မြေရှားသတ္တု ကမ္ဘာ့ဈေးကွက်ကို လက်ဝါးကြီး အုပ်နိုင်ဖို့ အကွက်ရွှေ့လိုက်တဲ့ ပေါက်ဖော်ကြီး
ဧရာမမြေရှားသတ္ထုကုမ္ပဏီတွေကို ပူးပေါင်းခိုင်းကာ ကမ္ဘာ့ဈေးကွက်ကို စိုးမိုးခြယ်လှယ်နိုင်ဖို့ တိုက်ကွက်ပြောင်းဖို့ အကွက်ရွှေ့လိုက်တဲ့ တရုတ်ပြည်
သတ္ထုစင် (၁၅) မျိုးပါဝင်တဲ့ ဒီမြေရှားသတ္ထုဟာ စမတ်လျှပ်စစ်ပစ္စည်းတွေ၊ လျှပ်စစ်ကားတွေ၊ လေအားလျှပ်စစ်ထုတ်တာပိုင်တွေနဲ့ အဆင့်မြင့်စစ်လက်နက်ပစ္စည်းတွေ ထုတ်လုပ်ရာမှာ မရှိမဖြစ်လိုအပ်တဲ့အရာတစ်ခု ဖြစ်ပါတယ်။
အရှေ့အလယ်ပိုင်းဒေသနိုင်ငံတွေက ရေနံစိမ်းဈေးကွက်ကို ချုပ်ကိုင်ထားကြသလို တရုတ်ဟာလည်း ဒီမရှိမဖြစ် မြေရှားသတ္ထုကို လက်နက်အဖြစ်ကိုင်ပြီးအသုံးချဖို့ လုပ်သွားမယ်လို့ ဆိုပါတယ်။
တရုတ်ကုမ္ပဏီတွေရဲ့လိုအပ်ချက် ၉၀% သော မြေရှားသတ္ထုတွေဟာ မြန်မာပြည်မှာလာတူးပြီး ထုတ်လုပ်နေကြရတာပါ။
တရုတ်ဟာ ဒီနှစ်ထဲပထမ (၁၁)လအတွင်း မြေရှားသတ္ထုတန်ချိန် ၄၅,၀၀၀ ကို ကမ္ဘာ့ဈေးကွက်ထဲ တင်ပို့ရောင်းချနိုင်ခဲ့ပါတယ်။ ဒါ့အပြင် ကမ္ဘာ့မြေရှားသတ္ထု လိုအပ်ချက်ရဲ့ ၃၈% ကိုလည်း တရုတ်ကအရန်အင်အားအနေနဲ့ အများဆုံး စုဆောင်းထားရှိနေပါသေးတယ်။
Fransic Zin