ဘဲဉ (သို့) ထုံးပေသီး တလုံးရဲ့ ရင်တွင်းဖြစ် ဖွင့်ဟဝန်ခံချက် (ကျေးဇူးကြီးလှ တာရိုးက အဘ)

ဟယ်လို ညီရေ မတွေ့တာကြာပြီ ဘယ်ရောက်နေလဲ? ဘဲဥ – အော်ဟုတ်ကဲ့ပါ အကို မတွေ့ဆိုကျွန်တော် ….မှာရောက်နေတာ အကိုရေ။

ဟေ အခုချိန်ကြီး ခရီးတွေထွက်လို့ပါလားကွ ဘာရှိလို့လဲကွာ မင်းကိုယ်မင်းလည်း ဂရုစိုက်ဦး ပြောပါဦးကွ ဘာထူး? ဘဲဥ – တာဝန်ပါ အကိုရာ …. မှာ လှည့်ကင်းတဲ့ဗျာ တစ်လကြာမှဗျ။

ဟေ မင်းက မော်တော်ပီကယ်လေကွာ လှည့်ကင်းက ဘာဆိုင်လိုတုန်းအဲဒါရဲအလုပ်မဟုတ်ဘူးလား? ဘဲဥ – ဟုတ်တယ်အကိုရေ အဲဒါကြောင့် ကျွန်တော်တို့လည်း ညစ်နေတာ။ ကျွန်တော်တို့က လက်နက်လည်း မကိုင်တတ်ဘူး။ ရဲလုပ်ထုံးလုပ်နည်းလဲ မသိဘူး။ အခုက အထက်က မင်းတို့ ရဲဝတ်စုံဝတ် လှည့်ကင်းလိုက်ရမယ်ပြောလို့ ပါလာတာပဲ။

ယူနီဖောင်း မင်းတို့ပေးသလားကွ? ဘဲဥ – ပေးနေဦးမယ်ဗျာ ကိုယ့်ဘာသာကြည့်စီစဉ်တဲ့ ကိုယ့်လခတောင်အလျင်မမီတာ ဘယ်ဝယ်နိုင်မတုန်းဗျာ။ ခင်တဲ့သိတဲ့ရဲတွေဆီက အဟောင်းလိုက်တောင်းပြီး ကျွန်တော် ပါလာတာပဲ။ ဘဝပြောင်းသွားရင်လည်း မတတ်နိုင်ဘူးအကိုရေ။ နောက်ကမိသားစုက အခု ကျွန်တော့်လုပ်အားခကိုပဲ အားကိုးနေရတာ။ ကျွန်တော် မသေသေးရင် ပြန်ဆုံကြမယ်ဗျာ။

ဘိုင်ဘိုင်

Leave a Reply

Your email address will not be published. Required fields are marked *

x

You cannot copy content of this page