ယနေ့ည မြန်မာပြည် ကောင်းကင်ယံမှာ မြင်လိုက်ရတဲ့ ထူးဆန်းတဲ့ အရာဝတ္ထုရဲ့ အကြောင်းရင်းအမှန်
ယနေ့ည ၇ နာရီခွဲလောက်က မြန်မာ့ကောင်းကင်ပြင်မှာ ထူးဆန်းတဲ့ အရာဝတ္ထုတခု ဖြတ်သန်းသွားတာ ပြည်သူအများအပြား မြင်တွေ့ခဲ့ရပါတယ်။
အရာဝတ္ထုနဲ့ ပတ်သက်ပြီး ထင်ကြေး အမျိုးမျိုး ပေးနေကြပါတယ်။ ဒုံးပျံ၊ ကြယ်တံခွန် အစရှိသဖြင့် အငြင်းပွားနေကြတာ ဖြစ်ပါတယ်။
အဲဒီ ထူးဆန်းတဲ့ အရာဝတ္ထုနဲ့ ပတ်သက်တဲ့ အကြောင်းကို မြန်မာနိုင်ငံ နက္ခဗေဒနဲ့ သိပ္ပံတက်ကြွလှုပ်ရှားမှုများ အသိုက်အဝန်းပေ့ ကနေ ဖော်ပြထားတဲ့ အကြောင်းကို ဆက်လက် ဖော်ပြ ပေးလိုက်ပါတယ်-
အခုညနေ ခုနှစ်နာရီခွဲလောက်က ကောင်းကင်မှာ ထူးခြားလင်းလက်ပြီး ရွေ့လျှားနေတဲ့ အရာဝတ္ထုကို ကျွန်တော်တို့ မြင်ခဲ့ကြရတဲ့သူတွေ မြန်မာနိုင်ငံ အနှံ့အပြားကနေ မေးမြန်းလာကြတာ ရှိပါတယ်။
တစ်ချို့က ဒရုန်းထင်လို့မေး၊ တစ်ချို့က ကြယ်တံခွန်ထင်လို့မေး၊ တစ်ချို့က ပန်းကန်ပြားပျံထင်လို့ မေးကြတာတွေ ရှိပါတယ်။
MASES အဖွဲ့သားများက ချက်ချင်း မှတ်တမ်းတင်နိုင်ခဲ့ ပါတယ်။ အဖြစ်နိုင်ဆုံးကတော့ James Webb Telescope ကြီးကိုတင်ဆောင်သွားတဲ့ Ariane 5 rocket ကြီးကို မြင်လိုက်ကြရတာ ဖြစ်မယ်လို့ ခန့်မှန်းကြပါတယ်။
ကဲ ဒီလောက်ဆိုရင်တော့ အငြင်းပွားနေကြတဲ့ သူတွေ အဖြေမှန်ကို ရလောက်ပြီ ထင်ပါတယ်။ တယ်လီစကုပ် မှန်ပြောင်းကြီးနဲ့ ပတ်သက်ပြီးတော့ အလျဉ်းသင့်ရင် ထပ်မံ တင်ပြသွားမှာ ဖြစ်ပါတယ်။