ကမ္ဘာ့စံချိန်တင် အတိုးနှုန်းတွေနဲ့ ဆင်းရဲတွင်းထဲကနေ ဘယ်တော့မှ မထွက်နိုင်တဲ့ မြန်မာ့လယ်သမားကြီးများ

နယူးဇီလန်က သူ့နိင်ငံ စားဖို့ ထက်ပိုပြီးစပါးစိုက်ရင် ဖမ်းတယ် ဒဏ်ရိုက်တယ်သဘာဝပတ်ဝန်းကျင် ထိခိုက်လို့တဲ့

မလေးရှားမှာ စိုက်ပျိုးရေးလုပ်ရင် အစိုးရက လမ်းဖောက်ပေးတယ် မီးသွယ်ပေးတယ် မျိုးစေ့ကုမ္ပဏီက မျိုးစေ့ လါရောင်းပေးတယ် အါမခံတယ်မြေ ဩဇာကုမ္ပဏီက မြေစမ်းတယ် ဘယ်မြေဩဇာ သုံးသင့်လည်း တာဝန်ယူပေးတယ် ဆေးကုမ္ပဏီ ကဆေး သေချာအါမခံ ရောင်းပေးတယ် ထွက်နူန်း ပိုး ပြောတဲ့အတိုင်းမဖြစ်ရင်ပေးစရာမလို ဘူး။နောက်ယန္တယား ကုမ္ပနီ ကလည်းလါထွန်ယက်ပေးတယ် ‌ဈေးလား အစိုးရက တာဝန်ယူပေးထားတယ်အလုံးစုံ။

ထိုင်း မကြည့်နဲ့ လယ်သမားက ကား ဆိုင်ကယ်တဝီဝီနဲ့ ထွန်ယက်ချိန် ထွန်စက် စိုက်ချိန် စိုက်စက်နဲ့ရိတ်သိမ်းချိန် ရိတ်စက် အခြောက်ခံစက် နဲ့ ဈေး ထိုင်းက တစ်ကမ္ဘာလုံး နဲ့ချိတ်ထားပြီးသား ဈေးနူန်းကပုံသေတွက်ပြီးသား ထိုင်းဆန်က ဒေါ်လါ ၄၀၀ကျော်လောက်ရနေချိန်မှာ ကျုပ်တို့ ဗမာဆန်က ၃၀၀ကျော် တစ်တန်ကို ဘယ်လောက်ကွာနေလဲစဉ်းစားပေါ့ အဲ့ဈေးတောင်ခု ဝယ်လက်မရှိလို့ပြည်တွင်းမှာပုံနေတယ်

ပြောချင်တာကတော့အများကြီးပေါ့ဗျာ။ ဒါပေမယ့်အခု ထိုင်းနဲ့မြန်မာ ကုန်သည်ပွဲစားတွေအကြောင်းအနည်းငယ် ပြောခဲ့မယ်။

ထိုင်းမှာက လယ်မလုပ်သူက စပါးမလှောင်ရဘူး ဥပဒေထုတ်အရေးယူဖမ်းတယ် ဝန်ကြီးချုပ် သက်ဆင်နဲ့ သူ့ညီမ ယင်လတ်တို့ ဆိုတာ ဆန်စပါးကိစ္စ မှာ ဝင်ရှုပ်ခဲ့ကြလို့ အါဏာသိမ်းဝရမ်းထုတ်ခံခဲ့ရတာ ဒါကဝန်ကြီးချုပ်တွေနော် အရပ်သား အတိုးပေး စပါးဝယ် ကုန်သည် ပွဲစား စက်ပိုင်လောက်တော့ စဉ်းစားကြည့်ပေါ့ဗျာ။

