စကစ အနေကြာအောင် နေကြာ ဧက တသိန်းခွဲ စိုက်ခိုင်း (ဘာလုပ်လုပ် ယတြာ ပါတယ်)

မြန်မာနိုင်ငံကို စားသုံးဆီအဓိကတင်ပို့နိုင်သည့် နိုင်ငံဖြစ်စေရန် လုပ်ဆောင်မည်ဟု စကစ လက်အောက်ခံ စီးပွားရေးဝန်ကြီးဌာန ဝန်ကြီးက ဆိုထားပြီး နေကြာကိုတိုးချဲ့စိုက်ပျိုးလျက်ရှိရာ လက်ရှိမှာတော့ အထွက်နှုန်းတိုးစေဖို့ နေကြာနှင့်ပျားတွဲဖက်မွေးမြူနေကြောင်း ရန်ကုန်တိုင်းဒေသကြီး ပျားမွေးမြူရေးဖွံ့ဖြိုးမှုဌာနခွဲမှ သိရပါတယ်။

ရန်ကုန်တိုင်းဒေသကြီးအတွင်း စားသုံးဆီလိုအပ်မှုကို ဖြည့်ဆည်းပေးနိုင်ရန် နေကြာများကို တိုးချဲ့စိုက်ပျိုးနေပြီး ယခုဘဏ္ဍာနှစ်တွင် နေကြာစိုက်ဧက ၁၅၀၀၀၀ စိုက်ပျိုးရန် လျာထားဆောင်ရွက်နေကြောင်း သိရပါတယ်။

နေကြာများစိုက်ပျိုးရာတွင်အထွက်နှုန်းကောင်းစေရန် ပျားဖြင့် ၀တ်မှုန်ကူးစိုက်ပျိုးသောနည်းကိုဆောင်ရွက်နေပြီး နေကြာစိုက်ခင်းများဘေးတွင် စိုက်ခင်းတစ်ဧကလျှင် ပျားပုံးတစ်ပုံးမှ နှစ်ပုံးအထိ ထားပေးခြင်းဖြင့် အထွက်နှုန်းပိုမိုကောင်းမွန်စေကြောင်း သိရပါတယ်။

လက်ရှိတွင် နေကြာစိုက်ပျိုးသူတောင်သူများကိုယ်တိုင် ပျားမွေးမြူပြီး ၀တ်မှုန်ကူးလုပ်ငန်းများဆောင်ရွက်နိုင်ရေး ပျားမွေးမြူရေး သင်တန်းများကို ဖွင့်လှစ်ဆောင်ရွက်ပေးနေကြောင်း သိရပါတယ်။

ရန်ကုန်တိုင်း ပျားမွေးမြူရေးဖွံ့ဖြိုးမှုဌာနခွဲအနေဖြင့် ယခုဘဏ္ဍာနှစ်တွင် စိုက်ပျိုးနေသည့်နေကြာစိုက်ခင်းများတွင် ပျားဝတ်မှုန်ကူးခြင်း၊ ရာသီသီးနှံစိုက်ခင်းများနှင့် နှစ်ရှည်ပင်စိုက်ပျိုးရေးခြံ စုစုပေါင်း ဧက ၄၈၀၀ တွင် ဌာနပိုင် ပျားအုံ ၄၀၀ ဖြင့် နေကြာဝတ်မှုန်ကူး ၀န်ဆောင်မှုလုပ်ငန်းများကို တစ်နှစ်ပတ်လုံးဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရပါတယ်။

ရန်ကုန်တိုင်းဒေသကြီးတွင် ပုဂ္ဂလိက ပျားမွေးမြူရေးလုပ်ငန်းလုပ်ကိုင်သူ ရှစ်ဦးက ပျားအုံပေါင်း ၁၅၁၅ အုံကို မွေးမြူပြီး သမဝါယမအသင်းများမှ ပျားအုံ ၁၀၀ နှင့် ပျားမွေးမြူရေးဖွံ့ဖြိုးမှုဌာနခွဲမှ ပျားအုံ ၄၀၀ မွေးမြူလျက်ရှိကြောင်း သိရပါတယ်။

စကစ အနေနဲ့ ရုပ်ပြသဘောမျိုးနဲ့ နေကြာတွေ စိုက်ခိုင်းပေမယ့်လည်း ရေတင်ပြီး စိုက်ပျိုးရမှာ ဖြစ်တာကြောင့် လက်ရှိ အဆမတန် မြင့်တက်နေတဲ့ ဒီဇယ်ဆီဈေးနှုန်းနဲ့ မည်သို့မျှ မကိုက်နိုင်ကြောင်း၊ အနေကြာအောင် နေကြာ စိုက်ခိုင်းခြင်းသာ ဖြစ်ကြောင်း တောင်သူတဦးက မှတ်ချက်ပြုပါတယ်။

Leave a Reply

Your email address will not be published.

x

You cannot copy content of this page