ပေါက်ဖော်တို့ရဲ့ ကြွေးမှီ ထောင်ချောက်နွံထဲကို သက်ဆင်းခဲ့ရတဲ့ အာဖရိက ယူဂန်ဒါနိုင်ငံ (ဥပမာတွေပါပဲ)

အာဖရိကနိုင်ငံအချို့သည် လွန်ခဲ့သည့်နှစ်များအတွင်းက တရုတ်နှင့် လက်မှတ်ရေးထိုးခဲ့ရာတွင် ချစ်ကြည် ရင်းနှီးမှုကိုပြသရန် အရေးပါသောစာပိုဒ်များကို လျစ်လျူရှုထားခဲ့ကြပြီး ယခုအခါ ယင်း သဘောတူညီ ချက်များအရ နိုင်ငံပိုင်ဆိုင်မှုများကို တရုတ်သို့ လွှဲပြောင်းပေးရန် ဖိအားပေးခံနေရပါတယ်။

အာဖရိကတွင် ယူဂန်ဒါသည် တရုတ် ကြွေးမြီထောင်ချောက်မူဝါဒ၏ နမူနာနိုင်ငံအဖြစ် လတ်တလောပေါ်ထွက်လာခဲ့ပါတယ်။

တရုတ်သို့ ကြွေးမြီ ဒေါ်လာ ၂၀၇ သန်း ပြန်မပေးနိုင်သဖြင့် ယူဂန်ဒါသည် တိုင်းပြည်၏ တစ်ခုတည်းသော နိုင်ငံတကာလေဆိပ်ကို လွှဲပြောင်းပေးရန် ပြင်ဆင်နေရပါတယ်။

နှစ်နိုင်ငံအကြားသဘောတူညီချက်ကို ၂၀၁၅ခုနှစ် နိုဝင်ဘာလက လက်မှတ်ရေးထိုးခဲ့တာ ဖြစ်ပါတယ်။ ယူဂန်ဒါသည် ရိုးဖြောင့်မှုကို ဖော်ပြသည့်အနေဖြင့် စာချုပ်ချုပ်ချိန်တွင် နိုင်ငံတကာက လက်ခံသည့် စာပိုဒ်များကို ချန်ထားရစ်ခဲ့ပါတယ်။

သို့သော် ယခုအခါ ဖယ်ရှားခဲ့သောအပိုဒ်များသည် ယူဂန်ဒါ၏ အဓိကအမှားတစ်ခုဖြစ်လာပြီး မဝေးတော့သည့် ကာလတွင်တိုင်းပြည်၏ တစ်ခုတည်းသော နိုင်ငံတကာလေဆိပ်ကို တရုတ်လက်သို့ ထိုးအပ်ရတော့မှာ ဖြစ်ပါတယ်။

ယင်းပြဿနာကို ရင်ဆိုင်နေရသည်မှာ အာဖရိကတွင် ယူဂန်ဒါကဲ့သို့ပင် အခြားနိုင်ငံများလည်း ရှိပါသေးတယ်။

တရုတ်ကုမ္ပဏီများနှင့် ဘဏ်များသည် ယခုအခါအာဖရိကတွင် ၎င်းတို့၏ အကူအညီများကို စတင်လျှော့ချ ခဲ့ပါတယ်။

မကြာသေးမီက ကျင်းပခဲ့သော တရုတ်အာဖရိကပူးပေါင်းဆောင်ရွက်ရေးဖိုရိမ် (FOCCAC) တွင် တရုတ်က အကူအညီများကို အမေရိကန်ဒေါ်လာဘီလီယံ ၆၀မှ အမေရိကန်ဒေါ်လာ ၄၀ဘီလီယံအထိ သိသိသာသာ လျော့ချခဲ့တယ်လို့ သိရပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *

x

You cannot copy content of this page