ကျုပ်တို့ဆီကကောင်တွေက အတိုးပေးတယ် ကမ္ဘာမှာဘယ်မှာမှ မရှိတဲ့ အတိုးနူန်းနဲ့ နိင်ငံခြားသားနဲ့ ကျုပ်စကားပြောတော့ သူက မင်းတို့ဆီမှာ အတိုးနူန်းဘယ်လောက်ရှိ လဲမေးတော့ ပြောပြတော့ သူက oh! amazing အံ့ ဩသွားတယ် you တို့မြန်မာတွေ လူတွေမှဟုတ်ရဲ့လားတဲ့ ဘာလို့လဲဆိုတော့ ဒီအတိုးနဲ့ ဘယ်လူဖြစ်တော့မလဲတဲ့

သူက သူတို့ဆီမှာ သိန်းတစ်ရာ ချေးမှ ၁၂လကို အတိုး ၂သိန်း ပဲပေးရတာတဲ့ မင်းတို့ဆီမှာ ဘာမှအါမခံချက်မရှိ ထုတ်ကုန်ဈေးနူန်းက ငရဲပြည်မှာကိုယ်ဝယ်သုံးနေတဲ့ပစ္စည်းနဲ့ ကိုယ်ယူထားတဲ့အတိုးကတ ာဝတိံသာမှာ ကျိန်းသေတက်နေတာ ပြီးတော့ အတိုးက ကမ္ဘာမှာ တစ်ခါမှမကြားဖူးဘူးတဲ့ အတိုးအရမ်းကြီးတယ်တဲ့

အရပ်အခေါ် ၆ကျပ်တိုးဆိုတာ သိန်း၁၀၀ချေးရင် ၁၂လကြာရင်၇၂သိန်းပေးရမှာ တဲ့ နိင်ငံခြားမှာ အတိုး၂သိန်းတောင်မကိုက်ဘူးတဲ့ယူတဲ့လူက မင်းတို့လူမျိုးတွေဆင်းရဲနေတာ အတိုးကြောင့်ပဲလို့ပြောသွားတယ်။ ဆန်စပါးမှ မဟုတ်ဘူးနော် တခြားသီးနှံတွေအားလုံးလည်း ခေါင်းပုံဖြတ်ကုန်သည်ပွဲစားပွဲရုံအလွှာကို နိုင်ငံတကာနည်းတူအောင်ဖယ်ရှားပြီး စျေးကွက်နဲ့တိုက်ရိုက်ချိတ်ဆက်မပေးနိုင်သ၍ မြန်မာနိုင်ငံရဲ့လူများစုကြီးဖြစ်တဲ့လယ်သမားထုဟာ လူမွှေးလူတောင်ပြောင်မှာမဟုတ်ဘူး။

အတိုးနူန်းချရင် ငွေကြေးဖောင်းပွမယ် ဆိုသူကရှိသေး သီအိုရီကြောက်ရောဂါ အစိုးရ ပြည်သူ လုပ်ငန်းရှင် လယ်သမားတွေလက်ထဲငွေမရှိပဲ ? ဘယ်ကလါ ဖောင်းပွမလဲ ကျုပ်တို့ရဲ့ နိင်ငံက စိုက်ပျိုးရေးမွေးမြူရေးလုပ်နေသူတွေဟာ ထမင်းမစားပဲရေသောက်ပြီး စိုက်ပျိုးမွေးမြူပေးနေရမှာလါး?

တစ်ခါတလေသီအိုရီတွေဆိုတာ ဟာသ‌တွေ အတိုးပေးစားတဲ့လူတွေနောင်ဘဝ လူမဖြစ် နိင်တော့ဘူးတဲ့ ကျုပ်စိတ်မကောင်းဘူး ကျုပ်တို့လူမျိုးတွေအတွက် နိင်ငံတစ်ကာက_အတိုးနူန်း ၂ % တောင်ဆန္ဒပြနေချိန်မှာ ကျုပ်တို့နိင်ငံသားတွေရဲ့ အတိုးနူန်းက % အများကြီးနဲ့ ကျုပ်တို့ဟာ နည်းပညာရှိယုံနဲ့မရ‌တော့ဘူးလေ ငွေမရှိပဲ ကမ္ဘာကို ဘယ်လိုမှမယှဉ်ပြိုင်နိင်ပါဘူး။

