ဒီဇင်ဘာ (၁၀) ရက်နေ့နဲ့ ပတ်သက်ပြီး အမေရိကန်သံရုံးက အဆင့် (၄) သတိပေးချက် ထုတ်ပြန်လိုက်ပြီ

အမေရိကန်နိုင်ငံသားများအနေနဲ့ ဒီဇင်ဘာ ၁၀ရက်နေ့တွင် အပြင်မထွက်ဖို့ အမေရိကန်သံရုံးက အဆင့် ၄ အနေအထားရှိ အသိပေးထုတ်ပြန်ချက်ကို ဒီနေ့ထုတ်ပြန်လိုက်ပါတယ်။

အဆိုပါ ထုတ်ပြန်ချက်တွင် ဒီဇင်ဘာ ၁၀ရက် နေ့ဟာ တနိုင်ငံလုံးအတိုင်းအတာ တိတ်ဆိတ်သပိတ်နေ့အဖြစ် လုပ်ဆောင်မှာ ဖြစ်သောကြောင့် ထိုအချိန်ကာလကို မိမိတို့ နေအိမ်အတွင်း နေပေးကြရန်၊ ထိုနေ့တွင် စကစကို လက်တုန့်ပြန်သော တိုက်ခိုက်မှုမှာ ဖြစ်ပေါ်လာနိုင်သလို၊

စကစကို ဆန့်ကျင်သော သရုပ်ဖော် ဆန္ဒပြုမှုများကိုလည်း လုံခြုံရေးတပ်ဖွဲ့ဝင်များက ပြင်းထန်သော ဖြိုခွင်းမှုများလည်းဖြစ်ပေါ်နိုင်ပါသောကြောင့် အများပြည်သူနဲ့ သက်ဆိုင်သောနေရာများတွင် စုဝေးနေခြင်း၊ မလိုအပ်ပဲ အချိန်အတော်ကြာ အပြင်မှာနေခြင်းကို ရှောင်ကြဉ်ကြဖို့ ဖော်ပြထားပါတယ်။

အမေရိကန် သံရုံးအနေနဲ့ မြန်မာပြည် လက်ရှိအခြေအနေနဲ့ ပတ်သက်ပြီး စိုးရိမ်ပူပန်သော စာများ၊ သတိပေးစားများကို အလျဉ်းသင့်သလို ထုတ်ပြန်ပေးနေတာကို တွေ့ရပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *

x

You cannot copy content of this page