သီပေါမင်း၏ နောက်ဆုံး ကျန်ရှိသည့် မြေးတော် ထိပ်စုဖုရားကြီး ကွယ်လွန်

ကုန်းဘောင်မင်းဆက်၏ နောက်ဆုံးဘုရင်ဖြစ်သည့် သီပေါမင်း၏ နောက်ဆုံးကျန်ရှိသည့် မြေးတော် ထိပ်စုဖုရားကြီးသည် ယနေ့ နံနက်ပိုင်းတွင် ကွယ်လွန် သွားပြီလို့ မိသားစုက ထုတ်ပြန်လိုက်ပါတယ်။

ယနေ့ ဒီဇင်ဘာလ ၃၁ ရက် နံနက် ၄ နာရီ ဝန်းကျင်တွင် ကွယ်လွန်ခဲ့တာဖြစ်ပြီး မြေးတော် ထိပ်စုဖုရားကြီး (ခေါ်) ဒေါ်စုစုခင် သည် ကွယ်လွန်ချိန်တွင် အသက် ၉၉ နှစ်ရှိပြီ ဖြစ်တယ်လို့ သိရပါတယ်။

နံနက် ၄ နာရီ ၁၅ မိနစ်မှာ ထိပ်စုဖုရားကြီး အနေနဲ့ ဘဝတစ်ပါးကို အေးဆေးငြိမ်သက်စွာနဲ့ ပြောင်းသွားပါခဲ့တယ်လို့ ထိပ်စုဖုရားကြီးရဲ့ သမီးက ပြောပါတယ်။

ထိပ်စုဖုရားကြီးသည် မြန်မာတော်ဝင်အနွယ်တော်များအစည်းအရုံး၏ နာယကကြီးဖြစ်ပြီး သူမရဲ့ မွေးနေ့ ရာပြည့်အကြို အထိမ်းအမှတ် သက်တော် ၉၉ နှစ်ပြည့် အလှူတော်ကို ၂၀၂၂ ခုနှစ် ၊ ဇန်နဝါရီလ ၁ ရက် ၊ နှစ်သစ်ကူးနေ့ ၊ စနေနေ့ နံနက် ပိုင်း တွင် ရန်ကုန်မြို့ ၊ မရမ်းကုန်း မြို့နယ် ၊ ကိုးမိုင် ပင်မ ဗုဒ္ဓဝါဒီကျောင်း၌ သီလရှင် အပါး ၁၀၀ အား ဆွမ်း နှင့် လှူဖွယ်များ ကပ်လှူဖို့လည်း စီစဉ်ထားအပြီး တစ်ရက် အလိုတွင် ကွယ်လွန်သွား တာဖြစ်ပါတယ်။

ကွယ်လွန်သူ မြေးတော်ထိပ်စုဖုရားကြီးသည် သီပေါမင်း နှင့် မိဘုရားခေါင် စုဖုရားလတ် တို့၏ မြေးတော် စတုတ္တသမီးတော် ထိပ်စုမြတ်ဘုရားကလေးနှင့် ဦးကိုကိုနိုင် တို့၏ သမီးတော်တစ်ဦးဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *

x

You cannot copy content of this page