ကြောက်စရာ ခိုသန်း အန္တရာယ်နှင့် နောက်ဆက်တွဲ ဝေဒနာများ (ခိုတွေနဲ့ အနီးကပ်နေသူတွေ ဂရုစိုက်ကြပါ)

အိမ်မှာရေချိုးပြီးရင်ယားပြီ အိပ်ဖို့ကုတင်ပေါ်မှာ ခဏလေးလှဲလိုက်တာနဲ့ အသားကုန်ယားလို့ တရားခံရှာတာ ခိုသန်းတွေသွားတွေ့တယ်။

အဲ့ကောင်တွေကိုရှင်းတာ ခြင်ဆေးတွေလည်းတံဆိပ်စုံနေပြီ ဖြန်းတာ ဖြန်းတုန်းခဏပဲပြီးရင် ပြန်ယားပြီ နောက်ဆုံး အပြင်းစားပိုးသတ်ဆေးတစ်မျိုးပဲ ဖြန်းဖို့ကျန်တော့တယ် အဲ့ဆေးလည်းမဖြန်းချင်လို့ ဂူဂဲမှာ စာဝင်ဖတ်ကြည့်တာ အဲ့ကောင်တွေက အယ်လ်ကိုဟောတို့ အီသနော တို့တောင် ၇၅ ရာခိုင်နှုန်း ပြင်းအားရှိမှသေတယ်တဲ့

ဒီနေ့တော့အဲ့ကောင်တွေကို ဘယ်လိုမှသည်းမခံနိူင်တော့လို့ မီသိုင်းအီသနော ၉၉ ရာခိုင်နှုန်းကို ရေမွှေးအဆီနည်းနည်းရောပြီး ဖြန်းချလိုက်တာ အဲ့ကောင်တွေ ထိတာနဲ့ရှောပဲ။

ခိုသန်းတွေ ခုန်တာ ဘယ်လောက်ဝေးဝေးရောက်လည်းဆိုရင် မွေ့ယာကို နံရံနဲ့ တစ်ပေကျော်ခွာပြီး ထောင်ထားတာတောင် မွေ့ယာကနေ နံရံကိုရောက်အောင်ခုန်တယ်၊ ခွေးပေါ်လည်းခုန်တက်ပြီး အပြီကိုက်တာဆိုတာ

ခိုသန်းထူးခြားချက်က မျက်စိနဲ့ သေချာကြည့်မှ မြင်ရတယ် အကောင်အရမ်းသေးတယ် အရောင်ကအဖြူရောင်လေး အဲ့ကောင်လူကိုကိုက်ထားပြီးရင် ဘယ်လောက်မြဲလည်းဆို Hand Spray တွေ Hand Gel တွေနဲ့ လက်ကိုအသားကုန်ပွတ်လည်းမကွာဘူး ဆပ်ပြာနဲ့ ရေချိုးချတောင် မကွာကျဘူး အဲ့ကောင်ကွာကျချင်ရင် ကိုက်ထားလို့အဖုထွက်နေတဲ့နေရာကို ကာလမိုင်းတို့ မက်ဇင်ကယ် တို့နဲ့ပွတ်ချမှကွာကျတယ် ရေလည်ကြောက်ဖို့ကောင်းတယ်။

အိမ်နားမှာ ခိုစာကျွေးတဲ့ နေရာရှိတာတို့ ဝရံတာမှ ာခိုအသိုက်လာဆောက်တာတို့ဆို သတိသာထားတော့ ခိုတွေမှာသန်းရှိတယ် အဲ့သန်းကအရမ်းဆိုးတယ် ခိုသန်းကိုက်ခံရပြီဆို မခံနိုင်အောင်ယားတယ်။

ရုတ်တရက်ကြည့်ရင် ပုရွတ်ဆိတ်ကိုက်သလိုလို ဓာတ်မတည့်ရင်ဖြစ်သလိုလို အရေပြားမှာ အနီစက်တွေ အဖုတွေထွက်လာတယ် အဲ့လိုဖြစ်ပြီဆို အိမ်မှာ ကလေးရှိရင် ကလေးတွေ အိမ်အပြင် ခဏထွက်ခိုင်းပြီး အယ်လ်ကိုဟော ၉၉ ရာခိုင်နှုန်းကို စပရေး ဗူးထဲထည့်ပြီး တစ်အိမ်လုံးဗျင်းပေတော့

အဲ့ကောင်တွေက အရမ်းလည်တယ် ခုန်တာအရမ်းမြန်တယ် မျက်စိနဲ့မြင်ဖို့မလွယ်ဘူး သူ့အရေခွံက အရမ်းထူတယ်။ မာလည်းမာတယ် တော်ရုံဆေးနဲ့ ဖြန်းလည်းမသေဘူး။ ခိုသန်းမြင်ဘူးတယ် ရှိအောင်ပြမယ် သေချာကြည့်ကြ…

Leave a Reply

Your email address will not be published. Required fields are marked *

x

You cannot copy content of this page