ကင်မရာထဲမှာ ထူးဆန်းစွာ ပေါ်လာတဲ့ တရားထိုင်ရဟန်းတော် တပါးရဲ့ ပုံရိပ် (ဗန်းမောက်မြို့မှာ ဖြစ်ခဲ့တာပါ)
စစ်ကိုင်တိုင်း၊ ကသာခရိုင်၊ ဗန်းမောက်မြို့နယ်၊ ဥမင်ရွာ၊ ဥမင်လှိုင် ဘုန်းကြီးကျောင်းမှာ ထူးဆန်းတဲ့ အဖြစ်အပျက် တခု ဖြစ်ခဲ့တယ်လို့ သိရပါတယ်။
ဆရာတော်တွေ သီတင်းသုံးနေတဲ့ လိုဏ်ဂူတွေကို ဓာတ်ပုံ လှည့်လည်ရိုက်ကြစဉ်မှာ ကနဦး ရိုက်တဲ့ ကင်မရာထဲမှာ မည်သည့်အရာမျှ မပေါ်ဘဲ ခရီးသွား ရဟန်း နှစ်ပါး ရိုက်ကူးတဲ့ ဓာတ်ပုံထဲမှာ ဆရာတော် တပါး တရားထိုင်နေတဲ့ပုံကို ထူးဆန်းစွာ တွေ့ရှိခဲ့ရတယ်လို့ သိရပါတယ်။
ဓာတ်ပုံ ရိုက်ရိုက်ချင်းမှာ မပေါ်ဘဲ ပုံတွေ ပြန်ကြည့်တဲ့အချိန်မှာ ထူးဆန်းစွာ ပေါ်နေတာလို့ သိရပါတယ်။ ကိုယ်တိုင် ကြုံတွေ့ခဲ့ရသူ တင်ထားတဲ့ ပို့စ်ကို ပြန်လည်ဖော်ပြ လိုက်ပါတယ်-
စစ်ကိုင်းတိုင်း ၊ကသာခရိုင်၊ ဗန်းမောက်မြို့နယ်၊ ဥမင်ရွာ ၊ ဥမင်လှိုဏ် ဘုန်းကြီးကျောင်းပါဗျ။
ဖူးမြော်ထိုက်လို့ ဖူးမြော်ခွင့်ရတယ်.. တရားထိုင်နေတဲ့ကိုယ်တော်ဟာ ကျနော့်တို့အဖွဲ့ရဲ့ ကင်မရာမှာ မပေါ်ပဲ ခရီးသွား ရဟန်းသံဃာနှစ်ပါးရဲ့ ကင်မရာကနေရခဲ့တာပါ။ Edit ထားတာလုံးဝမဟုတ်ပါဘူး။
ကျွန်တော်တို့ ကင်မရာမှာ မပေါ်ဘူး ဥူးဇင်းတွေကလည်း မသိဘူး ပုံပြန်ကြည့်တဲ့ အချိန်ရောက်မှ ပေါ်လာလို့ ဥူးဇင်းတွေက ကြက်သီးထနေလေရဲ့။ (Thi Ha Tun)
အထက်ပါ အဖြစ်အပျက်ကို ဓာတ်ပုံ ကျွမ်းကျင်ပညာရှင်များကတော့ ဖိုတိုရှော့နဲ့ အတုပြုလုပ်ထားတယ်လို့ သုံးသပ်နေကြပါတယ်။
ထိလွယ် ရှလွယ်တဲ့ ဘာသာရေးအကြောင်း ပို့စ်တင်တဲ့အခါ အသေအချာ စိစစ်ပြီးမှ တင်သင့်ကြောင်းလည်း မှတ်ချက်ပေးနေကြပါတယ်။
ယခုလို ကင်မရာထဲမှာ ရဟန်းပုံ ပေါ်လာတာကို ယုံကြည်ခြင်း၊ မယုံကြည်ခြင်းဟာ စာဖတ်သူတွေရဲ့ တဦးချင်းအပေါ် မူတည်ပါတယ်။ ပြောချင်တဲ့ အကြောင်းအရာများကိုလည်း မှတ်ချက် ပေးသွားနိုင်ပါတယ်။