ဂျပန်မှာ ပြင်းအား ၉ ကျော် ငလျင်ကြီးလှုပ်မယ်ဆိုတဲ့ ကြေညာချက် နောက်ကွယ်က အကြောင်းရင်း

ဂျပန်မှာ ပြင်းအား ၉ ကျော်တဲ့ငလျင်လှုပ်မယ်ဆိုပြီး ရေးထားတာ ရှဲနေတာတွေ့တော့ သေချာလိုက်ဖတ်ကြည့်ကြည့်တယ်။

လှုပ်မယ်လို့ပြောတာမဟုတ်ပါဘူး။ လှုပ်နေကြ ဘယ်နားမှာ ငလျင်ဘယ်လောက်အားလှုပ်ရင် ဘယ်လိုတွေဖြစ်ပြီး ဘယ်လောက်သေနိုင်တယ်ဆိုတဲ့ scenario နောက်ဆက်တွဲဖြစ်နိုင်ချေတွက်ချက်ထားတာကို ကြေငြာတာပါ။

ဒီလို scenario မျိုးလုပ်တော့ ဘာများအကျိုးအမြတ်ရှိလို့လဲဆို ဒီကနေမှ သေဆုံးနိုင်ချေ ထိခိုက်နိုင်ချေလျော့အောင် အစိုးရအနေနဲ့ ဘယ်လိုကြိုလုပ်ပြင်ဆင်ရမလဲ ….

ပြည်သူတွေအနေနဲ့ ဒီလို ဖြစ်လာရင် သေဆုံးမှုလျော့နည်းအောင် ဘာတွေ ချက်ချင်းလုပ်ဆောင်ရမလဲ …. ဒါမျိုးတွေပြင်ထားလို့ရသွားတာမို့ တကယ်ကြုံလာရင် အထိအခိုက်နည်းစေတာပါ။

သူတို့ဆီမှာ ငလျင်ကြီးတွေ ခဏခဏလှုပ်တတ်လို့ အဲ့လိုမှ မပြင်ဆင်ထားရင် ရစရာမရှိအောင်ကို ဆုံးရှုံးတတ်လို့ အများကြီးကြိုလေ့လာ ကြိုလုပ်ထားတာမျိုး။

ဒီက ဥာဏ်နည်းတဲ့ကောင်တွေလို အပေါ်ကလဲ ပြည်သူတွေ အလန့်တကြားဖြစ်မယ် သတင်းမထုတ်နဲ့တို့၊ အောက်ကလဲ အဘတို့ဘုန်းကြောင့် အသေအပျောက်နည်းပါသည်ဘုရားဆိုပြီး စာရင်းဖျောင်တာတို့နဲ့ တကယ့်မှ ပြဒါးတစ်လမ်းသံတစ်လမ်း။

Kyaw Kyaw Sai

Leave a Reply

Your email address will not be published.

x

You cannot copy content of this page