ရန်ကုန်တွင် မိန်းကလေးများ ဆက်တိုက်ပျောက်ဆုံးမှု ဖြစ်ပေါ်နေ (တိုက်ဆိုင်မှုလား၊ ထူးခြားမှုလား)

လတ်တလော နှစ်သစ်ကူး ကာလမှစ၍ ရန်ကုန်တွင် လူပျောက်ဆုံးမှုများ တဖြည်းဖြည်း များပြားလာတာကို တွေ့ရပါတယ်။

ခေတ်ကာလ မကောင်းတဲ့အထဲမှာ ယခုလို လူတွေ ပျောက်ဆုံးလာတာဟာ စိုးရိမ်စရာ အခြေအနေ ဖြစ်ပါတယ်။ ပျောက်ဆုံးသွားသူတွေကလည်း အမျိုးသမီးငယ်လေးတွေ ဖြစ်နေတာကလည်း ပိုထူးဆန်းနေပါတယ်။

နိုင်ငံရေးနဲ့ မဆိုင်တဲ့သူတွေ ပျောက်ဆုံးနေတာဆိုတော့လည်း စဉ်းစားတဲ့သူတွေ ခေါင်းစားတဲ့ အနေအထား ဖြစ်နေပါတယ်။ လက်ရှိအခြေအနေမှာ လူပျောက်ရင် ရဲတိုင်တာထက် အွန်လိုင်းပေါ်မှာ တင်တာက ပိုထိရောက်တဲ့ အခြေအနေ ဖြစ်နေပါတယ်။ လက်ရှိပျောက်ဆုံးနေတဲ့ မိန်းကလေး နှစ်ယောက် အကြောင်းကို အောက်မှာ ဖော်ပြလိုက်ပါတယ်ခင်ဗျာ-

တောင်ဥက္ကလာပတွင် အသက် ၁၄ နှစ်အရွယ် မိန်းကလေးတဦး ပျောက်ဆုံးနေ

ရန်ကုန်မြို့ တောင်ဥက္ကလာပမြို့နယ်တွင်အသက်၁၄နှစ်အရွယ် မိန်းကလေးတဦး ပျောက်ဆုံးနေကြောင်း မိသားစုဝင်တဦးက လူမှုကွန်ယက် ဖေ့ဘွတ်စ်မှာ အောက်ပါအတိုင်း ရေးသားအကူအညီတောင်းထား ပါတယ်။ ဇန်နဝါရီလ ၄ ရက်နေ့ လွတ်လပ်ရေးနေ့မှာ ပျောက်ဆုံးခဲ့တာ ဖြစ်ပါတယ်။

“ညီမရဲ့ ညီမလေးအရင်းပျောက်သွားလို့ပါ။အသက်၁၄နှစ်ပဲရှိ‌ပါသေးတယ် ။တောင်ဥက္ကလာကနေပျောက်သွားတာပါ ။ အကျီအမည်း တီရှပ်ရယ် ချည်သားဘောင်းဘီအစင်းရယ် ဝတ်သွားပါတယ် ။ တစ်နေရာရာမှာဖြစ်ဖြစ်တွေ့ခဲ့ရင် 09967189458, 09757810204 ကိုဆက်သွယ်ပေးပါရှင်”

ကျွန်းတော လမ်းမပေါ်တွင် မိန်းကလေးတဦး မုန့်သွားဝယ်ရာမှ ပျောက်ဆုံးနေ

ကျနော့်ညီမအရင်းပျောက်သွားလို့ပါ။

ဇန်နဝါရီလ (၅) ရက်နေ့ ညနေ ၃ နာရီကျော်လောက်က မုန့်သွားဝယ်ရင်း ပြန်မရောက်လာလို့ပါတဲ့။ အဆက်အသွယ် လုံးဝမရပါဘူး။ ဖုန်းလဲစက်ပိတ်ထားပါတယ်။ SNS acc တွေလဲ အကုန် deactivated or deleted ဖြစ်နေတော့ last online ကို စစ်လို့မရပါဘူး။

အင်္ကျီအနီနဲ့ ထဘီအနက်ဝတ်ထားပါတယ်။ စမ်းချောင်းကျွန်းတောလမ်းမပေါ်လေးတင် သွားတာပါ။ ငွေသားလဲနည်းနည်းတော့ပါသွားပါတယ်။ ကူညီပေးကြပါဗျာ (Liam Nan Da)

အထက်ပါ မိန်းကလေး (၂) ဦီးကို တွေ့ရှိခဲ့ရင် ပေးထားတဲ့ လိပ်စာတွေကို အကြောင်းကြားပေးခြင်းဖြင့် ကူညီပေးကြပါဦးခင်ဗျာ။

Leave a Reply

Your email address will not be published.

x

You cannot copy content of this page