ဆင်းရဲမှာ ကြောက်တဲ့ နိုင်ငံသားတွေရဲ့ အလုပ်ကြိုးစားမှုကို သက်သေပြလိုက်တဲ့ ဖြစ်ရပ်တခု

ရှောင်ကျဲကျဲတစ်ယောက်က အမြင့်ခုန် ခုန်ချဖို့ဆိုပြီး စင်ပေါ်တက်လာတယ်။ ဒါပေမယ့် တကယ်တမ်းကျ အမြင့်ကိုကြောက်လို့ သူမ ခုန်မချရဲခဲ့ဖူး။ အဲ့မှာ ဘေးကလူက သူ့ကို စတာပေါ့၊ လက်မှတ်ဝယ်ထားပြီးပြီဆိုတော့ ရည်းစားကို ခုန်ချခိုင်းလေ ဘာညာပြောတော့ ရှောင်ကျဲကျဲက သူ့မှာ ရည်းစားမရှိဖူးတဲ့။

အဲ့မှာ သူမ ရုတ်တရက် တစ်ခုခုကို သတိရသွားတယ်။ တရုတ်ပြည်မှာ ဘာပဲလိုလို လုပ်ပေးဖို့အသင့်ရှိနေတဲ့ Delivers တွေဟာ မြို့တိုင်းမှာ ရှိနေတတ်တယ်။ သူမ လိုချင်တာရှိတိုင်း ခေါ်ခိုင်းလေ့ရှိတဲ့ Deliver ကိုပဲ အကူအညီတစ်ခုလိုလို့ လာခဲ့ဖို့ ဖုန်းဆက်လိုက်တယ်။ အဲ့ဒါနဲ့ Deliver ကောင်လေးက ရောက်လာပြီး “ဘာကူညီပေးရမလဲ” လို့ မေးတယ်။

ရှောင်ကျဲကျဲက သူမ အမြင့်ကြောက်လို့ မခုန်ချရဲဘူး၊ သူမအစား ခုန်ချပေးနိုင်မလားတဲ့၊ ပြီးတော့ သူမက တကယ်လို့ ခုန်ချဖြစ်ခဲ့ရင် ပေးမယ့် pose ပုံစံကိုတောင် စဉ်းစားထားပြီးသားဆိုတော့ သူမ လိုချင်တဲ့ Pose အတိုင်းပေးပြီး ခုန်ချပေးနိုင်မလားလို့ မေးလိုက်တယ်။

Deliver ကောင်လေးက ဘာမှစဉ်းစားမနေတော့ပဲ လိုအပ်တဲ့ကြိုးတွေကို ချက်ချင်း ကောက်တပ်လိုက်တယ်။ ပြီးတော့ ရှောင်ကျဲကျဲ လိုချင်တဲ့ Pose မျိုးပေးပြီး “5 Stars ပေးနော်” လို့ အော်ပြောရင်း ခုန်ချသွားတယ်။

အောက်ရောက်တော့ Deliver ကောင်လေးကို မေးကြတာပေါ့၊ မင်းကွာ ဒီလောက်အမြင့်ကြီးပေါ်က တစ်ချက်မတွန့်ပဲ ခုန်ချသွားတာ မကြောက်ဖူးလားလို့ မေးကြတယ်။ ကောင်လေးက တစ်ခွန်းပဲ ပြန်ဖြေခဲ့တယ်။ သူ့အဖြေက ရိုးရှင်းပါတယ်၊ “ကျွန်တော် ဆင်းရဲမှာကို ပိုကြောက်တယ်” တဲ့။

တရုတ်ပြည်က လူတွေဟာ ဆင်းရဲသွားမှာကို ကြောက်ကြပါတယ်။ တရုတ်လူမျိုးတွေမှာ စကားပုံတစ်ခုရှိတယ်၊ (မျိုးဆက် ၃ ဆက်လုံးလည်း မချမ်းသာနိုင်သလို၊ မျိုးဆက် ၃ ဆက်တိုင်အောင်လည်း မဆင်းရဲနိုင်ပါဘူး) တဲ့။ အဘိုးလက်ထက်မှာ ချမ်းသာပေမယ့် အဖေလက်ထက်ကျ သုံးဖြုန်းနေရင် မြေးလက်ထက်ကျ တောင်းစားနေရမှာပေါ့တဲ့။

ကျွန်တော်တို့က လူငယ်တွေပဲ အလုပ်လုပ်နိုင်ပါတယ်ဆိုပြီး တက်ကျမ်းရေးပြန်တော့လဲ အခုလက်ရှိ အခြေအနေက လှောင်ချိုင့်နဲ့တူတဲ့ပုံစံမျိုး၊ “ပိုကြိုးစားလို့ ပိုတိုးတက်လာတယ် ဒါပေမယ့် လှောင်အိမ်ထဲမှာ” ဆိုတဲ့ အနေအထားက အောင့်သက်သက်တော့ နေသားဗျ။

ဒါပေမယ့်လည်း အကောင်းကို မျှော်လင့်ပြီး ကြိုးပမ်းကြရမှာ ဒီနေ့ခေတ် လူငယ်တွေရဲ့ တာဝန်ပဲလို့ တရုတ်လူကြီးတွေက ပြောလေ့ရှိတော့ အကောင်းကိုပဲတွေး၊ ဖြစ်လာမယ်လို့ ယုံကြည်ပြီး ကြိုးစားကြရမှာပေါ့။ ဘာရယ်မဟုတ်ပါဘူး၊ ညတုန်းက Online မှာ နာမည်ကြီးခဲ့တဲ့ Video အဟောင်းလေးတွေ့လို့ အတွေးပွားရင်း စဉ်းစားခန်းဝင်နေတာပါ။

မူရင်းရေးသားသူအား လေးစားမှုဖြင့်

Leave a Reply

Your email address will not be published. Required fields are marked *

x

You cannot copy content of this page