အမှောင်ဖုံးနေတဲ့ မြန်မာပြည် အနာဂတ်နဲ့ တနိုင်ငံလုံး မီးပျက်နေချိန်မှာတောင် လင်းနေတဲ့ သူတို့အိမ်တွေ

မီးပျက်သွားပြီ။ တစ်နိုင်ငံလုံး နီးပါးပါပဲ။ နေ​ပြည်တော်ပါပါတယ်။ ဒါပေမယ့် အကြမ်းဖက်စစ်အုပ်စု နဲ့ သူလက်ဝေခံ အိမ်တွေကတော့ မပျက်ကြပါဘူး ။

ဟုတ်ပါတယ်။ ဒါ မြန်မာနိုင်ငံ ရဲ့ အနာဂတ်ပါပဲ။ ဒီတော်လှန်​ရေး မအောင်ရင် ကျွန်တော်တို့ အားလုံး ရဲ့ ဘဝ တွေ အနာဂတ်တွေဟာ အခု အတိုင်း အမှောင် အတိပါပဲ ။

သူတို့ကတော့ ပေါ့ပေါ့လေးပါပဲ။ ဘာမှ တာဝန်ယူမှု တာဝန်ခံမှု မရှိပဲ System breakdown တဲ့ ။ ခင်ဗျားတို့ ဘာလို့လဲ မေးခွင့်မရှိပါဘူး။ လက်ခံရုံပါပဲ ။

အမှောင်ထဲမှာ ဘာတွေဖြစ်သွားကြလဲ။ ခင်ဗျားတို့ မသိလိုက်ကြပါဘူး။ လက်ခံရုံပါပဲ။ ဘယ်အချိန် မီးပြန်လာမှာလဲ မေးခွင့်မရှိဘူး။ လာမယ့် အချိန်စောင့်ရုံပါပဲ ။

ကျွန် ဆိုတာ အသိနဲ့ ပညာနဲ့ မဆိုင်ဘူး ။ စိတ်ဓာတ်နဲ့ ဆိုင်တယ်။ ဦးသန်းမြင့်ဦးလို လူမျိူးကိုကြည့်၊ ဦးအေးထွန်းလို လူမျိုးကိုကြည့်၊ နန်းစီဒီအမ်တွေကို ကြည့်၊ ကိုယ်ဘာလုပ်နေမှန်း မသိတဲ့ စစ်သားတွေကိုကြည့် ကျွန်ဘဝ တော့ မနေကြပါနဲ့ ။ ကျွန်ခံနေရမှန်းလဲ သိကြပါ နာတတ်ကြပါ ။

မီးပြန်လာရင် ဟေးလို့အော် အကုန်မေ့ပြီး လုပ်စရာ ရှိတာ ဆက်လုပ်ကြမယ့် နည်းနည်းမှ မနာတတ်တဲ့ အမှတ်မရှိတဲ့ စိတ်တွေလဲ ပြင်ကြပါ။

Aung Thu

Leave a Reply

Your email address will not be published. Required fields are marked *

x

You cannot copy content of this page