မျက်နှာပွင့် လာဘ်လဘကောင်းတာတွေထက် ပိုစွမ်းတဲ့ အိမ်မြှောင်အမြီး နှစ်ခွ အစီအရင်ပြုလုပ်နည်း

လူတော်တော်များများ သိထား ကြတာက အိမ်မြောင် အမြီးပြတ်ကို အစီအရင်လုပ်ပြီး ဆောင်ထားရင် လာဘ်လာဘ ကောင်းတယ် ။ ပီယကောင်း တယ် ဆိုပြီး ဆောင်ကြပါတယ်။

သည့်ထက်ကောင်းတဲ့ အစီအစဉ် ရှိပါတယ် ။ အိမ်မြောင် အမြီးနှစ်ခွ တွေ့ရင် အမြီးကို ဖြတ်မပစ်ပါနင့် ။ အသက်မသတ် ရ ။ အစာငတ်မထားပါနင့် ။ အိမ်မြောင်ကို အနာတရ မဖြစ်စေဘဲ ခေတ္တသိမ်းထားပါ ။

မိမိနဖူးကို ညာလက်ဝါးဖြင့်အုပ်ပြီး ရှင်သီဝလိဂါထာ အား ( ၃၇ ) အုပ်ရွတ်ပါ။ ပြီးလျှင် ၎င်း ညာလက်ဝါးဖြင့် အိမ်မြောင်ကို အုပ်၍ (ဉုံ လာဘံ သိဒ္ဓိ ) သက်စေ့ရွတ်၍ မိမိအိမ်တွင် အပြီးပိုင်လွှတ်လိုက်ပါ ။ သိသာပါလိမ့်မည်။

အိမ်မြောင်ကို ဖမ်း ထားလျှင် မည်သည့်အစာကို ကျွေးမည် နည်း ။ အိမ်မြောင်ကြိုက်သည်မှာ ခြင်၊ ယင်၊ အင်းဆက်ပိုးမွှား အမျိုးမျိုးဖြစ်၏။ ၎င်းပိုးမွှားများကို ဖမ်းကျွေးပြီး လာဘ်လာဘ ပီယ လိုချင်ပါသေးလား။ သူ့အစာ သူ့ဟာသူ ရှာစားပါစေ ။ မိမိ က ကြားမှ အကုသိုလ် မယူပါနင့် ။

အိမ်မြောင် အမြီး ဖြတ်၍ ဆောင်ပါပြီတဲ့ ။ မိမိခြေထောက်ကို ဖြတ်ကြည့်ပါ ။ အရှင် လတ်လတ် ဖန်ပုလင်းထဲ ဗူးထဲထည့်သူ များတွေ့ဘူးပါ၏ ။ မိမိကို လေမရှိသော အလုံပိတ် ခန်းထဲ ထည့်ထားလျှင် မည်သို့ ခံစားရမည်နည်း ။

ယုံကြည်မူ သည် တစ် ဖက်စွန်း မရောက်ဖို့ အရေးကြီး၏ ။ ဘာဘဲလုပ်လုပ် စေတနာ မေတ္တာဖြင့် အလုပ်လုပ်လျှင် အောင်မြင်ရာ၏ ။ သက်ရှိ အဆောင်ပစ္စည်းများသည် အသက်ရှိလေ အကျိုးရှိလေပါဘဲ ။ စိတ်ဝိဉာဏ် မရှိသော ဂမုန်းပင်များသည်ပင် ခြောက်သရောင်း နေသော ဂမုန်းနှင့် စိမ်းလန်းစိုပြေနေသော ဂမုန်းတို့ အကျိုးသွား ရပုံချင်း မတူ နိုင်ပါ ။ စိတ်ဝိညာဉ် ရှိသော အဆောင် များက ပို၍ စွမ်းကြောင်း ယုံကြည်စေချင်ပါ၏။

Leave a Reply

Your email address will not be published. Required fields are marked *

x

You cannot copy content of this page