ဟာလဝါ စားရင်း တက်ပြီး ဒီလို ဖြစ်သွားတာပါ (ကလေးမိဘများ အထူးဂရုပြုစရာပါ)

ဟာလဝါ စားရင်း တက်ပြီး ဒီလို ဖြစ်သွားတာပါ (ကလေးမိဘများ အထူးဂရုပြုစရာပါ)

စမ်းသပ်ခန်းထဲမှာ အန်လို့လာပြတဲ့လူနာကို ဆေးသွင်းနေရင်း ဆေးခန်းအပြင် လူနာစောင့်အခန်းက “ဆရာရေ ခလေးတက်သွားလို့ပါ” ဆိုပီး ပြေးလာသံကြားလို့ အထဲဝင်ခိုင်းလိုက်တော့ တနှစ်ခွဲခလေးက မလှုပ်မယှက် ပျော့ခွေပီး ပြာနှမ်းလို့ “ဘာဖြစ်သွားတာလဲ” မေးလိုက်တော့..

“အစားစားနေရင်း တက်ပြီး စကားမပြောတော့တာပဲ ဆရာ ဆယ်မိနစ်လောက်ရှိပီ” လို့ အတူပါလာတဲ့ လူကပြောတယ် ခလေးအဖေကတော့ ကြောင်ပီး စကားမပြောနိုင်သေး ဒါနဲ့ မြန်မြန်လေး မျက်လုံးဖြဲပြီး မီးထိုးကြည့်တယ် သူငယ်အိမ်ကျုံ့နေသေးတယ် ရင်ဘတ်တချက်ကြည့်တော့ အသက်ကမရှူ နားကြပ်နဲ့ရင်ဘတ်ကို နားထောင်တယ် နှလုံးခုန်သံကြားရတယ် အသက်ရှူသွင်းသံလေးကြားလိုက်ရသလိုပဲ။

အဲ့မှာတင် ခေါင်းထဲရောက်လာတာက အစာသီးခြင်း၊ အစာနင်ပီး အသက်ရှူလမ်းကြောင်းပိတ်ခြင်း(Choking)ပဲ အစားစားရင်းဖြစ်တာဆိုတော့ ဒါနဲ့ချက်ချင်းပဲ ပါးစပ်ဖြဲကြည့်ကြည့်တယ် အာခေါင်မှာ ဘာမှမတွေ့ပေမယ့် Heimlich maneuver(ခလေးအနောက်ကနေ လက်တဖက်နဲ့ ဝိုက်ပီးဗိုက်နဲ့ ​ကျောကို အားပြင်းပြင်း ဆောင့်ပီးဖိခြင်း)စလုပ်တယ် ၆ချက်လောက်လုပ်လိုက်တော့ ခလေးက အဲ့ကနဲ အသံစထွက်လာတယ် နောက်ကျောကနေ အားပြင်းပြင်းနဲ့ ကျောကုန်းကို ဆယ်ချက်လောက်ထပ်ရိုက်တယ်။

လက်တဖက်ကတော့ ဗိုက်မှာ ထားပီး ခလေးကို ခေါင်းအောက်စိုက်ထားတယ် အဲ့မှာပဲ ခလေးက စငိုလာတယ် ပါးစပ်ထဲကတော့ ဘာမှထွက်မလာသေးဘူး ခလေးပြန်တိတ်သွားပီး ပြန်ပြာနှမ်းလာတယ် ဒါနဲ့ နောက်ထပ် heimlich maneuver ဘယ်နှခါမှန်းမသိဘူး ထပ်လုပ်လိုက်တော့မှ ထွက်လာပီလေ ဟာလဝါဖတ် ၄ ၅ စင်တီမီတာ လောက်ကြီး အဲ့တော့မှ ခလေးကအသံဗြဲကြီးနဲ့ ထငိုတာ နောက်ကနေပီး ချွဲတွေလဲ ချောင်းဆိုးပီးထပ်ထွက်လာတယ် လူလဲ အဲ့တော့မှ ဟင်းချပီး ဘေးကို သတိထားမိတာ။

ခလေးအဖေကပျော်ပီး မျက်ရည်ကျလို့ စောနကဆေးသွင်းနေတဲ့ လူနာလဲ လိပ်ပြာအပ်တန်းလန်းလေးနဲ့ ငုတ်တုပ်လေး (စာရေးတာသာရှည်တာ တကယ်က ၁၀မိနစ်အတွင်းပဲ ဆေးခန်းထဲဝင်လာချိန်ကနေ ဟာလဝါဖတ်ကျတဲ့အထိက) ဒါပေမဲ့ခလေးက မှိန်းနေလို့ မေးကြည့်တော့ သတိလစ်နေတာ အိမ်မှာဆယ်မိနစ်တဲ့။

ဒါနဲ့ပဲ Brain hypoxia(ဦးနှောက်ထဲ အောက်စီဂျင်ပြတ်)ရပီး နောက်ဆက်တွဲ ရောဂါတေဖြစ်လာမှာစိုးလို့ အောက်စီဂျင်ပေးပီး ဆေးရုံကားနဲ့ ဆေးရုံလွှဲလိုက်တယ် သေချာတာကတော့ ဒီကောင်လေး မသေတော့ဘူးပဲ။ ခလေးမိဘတွေကို သတိထားစေချင်တာက ခလေးတွေ အစာစားရင် ဘေးနားကနေစောင့်ကြည့်နေပေးဖို့ နဲ့ တကိုက်စာ အတုံးလေးတေပဲ ကျွေးဖို့ပါ ဟာလဝါ၊အော်ကွေ့ကြည်လိုမျိုး အစာတေဆိုရင်တော့ သတိပိုထားဖို့ပါ။

Leave a Reply

Your email address will not be published. Required fields are marked *

x

You cannot copy content of this page