မြန်မာ့အရေးကို ဝင်ရှုပ်တော့မယ့် ကမ္ဘာ့သက်တမ်းအရှည်ဆုံး အာဏာရှင် ခမာဝန်ကြီးချုပ် ဟွန်ဆန်

ကမ်ဘောဒီးယားက ဟွန်ဆန်ရဲ့လုပ်ရပ်ဟာ အန္တရာယ်အလွန်ကြီးတယ်လို့မြင်ပါတယ်။ စကစနိုင်ငံခြားရေးဝန်ကြီးကို သူ့ဆီအလည်ဖိတ်တယ်။ သူကလည်း နပတကို သွားလည်မယ်လို့ ဆိုပါတယ်။

ကမ်ဘောဒီးယားအာဆီယံဥက္ကဋ္ဌဖြစ်ချိန်မှာ သူထင်ရာကြဲဖို့ အချီကြီးကြံနေပုံပါ။ သူ့လုပ်ရပ်ဟာ နောက်ကွယ်ကနေ ပေါက်ဖော်က ခိုင်းတယ်လို့ လုံးဝမယူဆပါ။ တကယ့်အန္တရာယ်အစား ဒါရိုက်ရှင်းလွဲသွားမှာစိုးလို့ပြောရတာပါ။

ဟွန်ဆန်ရဲ့လုပ်ပုံက ပက်စက်ပါတယ်။ မြန်မာ့အရေးအခင်းကိုချနင်းပြီး သူအာဏာတည်မြဲရေးနဲ့သူ့သားအတွက်အင်ပါယာတည်ဆောက်ချင်တာပါ။ သိထားဖို့က ကမ္ဘာမှာ ဟွန်ဆန်ဟာ သက်တမ်းအရှည်ဆုံးအာဏာရှင်ပါ။ ကမ်ဘောဒီးယားပြည်သူတွေဟာ ဟွန်ဆန်လုပ်သမျှငြိမ်ခံကြတဲ့အမျိုးပါ။

ဟွန်ဆန်ဟာ အတိုက်အခံမှန်သမျှကို ရက်စက်ယုတ်မာစွာ နှိမ်နင်းလေ့လည်း ရှိပါတယ်။ ဟွန်ဆန်ဟာ သူ့သားကို စစ်ဗိုလ်ချုပ်ခန့်ပြီး သူ့နေရာမှာ တင်ပေးဖို့ ကြံရွယ်ပြီးသားပါ။ လုပ်လည်းလုပ်နေပါပြီ။ ကမ်ဘောဒီးယားဘုရင်ဆိုတာ အရုပ်ဘဝပဲရှိပါတယ်။

အခုလည်းဟွန်ဆန်ရဲ့လုပ်ရပ်ကရှင်းပါတယ်။ မြန်မာစကစ legitimate တရားဝင်သွားစေချင်တာပါ။ ဘာလို့လဲဆိုတော့ ဟွန်ဆန်ကိုယ်တိုင်က အာဏာသိမ်းခေါင်းဆောင်တစ်ယောက် ဆိုတော့ အာဆီယံထဲမှာ အာဏာသိမ်းခေါင်းဆောင်တွေ နေရာရတဲ့ အစဉ်အလာကို ဖန်တီးချင်တာပါ။

အာဏာသိမ်းခေါင်းဆောင် legitimacy ရလေ သူလည်း ပိုတရားဝင်လေ၊ သူ့သား တနေ့အခြေအနေမဟန်လို့ အာဏာတက်သိမ်းရရင်လည်း legitimacy ရရန်လမ်းပွင့်ဖို့ပါ။ အင်မတန် ကောက်ကျစ်ယုတ်မာတဲ့အကြံအစည်ပါ။

ဒါ့အပြင် နွေဦးတော်လှန်ရေးတွေဟာ ဒေသအတွင်း ကူးစက်ပြန့်ပွားတတ်တာကို သူသိပါတယ်။ မြန်မာ့နွေဦးတော်လှန်ရေးအောင်မြင်သွားရင် အာဆီယံပြည်သူတွေနိုးကြားလာပြီး သူ့နိုင်ငံအတွင်းမှာလည်း မတရားအာဏာသိမ်းမှုကို ဆန့်ကျင်ကြမှာသူကြောက်ပါတယ်။

ပေါက်ဖော်ဟာ အာဆီယံဘက်ကို အထုပ်လွှဲတင်ထားတာကြာပါပြီ။ ဒီနေရာမှာ ပေါက်ဖော်က အခြေအနေကိုစောင့်ကြည့်တဲ့နေရာမှာပဲ ရှိပါတယ်။ လက်ရှိအာဏာသိမ်းမှုဟာ ပေါက်ဖော်အတွက် အကျိုးမရှိလှပါ။ သူ့နဲ့နယ်စပ်ထိစပ်နေတဲ့နိုင်ငံမှာ စီးပွားရေးထိုးကျတာ သူမကြိုက်ပါ။

