ပြည်သူတွေကို ငွေတကျပ်မှ ထုတ်မပေးတဲ့ ဘဏ်တွေကို တရားစွဲလို့ ရ/မရ ဆိုတဲ့ မေးခွန်းရဲ့ အဖြေ

ငွေမထုတ်ပေးတဲ့ ဘဏ်တွေအပေါ် တရားစွဲလို့ ရ/မရ ဆိုတဲ့ မေးခွန်းအပေါ် ဥပဒေ ပညာရှင်တွေ ဝိုင်းဝန်း ဆွေးနွေးထားတဲ့ အကြောင်းအရာများကို ဖော်ပြပေးလိုက်ပါတယ်-

ဘဏ်​တွေသည် ပြည်သူ​တွေ ကို ​ငွေထုတ်မ​ပေးနိုင်​တော့ရင် လက် ရှိတည်ဆဲဥပ​ဒေ အရ ​ငွေစုထားသူမှ ဘဏ်ကို စာရင်းရှင်းလင်း ဖျက်သိမ်း​ပေး​စေလိုမှုကို တရားစွဲဆိုခွင့် ရှိ မရှိသိချင် ပါသည်။ Right to Suit ​ဆွေး​နွေး​ပေးကြပါ။ (Htain Lin Oo)

ဆွေးနွေးသူ (၁)

(၁) ဘဏ်ကို စာရင်းရှင်းလင်း ဖျက်သိမ်းမည်ဆိုပါက ငွေစုထားသူများသာ နစ်နာဆုံးရှုံးပါမည်။ ဘဏ်မှာ ငွေမရှိပါ။ စာရင်းသာရှိပါသည်။ ရှင်းနည်းမှန်လျှင်တော့ အဖြေရှိပါသည်။ တသက်လုံး တတ်သိ နားလည်သူတွေ ဘေးထုတ်ပြီး လောဘ တစ်ခုတည်းရှေ့တန်းတင်၍ လုပ်ခဲ့ခြင်း၏ အကျိုးဆက်ဖြစ်ပါသည်။

(၂) ဘဏ်များသည် Limited liability company ဖြစ်ပါသည်။ ဘဏ်တခု ပြိုပါက စီအီးအို သည် ထောင် ၅ နှစ် သာကျခံရပါမည်။ စီအီးအိုသည် ဘဏ်ပိုင်ရှင်၏ ညွှန်ကြားချက်ကို လိုက်နာခြင်း ရှိ/မရှိ။

(၃) ဘဏ်ရှယ်ရာ ပိုင်ဆိုင်သူများထံမှသိမ်းယူ၍မရပါ။ ဘဏ်များသည် အစုရှယ်ရာများဖြင့်ပေးရန် တာဝန်ကန့်သတ်ထားသော ကုမ္ပဏီများဖြစ်ပါသည်။ ငွေချေးငှားသူများထံမှသာ အကြွေးပြန်မဆပ်နိုင်ပါက၊ အပေါင်ပစ္စည်းများသိမ်းယူနိုင်ပါသည်၊ တရားမမှု မြန်မာပြည်မှာ ဘယ်လောက်ကြာသလည်းဆိုတာ ဆရာတို့ ရှေ့နေများပိုသိပါသည်။ ကျနော် လွန်ခဲ့တဲ ၁၀ နှစ်ကျော်ကတည်းက ထောက်ပြခဲ့တဲ့ foreclosure process မရှင်းတဲ့ အကြောင်းပြောခဲ့ဖူးပါသည်။

(၄) သူတို့ကို တရားစွဲချင်တာလား၊ အပ်ငွေတွေ မဆုံးခြင်တာလား။ မတရားမူတွေက များနေတော့ အမှန်တရား ပျောက်ဆုံးနေခဲ့တာ ကြာပါပြီ။

ဆွေးနွေးသူ (၂) – မရပါဘူး။ voluntary ဆိုရင်တောင် ဗဟိုဘဏ် ခွင့်ပြုမှရပါတယ်။ voluntary မဟုတ်ပဲ မဖြစ်မနေ ဖျက်သိမ်းသင့်နေပြီလို့ အကြောင်းတရားတွေရှိနေတောင် ဖျက်သင့်မသင့် ဗဟိုဘဏ်ကပဲ ဆုံးဖြတ်ခွင့်ရှိပါတယ်။ ငွေရေးကြေးရေး အဖွဲ့စည်းများ ဥပဒေ အခန်း 17 ကိုဖတ်ပါ။

ဆွေးနွေးသူ (၃) – အခုစနစ်က​တော့ လမ်းဆုံး​နေပြီ.. ​နောင်ကို အာဏာသိမ်းခြင်းနဲ့ဘဏ်ကိစ္စ​တွေ မဆိုင်​အောင် ဗဟိုဘဏ်ဥပ​ဒေ အသစ်​ရေးသင့်တယ်.. ဘယ်နိုင်ငံမှာမှ အာဏာသိမ်းတာနဲ့ banking နဲ့ မထိခိုက်ပါ. . သီးခြားစီပါ..

ဆွေးနွေးသူ (၄) – ကျနော်အထင်တော့ ဘဏ်ပိုင်ရှင် မလုပ်တော့ဘူး။ အစိုးရ ကိုင်ထားတာ ငွေတွေ လိုသလောက် ထုတ်ပေးလိုက်ရင် လှူမှာ စိုးရိမ်ပုံရတယ်။ အစိုးရက လူပါးဝနေတာပါ။ အမေစု လက်ထက်က သူတို့ပြောတဲ့ ကိုဗစ်ရော ဖြစ်နေတာ ဘဏ်ဘယ်မှာ ပိတ်လို့လဲ၊ အခု အစိုးရက သူတို့မှာ အသက်တော့ ရှိတယ်။ ဒါပေမယ့် ဘယ်မှ လွတ်လပ်စွာ သွားလို့ မရအောင် သေနကြပြီ။ ရုပ်ကြီးသာ ရှင်နေတာ သူတို့ရဲ့ နာမ်က သေနေပြီ။

ဆွေးနွေးသူ (၅) – စွဲဆို၍မရပါ။ ငွေစုသူတိုင်းသည် ဘဏ်နှင့်ပြုလုပ်ထားသော သီးခြားပဋိညာဉ်မရှိ ဖြစ်နိုင်သည်က ယုံကြည်အပ်နှံငွေ ကို ကိုယ်ကျိုးအတွက် အလွဲအသုံးပြုနေကြောင်း ဘဏ်ကို စွပ်စွဲရန် လုံလောက်သောအကြောင်း ရှိပါသဖြင့် ရာဇဝတ်ထိုက်သည်ဟု ယူဆမိပါတယ်။

အထက်ပါ အကြောင်းအရာများသည် ဥပဒေပညာရှင်များ ဝိုင်းဝန်းဆွေးနွေးထားကြတဲ့ မှတ်ချက်များ ဖြစ်ပါသည်။ ဝင်ရောက် ဆွေးနွေးလိုပါက ကွန်းမန့်မှာ ပြောဆို ဆွေးနွေးလို့ ရပါတယ်ခင်ဗျာ။

Leave a Reply

Your email address will not be published. Required fields are marked *

x

You cannot copy content of this page