ဒေါ်အောင်ဆန်းစုကြည်ရဲ့ ထူးခြားတဲ့ လက္ခဏာရပ်များကို ဓမ္မနည်းဖြင့် လေ့လာအကဲခတ်ခြင်း

ဒေါ်အောင်ဆန်းစုကြည် ရုပ်လက္ခဏာထူးခြားချက်

ခါးအလွန်မတ်နေပါတယ် ငယ်စဉ်ကကော မတ်သလား.. ခုလောက်မမတ်ပါဘူး ခါးယိုင်တာ စောင်းတာတွေကို ငယ်ဘဝ ပုံတွေမှာ မြင်နိုင်ပါတယ်။

ဘာလို့ ခါးမတ်နေတာလဲ အထိုင်ကြာတဲ့ ယောဂီတွေမှ သိပါတယ် ဆယ့်ငါးမိနစ် နာရီဝက် လေးဆယ့်ငါးမိနစ်လောက် ထိုင်တဲ့ ယောဂီက သိပ်မသိပါဘူး အထိုင်ကြာလာလျင် ဝါယောတလုံး အထိန်းရခက်ဆုံးပဲတဲ့ မှတ်ထားကြ ..

ဝါယာဓါတ်များ ရုတ်တရက်ဖောက်ပြန်လာရင်. လျှပ်စီးလက်သလို ခန္ဓာကိုယ်ထဲ ဖျင်းခနဲ.. ထောက်ကန်မှုတွေက ကိုယ်ကာယကြီးကိုတောင် ယိမ်းယိုင်စေပါတယ်. ခါးများမတ်မထားဘူးဆိုရင် ဝါယောဓါတ် ဖောက်ပြန်မှုကြောင့် တရားထိုင်နေစဉ် ရှေ့သို့လည်းကောင်း..ဘေးသို့လည်းကောင်း လဲကျ ယိမ်းယိုင်စေပါတယ်။

သူတော်ကောင်း ယောဂီတို့ တရားထိုင်မယ် ဆိုလျင်.. အကြောအခြင်တွေ လျော့ထားရမှာဖြစ်ပေမယ့်.. ခါးကိုတော့ ကျောက်စိုင်ကျောက်သားသဖွယ် မတ်ထားရမှသာ ဝါယောဓါတ် ဖောက်ပြန်မှုကို. ထိန်းချုပ်နိုင်မှာဖြစ်ပါတယ် ဝါယောတလုံးအခက်ဆုံးတဲ့ ရုတ်တရက်များ ဝါယောဓါတ် ဖောက်ပြန်လာရင် မြန်လွန်းလို့ အဖြစ်ကို မရှုနိုင်ဘူး ဝါယော အပျက်ကိုသာ ရအောင် ဖမ်းရှုကြပါ

အမြဲတမ်း လန်းဆန်းတက်ကြွနေခြင်း

နှစ်ပေါင်းများစွာ အကျယ်ချုပ်. စိတ်အကျဉ်းချခံရရင် စိတ်ဒဏ်ရာရ ထိုင်းမှိုင်းသွားပါတယ် နယ်လဆင်မင်ဒဲလားတောင် အမူအယာတွေ လေးလံ သွားတာ. ရုတ်တရက် မျက်နှာအမူအယာ ထိုင်းမှိုင်းသွားတာတွေ ရှိပါတယ်။

ဟုတ်မဟုတ် သိချင်ရင် Stay home ကာလ ကိုယ်ရုပ်ကို မှန်ထဲပြန်ကြည့် ရက်ပိုင်းကလေး စိတ်အကျဉ်းချခံရတာက ရုပ်သွင်ပြင်မှာ လာပေါ်ပါတယ်

ဉာဏ်ရည်ဉာဏ်သွေးအလွန်မြင့်မားနေခြင်း

နှစ်ပေါင်းများစွာ အချုပ်အနှောင်ခံရ ကိုယ်ဖတ်ချင်တဲ့စာကအစ မဖတ်ရ လောကကြီးနဲ့ အဆက်အသွယ်ဖြတ်ခံထားရသူက ဉာဏ်ရည်တွေ ဘာလို့မြင့်မားနေတာလဲ

ဖြစ်နိုင်ချေက တရားဓမ္မကြောင့်ပါပဲ လို့ တွေးလို့ရတယ်..ဝိပဿနာ တရားထိုင်ခြင်းက ဉာဏ်ရည်ဉာဏ်သွေး အထူးတက်စေပါတယ် ဖြစ်ပျက်တွေ ခပ်စိပ်စိပ်ပေါ်တာကို နောက်က ဉာဏ်နဲ့ လိုက်မှတ်နေရတာကိုက ဉာဏ်ထက်မြက်စေပါတယ် ..

ကိုယ့်သားသမီးများ ဉာဏ်မထက်မြက်ဘူး ဉာဏ်တုန်းနေတယ်လို့များထင်ရင် ကလေးတွေကို တရားထိုင်နည်း သင်ပေးပြီး ထိုင်ခိုင်းကြည့်.. ဉာဏ်ရည် မထက်လာဘူးဆိုရင် ပြော

သက္ကာယဒိဌိစင်ပြီလား

ဆိုရရင် ငါ့လင် ငါ့သား နဲ့ မြန်မာပြည်ကလူတွေကို ရွေးပါဆိုတော့.. ငါ ဆိုတာကို ပယ်သတ်ခဲ့တယ်.. ငါ့လင် ငါ့သား ရှိရာကို မသွား .. ပုဂ္ဂိုလ်သတ္တဝါ မစွဲတော့ဘူးတဲ့ သူတော်ကောင်းမကြီးက..

