အိန္ဒိယက အိုမီခရွန် မြန်မာပြည် ရောက်ပါပြီ (အိန္ဒိယမှ ပြန်လာသည့် လူ ၃ ဦးတွင် ကနဦးတွေ့ရှိ)

ပြည်ပနိုင်ငံများမှ ပြန်လည်ရောက်ရှိလာ၍ ကိုဗစ်ရောဂါပိုးတွေ့ရှိသူများ၏ ဓာတ်ခွဲနမူနာများအနက် ကိုဗစ် မျိုးရိုးဗီဇပြောင်း ရောဂါပိုးတွေ့ရှိနိုင်သည့် သံသယဖြစ်ဖွယ် ဓာတ်ခွဲနမူနာ (၄) ခုအား (၉-၁-၂၀၂၂) ရက်နေ့တွင် ကိုဗစ်ရောဂါမျိုးရိုးဗီဇ စစ်ဆေးခြင်းကို အမှတ် (၁) တပ်မတော်ဆေးရုံတွင် ပြုလုပ်ခဲ့ရာ အိုမီခရွန်ရောဂါပိုးကို ဓာတ်ခွဲ နမူနာ (၃) ခုတွင် တွေ့ရှိခဲ့ပါတယ်။

ယင်းအိုမီခရွန်ပိုး တွေ့ရှိသူ မြန်မာနိုင်ငံသား (၃) ဦးမှာ ကယ်ဆယ်ရေး လေယာဉ်များဖြင့် အိန္ဒိယနိုင်ငံမှ ဝင်ရောက်လာသူများ ဖြစ်ပါတယ်။

အိုမီခရွန်ရောဂါပိုး တွေ့ရှိသူများကို ဆေးရုံကြီဂများတွင် သီးသန့်ထားရှိကာ ကုသမှုများ ပြုလုပ်နေပြီး လေယာဉ် အတူတူစီးလားတဲ့ ခရီးသည်များကိုလည်း အသွားအလာကန့်သတ်ခြင်းနှင့် ဓာတ်ခွဲစမ်းသပ် စစ်ဆေးမှုများကို ပြုလုပ်လျက်ရှိတယ်လို့ သိရပါတယ်။

အဆိုပါ အိုမီခရွန်ပိုး တွေ့ရှိမှုနဲ့ ပတ်သက်ပြီး စကစ ကျန်းမာရေးဌာနရဲ့ ဖေ့ဘုတ် စာမျက်နှာတွေ သတင်း မတင်သေးကြောင်း တွေ့ရှိရပါတယ်။

အိန္ဒိယမှာလည်း အိုမီခရွန်ပိုးကြောင့် ကိုဗစ်တတိယလှိုင်း စတင်နေပြီး တနေ့လျှင် လူပေါင်း သိန်းနဲ့ချီ၍ ကူးစက်ခံနေရကြောင်း သိရပါတယ်။

ကိုဗစ် အသိ၊ ကိုဗစ် သတိထားပြီး အထူးဂရုစိုက်ပါလို့ သတိပေးလိုက်ပါတယ် ခင်ဗျာ။

Leave a Reply

Your email address will not be published. Required fields are marked *

x

You cannot copy content of this page