တဒေါ်လာ တကျပ်ဖြစ်သွားတာထက် ပိုအရေးကြီးတဲ့ ကိစ္စနဲ့ ဒေါ်လာဈေး တကယ်ကျဖို့လိုသလား

ဒေါ်လာဈေးက တစ်ဒေါ်လာကို ၁ သောင်းဖြစ်တာ၊ တစ်ဒေါ်လာကို ၁ ကျပ်ဖြစ်တာ အဲဒါတွေက ဘာမှ အရေးမကြီးဘူး။ အရေးကြီးတာက အတက်၊ အကျရဲ့ အကွာအဝေး နဲ့ ဖြစ်တဲ့ အကြိမ်ရေ အဲဒါက အရေးကြီးတာ။

ဒေါ်လာဈေးက ၁ သောင်းဖြစ်လည်း တည်ငြိမ်နေရင် စီးပွားရေး လုပ်လို့ရတယ်။ တစ်သိန်း ဖြစ်လည်း လုပ်လို့ရတယ်။ တည်ငြိမ်နေဖို့ပဲ လိုတယ်။ အတက်အကျဟာ ဒီနေ့ ၅၀၀၀ ဖြစ်ပြီး မနက်ဖြန် ၄၀၀၀ ဖြစ်၊ နောက်တပတ်မှာ ၅၅၀၀ ဖြစ်ဆိုရင် အဲဒါ စီးပွားရေး လုပ်လို့ မရဘူး။

ဒီနေ့ ၅၀၀၀ နောက် ၅ လမှာ ၅၀၂၀ လောက် ဖြစ်၊ ဒါမှ မဟုတ် ၄၉၉၀ လောက်ဖြစ် ဒါမျိုးဖြစ်ရင် ရတယ်။ ဒီနေ့ ၅၀၀၀၊ နောက် ၂ ရက် ၃၀၀၀။ နောက်တပတ် ၄၅၀၀၊ နောက် နှစ်ပတ် ၅၅၀၀ အဲဒါဆို သေချာတယ်။ စီးပွားရေး သမားတွေ စီးပွားပျက်ပြီပဲ။

ဒါ မက်ခရို စီးပွားရေး (Macroeconomic) ကကြီး ခခွေး အဆင့်ပါ။ ဒါလေးတောင် အသုံးကျအောင် မသိဘဲ ဇွတ်ကို ဒေါ်လာဈေး ကျသထက် ကျအောင် အတင်းဆွဲချဖို့ လုပ်နေကြတာ မြင်ရတော့ သနားမိတယ်။

ပညာမတတ်ရင် အဲဒီလို ထင်ရာတွေ လုပ်ကြတယ်။ ပညာမတက်တဲ့ကောင်တွေ အုပ်ချုပ်နေတာဆိုတော့လည်း ဒီလောက်တော့ရှိမှပေါ့ (Ko Khant)

Leave a Reply

Your email address will not be published.

x

You cannot copy content of this page