နှာရည်ယို၊ နှာမွှန်၊ နှာပိတ် (ထိပ်ကပ်နာ) အတွက် နတ်ဆေးတမျှ အစွမ်းထက်လှတဲ့ သဘာဝဆေး
နတ်ဆေးတမျှ အစွမ်းထက်လှတဲ့ နှာရည်ယို၊နှာမွှန်၊နှာပိတ် (ထိပ်ကပ်နာ)ရောဂါအတွက် ခရေစေ့ (မူရင်းတင်သူကို ကျေးဇူးတင် လွန်းလို့ မျှဝေပါသည်)
လွန်ခဲ့တဲ့ ၃/၄ လခန့်ကစပြီး နှာမွှန်ရောဂါ စွဲကပ်လာပါတယ်။ အိပ်ယာထချိန် နံက်အစောပိုင်းဆို အတော်လေးမွှန်ပါသည်။ မနားမနေကိုနှာချေပါသည်။
အင်္ဂလိပ်ဆေး { စီထရင်း (သိုမဟုတ်)ဘာမီတွန်} သောက်ရင် ပျောက်ပါသည်။ ဆေးအာနိသင်ကုန်တာနှင့် ပြန်ဖြစ်ပါတော့သည်။ တကယ်မွှန်တဲ့နေ့ဆို စွတ်ကြယ်ဂျိုင်းပြတ်အင်္ကျီ ၃ ထည်လောက် နှာရည်ညှစ်ဖို့ ဆောင်ထားရပါသည်။
တရားထိုင်ချိန်၊ တရားမှတ်ချိန်ဆို နှာရည်တွေ တောက်တောက် တောက်တောက်နဲ့ အောက်ကိုစီးကျနေလောက်အောင်ကို မွှန်ပါတယ်။ အနံဆိုးများတော့ မထွက်သေးပါ။ လွန်ခဲ့တဲ့ ၃ လခန့်က fb ပေါ်မှာ ဦးဇင်းတစ်ပါးတင် ထားတဲ့ ပိုစ်လေးတစ်ခု ဖတ်ရပါသည်။
သူ ၁၄ နှစ်တိုင်တိုင် ငွေသိန်းချီကုန်ပြီး အင်္ဂလိပ်ဆေးနဲ့ ကုသလို့မပျောက်တဲ့ နှာမွှန်ရောဂါကို ခရေစေ့ကိုသွေးလိမ်း၊ ခရေစေ့ကို မီးဖုတ်၊ မီးဖုတ်ထားတဲ့အစေ့ကို ငရုပ်ဆုံမှာ ညက်အောင်ထောင်းပြီး အုန်းဆီစစ်စစ်လေးနဲ့ ငယ်ထိပ်ပေါ် လိမ်းတာ ၃ ရက်နဲ့ ပျောက်တယ်လို့ တင်ထားတာတွေ့တာနဲ့
ခရေသီးမှည့်ချိန် (အခုအချိန်) ကြုံတာနဲ့ ခရေသီးအမှည့်ထဲက အစေ့ကို သွေးပြီး ညအိပ်ယာဝင်ချိန် နှာခေါင်းမှာ နှာတံဆွဲသလို လိမ်း၊ နှာဖူးထိပ် (မျက်ခုံးရိုး ၂ ခုကြား)မှာ လိမ်းပြီး ခြောက်တော့ အိပ်ယာဝင်တာ နံက် (တစ်ကြိမ်တည်း လိမ်းရုံ) ထူးထူးခြားခြားကို (၉၀ ရာခိုင်နှုံး)ခန့် သက်သာပျောက်ကင်းနေတာ အံသြဖွယ်တွေ့ရပါတယ်။
အခုစာရေးနေချိန်မှာ ဆေးလိမ်းချိန် ၁ ရက်နဲ့ တမွန်းတက်သာရှိသေးချိန်မှာ ၉၅ ရာခိုင်နှုံးခန့် ပျောက်ကင်းနေပါပြီ။ (မီးဖုတ်လို့ ထောင်းပြီး အုန်းဆီနှ့င် ငယ်ထိပ်ကိုမလိမ်းဖြစ်ပါ)
ကျတော်ရဲ့ သူငယ်ချင်းမိတ်ဆွေများ နှာမွှန်၊နှာပိတ် (ထိပ်ကပ်နာ) ဖြစ်ခဲ့လို့ စိတ်ညစ်နေခဲ့ရင် ငွေကုန်ကြေးကျ မရှိတဲ့ ခရေစေ့လေးသာ သွေးလိမ်းကြည့်ကြပါလို့ ကိုယ်ပျောက်ခဲ့တာလေးကို ဝမ်းသာအားရ မျှဝေပါရစေ။
မှတ်ချက်။ စိတ်ပျက်စရာ နှာမွှန်ရောဂါကို ကျတော်လိုပဲ ပျောက်ကင်းစေချင်တဲ့ စေတနာ တစ်ခုတည်းနှင့်သာ မျှဝေခြင်း ဖြစ်ပါသည်။
ကို သက်