မြန်မာပြည်က ဘုန်းကြီးတွေ မဟောတဲ့ ဝိသာခါကျောင်းအမကြီးရဲ့ အကြောင်းအရာ ဖြစ်ရပ်တခု
ဝိသာခါ ကျောင်းအမ ဆိုတာ ဗုဒ္ဓသာသနာ နဲ့ ပတ်သတ်တိုင်းမှာ အမြဲတွဲလျက် ထည့်သွင်းပြောရတဲ့ သူ ။ ဒါပေမဲ့ ထေရဝါဒ ဗုဒ္ဓဘာသာဝင် ဘုန်းကြီးတွေက ဝိသာခါ အကြောင်းဟောရင် ဘယ်လောက် လှူကြောင်း ဘယ်လိုလှူကြောင်း သံဃာတွေကို ဘယ်လောက် ထောက်ပံ့ကြောင်းပဲ ဟောတာများတယ် ၊ ဒါမှလည်း အလှူခံဖလားပြည့် တရားပွဲအပြန် အူစို မှာကိုး ။
ဒါပေမဲ့ တော်တော်များများ မဟောပဲ ချန်ထားတတ်တာက ဝိသာခါ ကျောင်းအမကြီးရဲ့ ရဟန်းတွေအပေါ် အမေလို အမလို ဆုံးမ ဝေဖန်ပြီး ထိမ်းကျောင်း တတ်တဲ့စရိုက်ပဲ။
ဒါဟောလို့လည်း မဖြစ်ဘူးလေ သိတယ်မှတ်လား ထေရဝါဒက ထေကြီးဝါကြီးတွေက သူတို့ပဲ ဆရာလုပ် ဆုံးမဩဝါဒချွေမယ်ဆိုတဲ့ oneway method ပဲ သွားတယ် ၊ သူတို့ကို မေးခွန်းထုတ် ပြုပြင် ဆုံးမမဲ့သူဆိုရင် …. “သမီးဘုန်းကြီးဝတ်ဘူးလား”ဘာညာဖြစ်ကုန်ရော ။
တစ်ခါက ဝိသာခါကို မင်္ဂလာဆောင် တစ်ခုက ဖိတ်လို့ အသွားမှာ ဥဒါယီ ရဟန်းဟာ အခန်းတစ်ခုထဲမှာ သတို့သမီးနဲ့ နှစ်ယောက်ထဲ တော်ကီဖုတ်နေခဲ့ဘူးတယ် …
ဒါကို ဝိသာခါမြင်တော့ ရဟန်းကို ဒဲ့ပြောတာ “အရှင်ဘုရား မာတုဂါမ နဲ့ နှစ်ယောက်ထဲ ဖောင်းဒိုင်းလို့ရတဲ့နေရာမှာ နေနေတာ မသင့်တော်ပါဘူး ၊ အရှင်ဘုရားတို့က ရိုးရိုးသားသားစကားပြောနေပါတယ်ဆိုရင်လည်း လူတွေက ယုံမှာမဟုတ်ဘူး” ဆိုပြီး ဒဲ့ကောခဲ့ဘူးပါတယ် ။
ဒါပေမဲ့ ဥဒါယီ ကလည်း “သမီးဘုန်းကြီးဝတ်ဘူးလား” တွေဘာတွေ စိတ်ထဲက တွေးတယ်ထင်ပါတယ်၊ ဝိသာခါ ပြောတာကို ဂရုမစိုက်ဘူးတဲ့ ၊
ဒီတော့ ဝိသာခါကလည်း “ဟုတ်ကဲ့ ဘုန်းဘုန်း”ဆိုပြီး မိုက်ပြန်ပေးပြီး ကုတ်ကုတ်လေး မထိုင်လိုက်ပါဘူး ၊ လမ်းပေါ်ထွက်ပြီး တွေ့သမျှရဟန်းကို ဥဒါယီဟာ မာတုဂါမနဲ တစ်ခန်းထဲမှာ နှစ်ယောက်ထဲ နေနေပါတယ်ဆိုပြီး ဘုတ်လုပ်တာပဲ ။
ဒီလိုနဲ့ ဘုရားရှင်ထံ ဒီကိစ္စ ရောက်တော့မှ ဘုရားရှင်မှာလည်း သိက္ခာပုဒ်ပညတ်တော်မူပါတယ် ။ ဒီတော့ ပြောချင်တာက ထေကြီးတွေကတော့ ဥဒါယီလိုပဲ “သမီးဘုန်းကြီးဝတ်ဘူးလား” တွေ “သူများကို ကောင်းစေချင်တာလား သက်သက်မဲ့ အပြစ်တင်တာလား”တွေနဲ့ ခံပက်မှာပါပဲ ကိုယ်တို့ လူငယ်တွေကသာ မိုက်ပေးပြီး ပြန်မထိုင်ပဲ ၊ ဝိသာခါကျောင်းအမလို အော်ချက် ရဲရဲကြီးလုပ်ဖို့သာလိုပါတယ်။
ဂျင်းတရားတွေ ညဘက်သုပ်စားလိုက်ပါ လေကြေတာပေါ့
ကျမ်းကိုး ။ ။ပထမ အနိယတသိက္ခာပုဒ် ၊ ဝိနည်းပိဋက၊ ပါရာဇိကဏ်ပါဠိတော်မြန်မာပြန်။