(၃) နှစ်ကြာ ဂူအောင်းအဓိဋ္ဌာန်ကနေ ထွက်မယ့် အချိန်ကို မိုင်းဖုန်းဆရာတော် မိန့်ကြားလိုက်ပါပြီ

နောက်ထပ် ၅ လ ၆ လလောက်ဆိုရင် (ဂူအောင်းအဓိဋ္ဌာန်ဝင်တာ) ၃ နှစ်ပြည့်ပါတော့မယ်။ နှမြောစရာ အချိန်တွေ ကုန်ဆုံးသွားတာ မြန်လိုက်တာ။ နောက်ထပ် တစ်နှစ်ကျော်ရင် သက်တော်က ၆၀ ပြည့်ပါတော့မယ်။

အဓိဋ္ဌာန်ထွက်တဲ့နေ့မှာ လှည်းယာဉ်ပြသာဒ် ပြင်ဆင်ပြီး (ဆရာတော်ကို) တင်ကာ နမ့်ဆိမ်ချောင်းနံဘေးအထိ လှည်းယာဉ်နဲ့ ပင့်ဆောင်ပါ။ နမ့်ဆမ်ချောင်းနံဘေးမှာ ဆံတော်ကို ချပါမယ်။

သုဝဏ္ဏဝိုးလုံ (ဘုရားအလောင်းနွားမင်းဇာတ်တော်) တရားတော်ကို ရွတ်ဖတ်ပူဇော်ပါမယ်။ နောက် ၅ ရက်လောက်နေပြီးရင် မိုင်းဖုန်းကို ကြွပါမယ်။

(ဆရာတော်၏ စာတိုကို တောင်တန်းသာသနာပြု ဆရာတော် ဦးသုခမိန္ဒမှ တာဝန်ယူ တာဝန်ခံ ဘာသာပြန်ပေးပါတယ်)

မှတ်ချက် ။ ။ မိုင်းဖုန်းဆရာတော် ဂူထဲအဓိဋ္ဌာန်ဝင်စဉ် ဆံပင်မရိပ်ပါ၊ (အသုဘကမ္မဋ္ဌာန်း ထင်ရှားစေရန်အတွက် ဖြစ်ပါတယ်။ ဝိနည်းတော်အရ ရဟန်းတော်များ လက်နှစ်ဆစ်ထက် ဆံပင်ရှည်ထားလျှင် အာပတ်သင့်ပါတယ်။

ဒါပေမယ့် ဆံပင်ကို ပယ်ပြီး ဒေသနာကြားရင် အာပတ်စင်ပါတယ်။ အာပတ်နှင့်တကွ တရားအားထုတ်ရင် မဂ်ဖိုလ် မရနိုင်ပါ။ မိုင်းဖုန်းဆရာတော်ကား ဘုရားဆုပန်သူဖြစ်သဖြင့် မဂ်ဖိုလ် မရနိုင်သေးကြောင်း သိစေအပ်ပါတယ်)

ဆရာတော်စဝ်စုခမ်း

Leave a Reply

Your email address will not be published. Required fields are marked *

x

You cannot copy content of this page