အာဖရိကတိုက် ဂီနီ-ဘစ်ဆောနိုင်ငံတွင် ဖေဖော်ဝါရီလ ၁ ရက်နေ့ စစ်တပ်အာဏာသိမ်းမှု မအောင်မြင်ခဲ့

အနောက်အာဖရိကနိုင်ငံတစ်နိုင်ငံဖြစ်သော ဂီနီ-ဘစ်ဆော(Guinea-Bissau)နိုင်ငံတွင် ယမန်နေ့u အာဏာသိမ်းရန် ကြိုးပမ်းမှုတစ်ခု ဖြစ်ပွားခဲ့သော်လည်း မအောင်မြင်ခဲ့ကြောင်းသိရပါတယ်။

“ဒီမိုကရေစီကို ဆန့်ကျင်တိုက်ခိုက်မှုဟာ မအောင်မြင်ခဲ့ပါဘူး”ဟု ဂီနီ-ဘစ်ဆောနိုင်ငံ သမ္မတ အူမာရိုက ပြောလိုက်ပါတယ်။ အခြေအနေအရပ်ရပ်ကိုထိန်းချုပ်ပြီးဖြစ်သော်လည်း လုံခြုံရေးတပ်ဖွဲ့ဝင်များကျဆုံးခဲ့ပြီး၊ အာဏာသိမ်းရန်ကြိုးပမ်းသည့် သူအများအပြားကို ဖမ်းဆီးထိန်းသိမ်းထားကြောင်း သမ္မတနှင့် ဝန်ကြီးများက ပြောကြားလိုက်ပါတယ်။

ဖေဖေါ်ဝါရီ ၁ ရက်နေ့ နေ့လည်ပိုင်းက ဂီနီ-ဘစ်ဆောသမ္မတ အစိုးရအစည်းအဝေးတစ်ခုကျင်းပလျက်ရှိသည့် အစိုးရအဆောက်အအုံ အနီးတွင် ပစ်ခတ်မှုများဖြစ်ပွားခဲ့ပါတယ်။

အရပ်ဝတ် ဝတ်ဆင်ထားသော သူများက တိုက်ခိုက်ကြခြင်းဖြစ်ကြောင်း အမည်မဖေါ်လိုသူ လုံခြုံရေးတာဝန်ရှိ သတင်းရင်းမြစ်တစ်ဦးက ပြောပါတယ်။

ပေါ်တူဂီတို့၏ ကိုလိုနီနိုင်ငံတစ်ခုဖြစ်ခဲ့ပြီး၊ ကမ္ဘာ့အဆင်းရဲဆုံးနိုင်ငံတစ်ခုလည်းဖြစ်သော ဂီနီ-ဘစ်ဆောနိုင်ငံတွင် ၁၉၈၀ ခုနှစ်မှ ယနေ့အထိ အာဏာသိမ်းရန်ကြိုးပမ်းမှု ၉ ကြိမ်မျှ ဖြစ်ပွားခဲ့ဖူးကြောင်းသိရပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *

x

You cannot copy content of this page