ဘယ်သူကများ ငါစွဲ ဖျောက်နိုင်လို့တုန်း.. ဘယ်သူကကော ငါ့လင် ငါ့သား ပစ်ပယ်နိုင်မှာတုန်း ကိုယ်ချင်းစာကြစမ်းပါ ကိုယ်သာဆို..နှစ်ခါမခေါ်ရဘူး ဖုတ်ဖက်ခါကို ပြေးကြမှာ

ကဲ *သမ္မာဒိဋ္ဌိဆိုက်သွားပြီဆိုတာသိကြပြီလား

အရေးကြီးဆုံးအချက် သောက ဗျာပါဒတွေကို ဘယ်လိုငြိမ်းသတ်နိုင်ခဲ့တာလဲ သားကွဲလို့လင်သေ မယ်ပဋာ လို အဖြစ် တခြား သာမန်လူသာဆို ရူးတယ် ဆယ်ခါပြန်တောင် ရူးစေလိမ့်ဦးမယ်။

မှတ်ထားကြဦး သေကွဲထက် ရှင်ကွဲကပိုဆိုးတယ် သေသွားတာကဖြင့် သေသောသူ ကြာရင်မေ့ ဆိုသလို သေဆဲကာလသာ ပူဆွေးရပေမပေါ့ ရှင်ကွဲဆိုတာက ဘဝတသက်တာလုံး တွေးလိုက် အတွေးစလေး ဝင်လာတိုင်း ငါ့သားလေးတွေ ဘာများလုပ်နေကြမလဲ. ငါ့သားလေးတွေ နေများကောင်းပါ့မလား ဆိုတဲ့ သမုဒယ သစ္စာက အမြဲ သောကဗျာပါဒတွေ ပေးနေတော့တာပေါ့

ဆဲဆိုနေသူတွေ ကိုယ်ချင်းစာစိတ်လေးဝင်ကြည့် ငါ့ သားသမီးလေးတွေနဲ့များ အဲလိုကြုံခဲ့ရင် ဆိုတဲ့ အတွေးလေး ဝင်ကြည့် အမှန်အမြင် မြင်ပါလိမ့်မယ်။

ကဲ သောကဗျာပါဒ တွေ တွေ့လာပြီဆိုတော့ ဘယ်လိုများဖြင့် ဒီအပူ ငြိမ်းမလဲ ငြိမ်းကြမလဲ ဒေါ်အောင်ဆန်းစုကြည်ဘဝက မယ်ပဋာလို အဖြစ်မျိုးမကပါဘူး အန်နယ်ဒီအဖွဲ့က နေ အထုတ်ခံရပါတယ် သူမကို ထောက်ခံနေတဲ့ပြည်သူတွေကအစ စစ်အစိုးရ နှိပ်ကွပ်မှုကြောင့် သူမအနား မကပ်ရဲကြတော့ပါဘူး။

ဒေါ်အောင်ဆန်းစုကြည်ဘဝ သုညတဆိုက်ခဲ့ရတယ်.. သူမမှာ ဘာမှ မရှိတော့ဘူး ဘာဆို ဘာမှ မရှိတော့ဘူး ဒီလိုအချိန် ရပ်တည်နိုင်ဖို့ တရားဓမ္မကပဲ ကယ်ဆယ်နိုင်ပါတယ် တရားဓမ္မ လို့ဆိုရာမှာလဲ ပရိတ်ပဌာန်းတွေ ရွတ်မယ် ပုတီးစိပ်မယ်ဆိုရုံနဲ့ ဒီမီး ကိုတော့ မငြိမ်းနိုင်ပါဘူး?

ပရိတ်ပဌာန်းရွတ်ဆဲကာလ ပုတီးစိပ်ဆဲကာလလေးသာ ထိန်းရုံထိန်းနိုင်မယ် ရပ်လိုက်တာနဲ့..အပူဆိုတာ ပြာဖုံးမီးခဲများ ထတောက်လိုက်သလို. ဟဒယ နှလုံးအိမ်ကို တောက်လောင်တာများ နှလုံးသွေးတွေ လောင်ကျွမ်းသလို ခံစားရတယ်။

ဝိပဿနာတရားမှတပါးအခြားမရှိပြီ

ဒီအပူမီး ငြိမ်းနိုင်ဖို့က ဝိပဿနာတရားကလွဲ မရှိပါဘူး သုညတဘဝ ဆိုက်ရောက်နေတဲ့အချိန် သုညတဆိုက် ဝိပဿနာ ညဏ်အမြင် မြင်မှ အပူမီးမှန်သမျှ အကုန်ငြိမ်းပါတယ်

သမုဒယကြောင့်ဖြစ်လာတဲ့ဒုက္ခ

ဒီဒုက္ခတွေ ဒုက္ခမှန်သမျှတွေလဲ အမြဲမရှိ ဆိုတာ သိလိုက်တာနဲ့ ဒုက္ခချုပ်ရာကို လှမ်းမြင်နိုင်ပါပြီ ထို့ကြောင့်… သူမကို ဆဲဆိုနေသူတွေထဲက တချို့တလေ ဤစာကို မြင်၍ အမှန်အမြင်လေးများ မြင်ရင်ဖြင့် ရေးရကျိုးနပ်ပါတယ်။

သူများတွေလှူလို့ ကိုယ်မလှူနိုင်လို့လဲ စိတ်မကောင်းမဖြစ်ကြပါနဲ့ ဖြစ်ပျက်မြင်အောင်သာ ကြိုးစားကြပါ ကိုယ်ချင်းစာစိတ်သာ အရင်ရအောင် ယူကြပါ။

Leave a Reply

Your email address will not be published. Required fields are marked *

x

You cannot copy content of this page