ထိုင်းကို သွားမယ့် ရွှေမြန်မာတွေ လတ်တလော မဖြစ်မနေ လိုအပ်တဲ့ အရေးကြီး စာရွက်စာတမ်းအကြောင်း

မနေ့က ဒွန်မောင်းလေဆိပ်မှာ မြန်မာနိုင်ငံကလိုက်ပါလာတဲ့ လူ ၁၈ ယောက်ဟာ ပြည်ဝင်ခွင့်မရပဲ ထိန်းသိမ်းခံလိုက်ရပါတယ်။ ညနေလေယာဉ်နဲ့ ဘန်ကောက် လာတာဖြစ်တဲ့အတွက် ညတွင်းခြင်းမြန်မာ ပြည်ပြန်လွတ်ဖို့ အဆင်မပြေလို့ လေဆိပ်မှာထိန်းသိမ်းခံရတာပါ။

သူတို့မှာ ရှိုးမန်းနီး တစ်ဦးလျှင် ဘတ် 28,000 နဲ့ အသွားအပြန်လေယာဉ်လက်မှတ်ပါပါတယ်။ ထိုင်းကိုအလည်လာကြတဲ့ လူငယ်လေးတွေဖြစ်ပြီး သန့်သန့်ပြန်ပြန့် ရည်ရည်မွန်မွန် ပုံစံလေးတွေပါပဲ။ သူတို့ ရဲ့ Error က ဟိုတယ်ဘိုကင် ကြိုတင်မလုပ်ခဲ့တာပြသနာပါ။ လေဆိပ်မှာ တန်းစီးပြီးထုံးစံအတိုင်း လဝက ဖြတ်တဲ့အခါမှာ လေဆိပ်လဝက မှ ဟိုတယ်ဘိုကင်အထောက်အထား တောင်းကြည့်ပါတယ်။ ဟိုတယ်ဘိုကင် အထောက် အထားမပြနိုင်တဲ့အတွက် ပြည်ဝင်ခွင့်မပေးတာလို့သိရပါတယ်။

အနီးနားမှာ ရှိတဲ့ မြန်မာလူမျိုးအချင်းချင်းရိုင်းပင်းတတ်တဲ့ညီမ တစ်ယောက်က ဟိုတယ်ဘိုကင်တစ်ညစာ ချက်ခြင်းပြုလုပ်ပေးပြီး ဟိုတယ် အထောက်အထားပြတဲ့အခါမှာလည်း မရပါဘူး။ ဟိုတယ်ကို လေယာဉ်လက်မှတ် အသွားအပြန်အတိအကျမပြတဲ့အတွက်လို့ ယူဆပါတယ်။ ဒါကြောင့် အားလုံးသတိရှိကြပါခင်ဗျာ။

ထိုင်းကိုလာမယ်ဆိုရင် ရှိုးမန်းနီး၊ ဟိုတယ်ဘွတ်ကင် အထောက်အထား၊ လေယဉ်လက်မှတ် အသွား/ အပြန်အတိအကျ ပြဖို့လို အပ်ပါတယ်။ ဖော်ပြပါအချက်အလက်များကို ဖြစ်နိုင်ရင် ဖုန်းထဲက ပြသခြင်းထက် Print out စာရွက်စာတမ်းထုတ်လာဖို့အကြံပြုပါတယ်။

၄င်းတို့ ယုံကြည်ရလောက်တဲ့ အနေအထားရှိတဲ့သူတွေကိုတော့ ရံဖန်ရံခါမှာ မမေးမစမ်းပဲ လွှတ်ပေးတတ်တာလည်းရှိပါတယ်။ မည်သို့ပင်ဆိုစေကာမူ ထိုင်း လာရင်မပေါ့ကြဖို့ အားလုံးကို သတိပေးတိုက်တွန်းလိုက်ပါတယ်။ (ဘန်ကောက်လမ်းညွန်ကိုစိုင်း)

Leave a Reply

Your email address will not be published. Required fields are marked *

x

You cannot copy content of this page