အခုလက်ရှိမှာပဲ မြန်မာပြည်အရေးအခင်းကြောင့် ပေါက်ဖော်ဆီကနေ ဝယ်ယူမှု ကုန်သွယ်မှု ထိုးကျသွားပါတယ်။ လူတွေ အရင်လို မသုံးနိုင်မဖြုန်းနိုင်တော့ပါ။ ပေါက်ဖော်လိုချင်တာက သူ့ဩဇာသက်ရောက်မှုရှိရေးနဲ့ ဘေးချင်းကပ်အိမ်က စီးပွားတက်ပြီး သူ့ဆီကများများဝယ်ရေးနဲ့ သယံဇာတကို ဈေးပေါပေါရရှိရေးပဲဖြစ်ပါတယ်။

မြန်မာဟာ တရုတ်ကိုယှဉ်ဖို့လုံးဝမဖြစ်နိုင်မှန်းတရုတ်ပြည်က သိပြီးသားပါ။ ပြဿနာက ကမ်ဘောဒီးယားပါ။ လက်ရှိ အထည်ချုပ်တွေ သူရဖို့ ရုန်းကန်နေရချိန်မှာ မြန်မာတက်လာမှာကိုမကြိုက်ပါ။

ဒါကအဓိက အကြောင်းရင်းမဟုတ်ပါ။ အဓိကက သူ့သားလက်ထက်အတွက်အာဏာတရားဝင်ရစေဖို့နဲ့ ဒေသအတွင်း အာဏာသိမ်းမှု legitimate ဖြစ်ဖို့ သူဥက္ကဋ္ဌ ဖြစ်တုန်းလမ်းခင်းဖို့ပါ။ ဒါဟာ ရေရှည်တွေးကြည့်ရင် မြန်မာပြည်အတွက် အန္တရာယ်အင်မတန်ကြီးတဲ့ကိစ္စပါ။

ထိုင်းကလည်း အာဏာသိမ်းမှု တရားဝင်ချင်နေတာ ကြာလှပါပြီ။ ဖိလစ်ပိုင်ကဒူတာတေးကလည်း အာဏာရှင် လမ်းစလျှောက်နေသူပါ။ အခုလည်း သူဆင်းရရင် သူ့သမီးဝင်ရွေးဖို့ လုပ်နေပါတယ်။ ပြောတော့ပြည်သူ အခုကျတော့ သူ့သမီးကို အာဏာလက်ကမ်းဖို့ လုပ်တယ်။

ဒီလူတွေ ပေါင်းမိရင် ပိုဆိုးပါမယ်။ အာဏာရှင်ဟာ အာဏာရှင်မျိုးဆက်ကိုပဲ ထပ်မံထူထောင်ပါလိမ့်မယ်။ မြန်မာပြည်သူတွေက ‌ေ-ွးမြေအကျခံပြီး တရားမဝင်ဖို့ကြိုးစားနေချိန်မှာ ဒင်းကချနင်းပြီး တရားဝင်ဖို့လမ်းစခင်းနေတာ အင်မတန်အောက်တန်းကျလွန်းပါတယ်။

ရုပ်ကိုက အောက်တန်းကျတဲ့ရုပ်ပါ။ ကမ်ဘောဒီးယားဟာ အဓိကက အထည်ချုပ်နဲ့တိုးရစ်တွေအပေါ်မှာမှီခိုနေရတာပါ။ ကျနော့်အနေနဲ့ မနေ့ကစပြီး Zara ဖြစ်ဖြစ်မည်သည့် အဝတ်အထည်ဘရန်းဖြစ်ဖြစ် ကမ်ဘောဒီးယားကိုသပိတ်မှောက်ပါတယ်

မိတ်အင် ကမ်ဘောဒီးယား မှန်သမျှကို No ပါ။ ဒါ့အပြင်ဘယ်လောက် discount ရှိသည်ဖြစ်စေ အန်ကောဝတ်ကိုလုံးဝအလည်အပတ်မသွားပါ။ ကမ်ဘောဒီးယားထွက် အစားအသောက်နဲ့သရက်သီးလို သစ်သီးဝလံမှန်သမျှ No ပါ။ ဒါ့အပြင် ကမ်ဘောဒီးယားဆိုင်ဆိုရင်မစားပါ။

တချိန်က ဝင်းနဲ့ဇော်ကိစ္စကြောင့် ထိုင်းဆန်ကိုသပိတ်မှောက်ပြီး အိန္ဒိယဆန်ပြောင်းစားခဲ့တာ အိမ်မှာခုထိ ဘာစမာတီပါပဲ။

အခုလည်းအာဏာသိမ်းမှုပြီးကတည်းက သပိတ်မှောက်ထားတဲ့ထုတ်ကုန်တွေရှိပါတယ်။ တော်လှန်ရေးအောင်မြင်ဖို့ ကိုယ်တတ်နိုင်တာကိုယ်လုပ်ကြတဲ့သူတွေများဖို့လိုပါတယ်။

ရစ်ချက်မျိုးသန့်

Leave a Reply

Your email address will not be published.

x

You cannot copy content of this page