စာသင်ခန်းထဲက ပြုံးချင်စရာ ဓာတ်ပုံများ (ငယ်ငယ်တုန်းက အဲဒီလို လုပ်ဖူးကြတယ်မလား)
စာသင်ခန်းထဲမှာ အပျင်းဆုံးကတော့ ကျောင်းသားတွေပါလို့ ပြောရင် မမှားပါဘူးနော်။ ၄၅ မိနစ် တချိန်ပဲ ဖြစ်ဖြစ်၊ တနာရီခွဲ တချိန်ပဲ ဖြစ်ဖြစ် နောက်ဆုံး ၁၅ မိနစ် လောက်ပဲ သင်ရင်တောင် ပျင်းတာကိုတော့ တားဆီးလို့ မရပါဘူး။
စာသင်ရင်း ပျင်းလာရင် ရှေ့က ဆရာမ မသိအောင် ပေါက်ကရ မျိုးစုံကိုလည်း ကျောင်းသားတွေက လုပ်လေ့ ရှိပါတယ်။ မုန့်ခိုးစားတာ၊ ဂဏန်းပေါင်းစက်နဲ့ ဖဲရိုက်တာ၊ စာနဲ့ ရေးပြီး အပြန်အလှန် စကားပြောတာကအစ ရှိသမျှ နည်းလမ်းပေါင်းစုံနဲ့ အပျင်းပြေအောင် ပြုလုပ်ကြပါတယ်။
အခု ဖော်ပြမယ့် ပုံတွေကတော့ ဗီယက်နမ်နိုင်ငံက ဖြစ်မယ်လို့ ထင်ပါတယ်။ ဘယ်နိုင်ငံကပဲ ဖြစ်ဖြစ် ကျောင်းသားဆိုတာက အားလုံး အတူတူပဲဆိုတဲ့အတိုင်း ရှေ့က ဆရာမ စာသင်နေတုန်းမှာ နောက်က ပေါက်ကရ လုပ်နေတဲ့ ပုံလေးတွေကို ဖော်ပြ လိုက်ပါတယ်။
(၁) မှင်ဖျက်ဆေး ဆရာမ
(၂) ဘောပင်အပြာ ဆရာမ
(၃) တစ်ရှူးထုပ် ဆရာမ
(၄) ပိုက်ဆံအိတ် ဆရာမ
(၅) ဂဏန်းပေါင်းစက် ဆရာမ
(၆) နှုတ်ခမ်းနီ ဆရာမ
(၇) သုံးမျိုးပေါင်း ဆရာမ
(၈) လိုင်းပင် ဆရာမ
(၉) သုံးရောင်ခြယ် ဆရာမ
(၁၀) ဖန်စီဘောပင် ဆရာမ
ရှေ့က စာသင်နေတဲ့ ဆရာမတွေရဲ့ အဝတ်အစားအရောင်တွေနဲ့ တထပ်တည်းတူတဲ့ ပစ္စည်းတွေ ရွေးချဘ်နိုင်တဲ့ ကျောင်းသားတွေရဲ့ ဟာသဉာဏ်ကတော့ လေးစားလောက်စရာပါပဲ။
ဒီပုံလေးတွေ ကြည့်ပြီး ဘဝအမောတွေ ခေတ္တ ပြေပျောက်နိုင်ကြပါစေဗျာ။