တညတည်းနဲ့ ဒေါ်လာ သန်း နှစ်သောင်းကိုးထောင် ဆုံးရှုံးခဲ့ရတဲ့ ဇူဇူ (ဘီလီယံနာအဆင့်တွေပါ လျှော့ကျသွား)

မက်တာ ကုမ္ပဏီရဲ့ ရှယ်ယာဈေး ၂၆ ရာခိုင်နှုန်း လျှော့ကျသွားပြီး အမေရိကန် ကုမ္ပဏီ တစ်ခု အတွက် တစ်ရက်တည်း အကြီးမားဆုံးဈေးကွက်တန်ဖိုး လျှော့ကျမှု အဖြစ် ကန်ဒေါ်လာ ၂၀၀ ဘီလီယံ လျှော့ကျ ခဲ့တာ ကြောင့် ကုမ္ပဏီ တည်ထောင်သူ အမှု ဆောင်အရာရှိချုပ် မက်ဇူကာဘက် တစ်ရက်တည်း ကန်ဒေါ်လာ ၂၉ ဘီလီယံ ဆုံးရှုံးလိုက်ရတယ်လို့ သိရပါတယ်။

အရင်က ဖေ့ဘုတ်လို့ လူတွေ သိထားခဲ့တဲ့ အဲဒီ နည်းပညာ ကုမ္ပဏီ ကြီးရဲ့ အစုရှယ်ယာ ၁၂ ဒသမ ၈ ရာ ခိုင်နှုန်း ကို ဇူကာဘက်က ပိုင်ဆိုင်ထားပါတယ်။

သူ့ရဲ့တစ်ရက်တည်း ကြွယ်ဝမှု အများအပြားလျှော့ကျ မှု ဟာ အကြီးမားဆုံး ဆုံးရှုံးရမှု တွေ ထဲမှာပါဝင်ပြီး နိုဝင် ဘာလ အတွင်း တက်စလာ ကုမ္ပဏီ ရဲ့ ထိပ်တန်း သူဌေး ကြီး အယ်လွန်မက်စ် တစ်ရက်တည်း ကန်ဒေါ်လာ ၃၅ ဘီလီယံ ဆုံးရှုံးခဲ့ရပြီးနောက် ဖြစ်ပေါ်ခဲ့တာဖြစ်ပါတယ်။

ကမ္ဘာ့ အချမ်းသာဆုံးပုဂ္ဂိုလ် ဖြစ်တဲ့ အယ်လွန်မက်စ် ဟာ သူ့ရဲ့ လျှပ်စစ်ကား ကုမ္ပဏီ ရဲ့ သူပိုင်တဲ့အစုရှယ်ယာ ၁၀ ရာခိုင်နှုန်း ကို ရောင်းသင့် မရောင်းသင့် အဲဒီ အချိန် က တွစ်တာ အသုံးပြုသူတွေ ကို စစ်တမ်းကောက် ခဲ့ပါတယ်။ ရောင်းထုတ်လိုက်တဲ့ ရလဒ်ကြောင့် တက်စလာ ရဲ့ ရှယ်ယာဈေး တွေ ပြန် တက်မလာ တော့ဘူး လို့ ဆိုပါတယ်။

တခြား လူမှုကွန်ယက်ပြိုင်ဖက်တွေနဲ့ အက်ပဲကုမ္ပဏီရဲ့ မူဝါဒချိန်းမှုတွေကြောင့် မက်တာကုမ္ပဏီအနေနဲ့ အခုလို ဆုံးရှုံးမှုတွေနဲ့ ရင်ဆိုင်ခဲ့ရတာလို့ ဇူကာဘက်က ပြောပါတယ်။ ကန်ဒေါ်လာ ၂၉ ဘီလီယံ ဆုံးရှုံးလိုက်ရပြီးနောက် မှာ ဇူကာဘက် ဟာ ကမ္ဘာ့ ထိပ်တန်း ဘီလျံနာ များစာရင်း ရဲ့ နံပါတ် ၁၂ နေရာ ကို လျှော့ကျသွားခဲ့ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *

x

You cannot copy content of this page