ဇင်ယော်စာ ရောင်းတဲ့ အသက် (၇၅) နှစ်အရွယ် အဘွား အိမ်စောစော ပြန်ရတော့မယ် (ဝမ်းသာစရာပါပဲဗျာ)
ခုမှ ဇင်ယော်စာ ခင်းတာ…ခု အိမ်ပြန်ရပြီ
အဖွား အသက်(၇၅)နှစ် မြေးလေးနှင့်အတူ ဒလဘက် ကျူးကျော်တဲမှာ နေပါတယ် ဗိုလ်တထောင်ကမ်းနားမှာ ဇင်ယော် အစာ ဘယာကြော်လုံးလေးတွေ ရောင်းပါတယ်
သားသမီးတွေ ရှိပေမဲ့…အဖွားမှ အားနာလို့ ကိုယ့်ဘာသာ ရှာဖွေ စားသောက်ပါတယ် အဖွား ဘယ်လို ရောင်းတုန်း သား တခြင်း (၁)ထောင်ပါ သား ဟုတ် အဖွား…ဒါတွေ အကုန်ဆို ဘယ်လောက်ကျမလဲ မသိဘူးနော်…(အဖွား နည်းနည်း စဉ်းစားသွားတယ်)
သားရယ် အဖွားကို (၂)သောင်းပဲ ပေးပါ သားရယ်…အဖွား အရင်းတိုင်းပဲ ရောင်းပါ့မယ်။ ဟုတ် အဖွား (၂)သောင်းနော်… ဟုတ်တယ် သား အဲ့လောက်ပဲ ပေးပါနော်… အဖွား ဒါတွေ ရောင်းကုန်ရင် ပြန်ပီပေါ့??
ပြန်မရသေးပါဘူး သားရယ်…အဖွား ဘယာကြော်ဖိုးတွေ သွားသွင်းရမယ်လေ…အဖွား အကြွေးနဲ့ ယူရောင်းတာပါ။
အော…ဟုတ် အဖွား….ရော့ ၇၀၀၀၀ အမ်…သား ပေးတာတွေ အရမ်းများပြီ ပိုနေတယ်…(၂)သောင်းပဲ ကျတာလေ သား ဟုတ် အဖွား ပိုတာ အဖွားကြိုက်တာ သုံးဗျာ
ဟာ…ဝမ်းသာလိုက်တာ…အဖွား လှူချင်တာလေး ရှိတယ်…အဖွား လှူလို့ရပြီ…အဖွား စားဖို့လေး နည်းနည်းဖယ်ပြီ ကျန်တာ အကုန်လှူမယ် သားရာ
ခုပဲ စျေးခင်းတာ…ခုပဲ အဖွား ပြန်ရပြီပေါ့လေ အဖွား ပျော်လိုက်တာ…တကယ့်ကို အများကြီး ပေးသွားတာပဲ သားရယ် ဟုတ် ရပါတယ် အဖွားရယ်…အဖွား လှူချင်တာ စိတ်ကြိုက်လှူနော်…. ပြီတော့…သားက ဒီဇင်ယော်စာတွေလဲ မယူဘူး…အဖွားနဲ့ ထားခဲ့မှာ…..အဖွားကို အိမ်စောစော ပြန်နားစေချင်လို့ပါ…သားထားခဲ့တာတွေ မနက်ဖြန် အရင်းနှီးမလိုတော့ဘူးပေါ့
ဟာ…ဇင်ယော်တွေ ပင်လယ်ထဲမပြန်ခင်…အဖွားပြန်ရပြီ…ပျော်လိုက်တာ သားရယ် ဟုတ် အဖွား…အဖွားပျော်တော့ သားလဲ ပျော်ပါတယ် သားရယ်…အဖွားက ညစ်ပတ်နေတာ…သား ပေကုန်ပါမယ် (အဖွားကို ဖက်ထားတော့)
ဘာမှ မဖြစ်ဘူး အဖွား…ညစ်ပတ်လဲ လူပဲ အဖွား…သန့်ရှင်းလဲ လူပါပဲ…လူဟာ လူပါပဲ အဖွားရာ ဝမ်းသာလိုက်တာ…အဖွား ဒီနေ့ စောစောပြန်ရပြီ ဟုတ် အဖွား…ဂရုစိုက်ပြီ ပြန်နော်
(ကျနော်တို့နှင့်အတူ ပူးပေါင်းပါဝင်လှူဒါန်းပေးကြသော (၇)ရက်သားသမီးများအား အဖွားကိုယ်စား ကျေးဇူးတင်ပါတယ်ဗျ)
ဪ…ဒီနေ့ အဖွား အပြုံး အလှဆုံး ဆင်းရဲနွမ်းပါး အဖိုးအဖွားများအတွက် အတူအကွ ပူးပေါင်း ကူညီလှူဒါန်းလိုပါက
ကိုပူတူးနှင့်ဘော်ဒါများ