မြန်မာမှာက အတိုးရာခိုင်နူန်းအများကြီးနဲ့ပေးစားနေသူတွေက အလုပ်မလုပ်ကြတော့ဘူး အတိုးလေးနဲ့ ထိုင်စား လှူတန်း သူဌေးလုပ်နေကြတာဗျ မြန်မာမှာ အတိုးပေးစားသူ 1သိန်းမကရှိနေ ပါတယ် အဲ့လူတစ်သိန်းရဲ့ လုပ်အား ခ တွက်ကြည့်ဗျာ တစ်နေ့ 1သောင်းပဲထား 10000*100000 တစ်နေ့ ကို တစ်ဘီလီယံ ဖိုးလောက် လုပ်အားခ ဆုံးရူံးနေတယ်ဗျ ဒါလုပ်အားခ ပဲရှိသေး တယ်။

သူတို့ရဲ့ စိတ်ကူး ရင်းနှီး မြှုပ်နှံမှု တွေ ကနေ ဆုံးရူံးနေတာတွေမပါသေးဘူးနော်။ အခု ဆန်စပါးဈေးကျတယ်ဆိုတာကလည်း နိင်ငံခြားဝယ်လက်ထက်ပြည်တွင်းက ကုန်သည် ပွဲစား စက်ပိုင် ငွေတိုးပေးစားသမားတွေကြောင့် လို့ဆိုရင်ငြင်းနိင်မလား သူတို့က စပါးပေါ်ချိန် မှာ ဝယ်လှောင်ထား ရှားချိန်တက်ဈေးစောင့် ကြားထဲမှာ ပစ္စည်းပျက်ဈေးကွက်မှာ အရင်နှစ်တွေက နိင်ငံခြားကို ထွက်နေတော့ ဈေးကောင်းထားတော့ မျှော်လင့်ချက်နဲ့လှောင်ထားကြတာဆိုတော့

အမှန်က တစ်လကို ဥပမာ တန်ချိန် ၁သန်း ဈေးကွက်ဝယ်လိုအားရှိနေရဲ့သားနဲ့ တက်ဈေးစောင့်ပြီး ၃ လမှ စုပြုံ ထုတ်ကြတော့ တန်ချိန် ၃ သန်း ဘယ်မှာရောင်းမလဲ ဈေးကွက်က ဝယ်လိုအားက ၁သန်းပုံမှန်ရှိနေပေမယ့် ကြားထဲမှာမထုတ်ပဲ ၃ လ ၄လ လောက်မှ စုပြုံထုတ်လေတော့ ဦးနှောက်ရှိသူတွေဆို ပြောစရာမလိုတော့ပါ။

အခု မြန်မာပြည်ရဲ့ အစိုးရ၊ ဝန်ထမ်း၊ ကုန်သည်၊ ပွဲစား၊ ငွေတိုးသမား၊ ခရိုနီ တွေဟာ ကျောက်ခေတ်အတွေးအခေါ် ခလေးအထာတွေနဲ့ လုပ်စားနေကြတာပါ နိင်ငံတကာ အမြင်လည်းမရှိ ကိုယ့်နိင်ငံလူမျိူး တိုးတက်စေချင်တဲ့ စေတနာ ကလည်း မူးလို့တောင်ရူစရာမရှိပါ။ ကုန်သည် ပွဲစား စက်ပိုင် ငွေတိုးသမား ကုမ္ပဏီ ခရိုနီ တွေဟာ လူကမွေး ခွေး‌ချီးပါနေကြောင်းပါ။

အညာကလူ

Leave a Reply

Your email address will not be published. Required fields are marked *

x

You cannot copy content of this page