား တပြား ၂၉ သိန်း ၉ သောင်း ရောင်းတယ်ဆိုတော့ ရွှေစျေးက အတက်ပဲ ရှိတော့မှာ။ တခုကောင်းတာက မြန်မာကျပ်ငွေတွေ နေရာမှာ ရွှေဒင်္ဂါးပြားတွေ အစားထိုးသုံးဖြစ်ခဲ့ရင် နောင်ဆို မြန်မာရွှေင်္ဒဂါးတွေဟာ မြန်မာငွေကြေးအဖြစ် ပြောင်းလဲနိုင်တော့ ငွေတန်ဖိုး ဘယ်တော့မှ မကျတော့ပဲ ရွှေပေါင်ရှိတဲ့ တန်ဖိုးရှိတဲ့ ငွေကြေးဖြစ်လာနိုင်တယ်။ ငွေစက္ကူအသစ် ငါးသောင်းတန်၊ တသိန်း တန် ရိုက်ထုတ်ရတာ ကြာတော့ ရွှေတကျပ်သား သိန်း ၃၀ သတ်မှတ်ပြီး ငွေစက္ကူသစ် သိန်း ၃၀ တန် ရိုက်ထုတ်လိုက်သလိုပါပဲ။

ရွှေဒင်္ဂါး နောက်ဆွဲတွဲ ဂျင်းတခုက ရုရှားက ရွှေတွေကို နိုင်ငံတကာက ပိတ်ပင်ထားလို့ မြန်မာမှာ % နှုန်း လျှော့ပေးပြီး လာရောင်းပေးမယ်ဆိုတဲ့ ဂျင်းပဲ။ စိလုတ် အိန္ဒိယ ဒေါ်လာအမြောက်အမြားပိုင်တဲ့ နိုင်ငံတွေကို ကျော်ပြီး ဒေါ်လာ ဝင်တာထက် အထွက်များနေတဲ့ တိုင်းပြည်ဆီ ရွှေလာရောင်းပြီး ရွှေစျေးကျအောင် လုပ်မယ်ဆိုတဲ့ အချက်ပဲ။

ရုရှား လိုနေတာ မြန်မာကျပ်ငွေမဟုတ်ပဲ ဒေါ်လာလိုမျိုး နိုင်ငံခြားငွေဆိုတာ သိဖို့ လိုတယ်။ ရွှေသွင်းလာလို့ လက်ထဲ ဒေါ်လာကိုင်ထားတဲ့သူတွေက ဒေါ်လာစျေးတွေကို အရှုံးခံရောင်းပြီး ရွှေတွေ ပြေးဝယ်မယ်ဆိုတဲ့ ဂျင်းနဲ့ ဒေါ်လာတွေ စျေးကွက်က သိမ်းမယ်ကြံထားတယ်၊

အခုတောင် ဒေါ်လာလိုအပ်ချက်က များသထက်များတဲ့ ဝယ်လိုအားဖြစ်နေတာ။ ရုရှားရွှေဝယ်ဖို့ ဒေါ်လာ လိုအပ်မှုက များလာတဲ့အခါမှာ ဒေါ်လာစျေးက တဒေါ်လာ 10000 အမြန်ဆုံးကို ရောက်သွားမှာ။ စီးပွါးရေးသဘောနားမလည်ပဲ မြန်မာကျပ်ငွေတန်ဖိုးမကျကျအောင် ကောလဟလတွေနဲ့ ဂျင်းထည့် လုပ်နေလို့ကတော့ ကုန်စျေးနှုန်းတွေ ပိုတက်ပြီး ပြည်သူတွေ ပိုဆင်းရဲဒုက္ခရောက်ဖို့ပဲ ရှိတယ်။

ပြည်တွင်းထွက် ရွှေတွေ ဘုရားရွှေတွေခွါ ရောင်းရင်တော့ တိုင်းတပါးက ဝယ်ရတဲ့ ဒေါ်လာတွေ ရုရှားဆီ မရောက်လို့ အချိန်တိုအထိ ရွှေရှိသလောက် ထိန်းထားနိုင်ပေမယ့် ရုရှားရွှေတွေ သွင်းလာပြီး ရွှေစျေးကျဖို့ ဒေါ်လာစျေးကျဖို့ လုပ်တယ်ဆိုရင်တော့ ထမင်းလွတ် ရူးနေကြပြီး ပြည်သူအပေါ် တမင် ဆင်းရဲတွင်းနက်အောင် လုပ်နေတာပဲ။ (Aung Kyaw Oo)

Leave a Reply

Your email address will not be published.

x

You cannot copy content of this page