အရေပြား အထူးကုဆရာဝန်ကြီး ပြောတဲ့ ရေချိုးခန်းထဲက အန္တရာယ်ကောင် အကြောင်း (ဂရုစိုက်ကြပါ)
ဒေါက်တာဦးကျော်ကျော် အရေပြားအထူးကု ဆရာ၀န်ကြီး ရေးထားတဲ့ ရေချိုးခန်းထဲက အန္တရာယ်ကောင်
ဆပ်ပြာ၊ ခေါင်းလျှော်ရည်၊ သွားတိုက်ဆေး စတာတွေမှာ SLS ( Sodium Lauryl Sulphate) ဆိုတဲ့ ဓါတုပစ္စည်း ပါလေ့ရှိပါတယ်။
SLS ဆိုတဲ့ သူ့အစွမ်းက အမြှုပ်တွေ တစီစီထွက်စေတဲ့အပြင် အဆီတွေကို သန့်စင်ပေးနိုင်တာပါဘဲ.။ SLS ဟာ အဆီ ကြေးညှော်တွေ သန့်စင်ရုံမက အရေပြားထဲက အဆီတွေကိုပါ တိုက်စားပစ်နိုင်တာမို့ တကယ်တမ်းကျတော့ အမြှုပ်ထွက်တိုင်းမကောင်းပါဘူး.. သိပ် အန္တရာယ်ကြီးလှပါတယ်။
ဒါ့ပြင် အခန့်မသင့်ရင် အလာဂျီ ( Allergy) ဖြစ်တတ်ပါတယ်။ ဒီထက်ဆိုးတာက အမျိုးသမီးတွေဆိုရင် ရင်သားကင်ဆာ ဖြစ်နိုင်ပြီး အမျိုးသားဆိုရင်တော့ မျိုးမအောင်တာ ဖြစ်နိုင်တယ်လို့ ဆိုပါတယ်။
ဒီ SLS က ခန္ဓာကိုယ်ထဲ ၀င်သွားပြီးရင် ပြန်မထွက်တော့ပါဘူး။ ဒါ့ကြောင့် SLS ကို ရေချိုးခန်းထဲက အန္တရာယ်ကောင်လို့ ခေါ်ကြပါတယ်.. ဒါကြောင့် အခုနောက်ပိုင်း ဆပ်ပြာသွားတိုက်ဆေးခေါင်းလျှော်ရည်.. အလှပြင်ပစ္စည်း စတာတွေမှာ SLS Free ဆိုတဲ့ အာမခံစာတမ်းကို သုံးစွဲသူတွေ အန္တရာယ်ကင်းကင်းနဲ့ စိတ်ချစွာ အသုံးပြု ၀ယ်ယူနိုင်စေဖို့ ရေးထည့်ထားပေးကြပါတယ်။
မိမိသုံးမယ့် အသုံးအဆောင်ထဲက SLS ဟာ မိမိအတွက် ဘယ်ရွေ့ဘယ်မျှ အန္တရာယ်ရှိနေတယ်ဆိုတာ သိထားပြီးတဲ့နောက် ၀ယ်သုံးရတော့မယ်ဆိုရင် SLS Free ဆိုတဲ့ စာတမ်းလေးများ တွေ့လိုတွေ့ငြား သတိထားကြပါ။
ဒေါက်တာဦးကျော်ကျော် အရေပြားအထူးကု ဆရာ၀န်ကြီး