ဂျပန်ကြီးပြောတဲ့ မြန်မာတွေ ဂျပန်ကို ဘယ်တော့မှ မနိုင်တဲ့အကြောင်းရင်း (ရွှေမြန်မာတို့ရေ ကျွန်တော်တို့ ရှုံးပြီ)

မြန်မာတို့ရေ ကျွန်တော်တို့ရှုံးပြီ…။

မနေ့ညနေက မိတ်ဆွေဟောင်း ဂျပန်ကြီးတစ်ယောက်နဲ့ ပြန်တွေ့တော့ တိတ်ဆိတ်တဲ့နေရာမှာ စကားနည်းနည်းပြောဖြစ်ကြတယ်။ ဂျပန်မိတ်ဆွေက ပြောတယ်။ ခင်ဗျားတို့ မြန်မာတွေက ဂျပန်တွေနဲ့ သိပ်မကွာပါဘူး… ဟုတ်လို့လား… ကျွန်တော်ကတော့ ကွာတယ်လို့ ထင်ပါတယ်၊ ရှင်းပြပါဦးလို့ ပြန်ပြောလိုက်တယ်။

တကယ်တမ်းက ဂျပန်တစ်ယောက်နဲ့ မြန်မာတစ်ယောက် Level တူ Ground field မှာ ပညာရပ်ဖြစ်ဖြစ်၊ တီထွင်မှုဖြစ်ဖြစ် တစ်ခုခုကို ပြိုင်ခိုင်းရင် တစ်ခါတရံ ဂျပန်လည်း နိုင်နိုင်တယ်။ ဒါပေမယ့် မြန်မာလည်း နိုင်နိုင်တယ်။ တစ်ယောက်တစ်လှည့်စီ နိုင်ဖို့ ဖြစ်နိုင်ခြေရှိတယ်။ ၅၀ ရာခိုင်နှုန်းခန့် ရှိတယ်။ မျှော်လင့်လို့ ရတယ်ပေါ့လေ…။

အဲဒီတော့… ကျွန်တော် ဖြစ်နိုင် မဖြစ်နိုင် စဉ်းစားကြည့်သေးတယ်။ ပြီးတော့မှ ဂျပန်က ဆက်ပြောတယ်။ ဒါပေမယ့် ဆရာ… ခင်ဗျားနဲ့ ကျွန်တော် တစ်ယောက်ချင်းပြိုင်ရင် နိုင်ချင်တဲ့အခါ နိုင်မယ်။ ပညာပေါ့နော်၊ အားကစား၊ နည်းပညာ၊ တီထွင်မှုပေါ့။ ဂျပန်က ဖြတ်ထိုးဉာဏ်ထက် လုံ့လ ဝီရိယ ပိုအားကောင်းတယ်။ မြန်မာက ဖြတ်ထိုးဉာဏ် ပိုကောင်းတယ်။ ဒါပေမယ့် ဆရာ… တဲ့။

ခင်ဗျားတို့ မြန်မာ ငါးယောက်နဲ့ ဂျပန် ငါးယောက် ပြိုင်ရင်တော့ ခင်ဗျားတို့ ဘယ်တော့မှမနိုင်ဘူး။ ၁၀၀ ရာခိုင်နှုန်း မနိုင်ဘူးတဲ့။ ဘာဖြစ်လို့လဲဆိုတော့ ခင်ဗျားတို့က တစ်ဦးချင်း အရည်အချင်း၊ စွမ်းရည် ရှိပေမယ့် အုပ်စုလိုက်၊ အဖွဲ့လိုက် နှစ်ယောက် သုံးယောက် ပေါင်းလုပ်ခဲ့ရင် အမြဲတမ်း မညီညွတ်တော့ ခင်ဗျားတို့ ကျဆုံးမှာပါ…။

အဲဒီ cultural ခင်ဗျားတို့မှာ အားနည်းတယ်။ အဲဒီလိုရှင်းပြတော့ ကျွန်တော် မင်သက်မိတယ်။ တစ်ဆက်တည်း ကျွန်တော့်ဘေးက လူတွေ၊ ကျွန်တော့် မိတ်ဆွေတွေ၊ ကျွန်တော့် အသိုင်းအဝိုင်းတွေ၊ ကျွန်တော့် လူ့အဖွဲ့အစည်းတွေ၊ အသင်းအဖွဲ့တွေ၊ သမိုင်းကြောင်းတွေ အားလုံး တန်းစီ စဉ်းစားမိရောပေါ့ဗျာ…။ သူပြောတာ ဟုတ်နေတာကိုး…။ အတော်ကို ဟုတ်နေတာ…။

ကျွန်တော်တို့ ရှုံးနေဦးမှာပဲလေ။ တစ်ဦးချင်း တစ်ယောက်ချင်း ဘယ်လောက်တော်တော် ဘယ်လောက်ကောင်းကောင်း ဘယ်လောက်ပဲ အရည်အချင်းရှိရှိ အချင်းချင်း မညီညွတ်ကြတော့ အမြဲတမ်း ရှုံးနေဦးမှာပါ။ Than Soe (Economist)

Leave a Reply

Your email address will not be published. Required fields are marked *

x

You cannot copy content of this page