ရွှေမြန်မာတွေ ဖျားနာရင် အမြဲသောက်နေကျ ပါရာစီတမောနဲ့ တွဲသောက်ရန် မသင့်တဲ့ အစားအစာများ
ပါရာစီတမောနဲ့ တွဲသောက်ရန်မသင့်သော အစားအသောက်အချို့ကို အများသိရှိရလေအောင် ထပ်မံမျှဝေလိုက်ပါတယ်။
၁။ ပါရာစီတမောကို ကိုကာကိုလာ၊ ပက်ပစီ စတဲ့ ဂတ်စ်ပါတဲ့ အရာများနဲ့ အချဉ်ဓါတ်ပါသော အစားအစာများနဲ့ တွဲမသောက်သင့်ပါဘူး။
၂။ ပါရာစီတမောကို ကဖင်းဓါတ်ပါတဲ့ အစားအသောက်များနဲ့ တွဲပြီး မသောက်သင့်ပါဘူး။ တကယ်လို့ သောက်မိလျှင်လည်း တစ်နေ့ကို (၂)လုံးထက် ပိုသောက်မိလျှင် အန္တရာယ်ရှိပါတယ်။
၃။ ပါရာစီတမောဟာ အရက်၊ ဘီယာ စတာတွေတို့နဲ့လည်း မတည့်ပါဘူး။
၄။ ပါရာစီတမောကို အခြားပါရာဆေးပါတဲ့ ဒီကိုလ်ဂျင် တို့လိုဆေးနဲ့ တွဲမသောက်သင့်ပါဘူး။
၅။ ပါရာစီတမောကို တခါသောက်ရင် အနည်းဆုံး (၄)နာရီခြားသင့်ပါတယ်။ (၂၄) နာရီအတွင်း ၅၀၀ မီလီဂရမ် (၈) လုံးထက် ပိုသောက်မိလျှင်အန္တရာယ်ရှိပါတယ်။
၆။ ပါရာစီတမောကို(အခြားအချိုရေ၊ အချဉ် စတဲ့အထက်က ဖော်ပြခဲ့တာတွေနဲ့ရေ ာမသောက်သော်လည်းပဲ) အလွန်အကျွံ သောက်မိလျှင် ကျောက်ကပ်နဲ့ အသည်း ပျက်စီးတတ်ပါတယ်။
ပါရာစီတမောတင်မကပဲ အကိုက်အခဲပျောက်ဆေးများနဲ့ အင်္ဂလိပ်ဆေး တော်တော်များများဟာ ဂတ်စ်ပါတဲ့ အချိုရေများ၊ အချဉ်ဓါတ်ပါတဲ့ အရာများနဲ့ တွဲမသောက်သင့်ပါဘူး။ ရိုးရိုးရေနဲ့သောက်ရင် အကောင်းဆုံးပါ။
ပါရာစီတမောလ်ဆေးဟာ မြန်မာပြည်သူပြည်သားများ အများဆုံးသောက်သုံးနေသည့် ဆေးတစ်မျိုးဖြစ်သည့်အတွက် မသိသေးသူများအတွက် အသိပေးခြင်းဖြစ်သလို သိပြီးသူများအတွက်လည်း သတိပေးရင်း မျှဝေလိုက်ရပါတယ်။
ပို၍ တတ်သိနားလည်သူများလည်း လိုအပ်မှုများ၊ မှားယွင်းမှုများ ရှိနေပါက ထပ်မံဖြည့်စွပ်မျှဝေပေးနိုင်ပါတယ်။ အသက်ကို ဉာဏ်စောင့်ဆိုသလို ကိုယ့်အသက်ကို ကိုယ်ပိုင်ဉာဏ်ဖြင့်ဆင်ခြင်ပြီး လူသားတိုင်း ကျန်းမာစွာ အသက်ရှည်နိုင်ကြပါစေ။