ကမ္ဘာ့သက်တမ်းအကြာဆုံး တရုတ်ပြက္ခဒိန်နဲ့ တရုတ်နှစ်သစ်ကူးနေ့ ဆက်စပ်မှု
တရုတ်နှစ်ဆန်းတစ်ရက်နေ့နဲ့ပတ်သက်လို့ ဗဟုသုတတစ်ခု ပြောလိုက်အုန်းမယ်။ တရုတ်နှစ်ဆန်းတစ်ရက်နေ့ဆိုတာ ဆောင်းရာသီတရားဝင်ကုန်ဆုံးပြီး နွေဦးစတဲ့အထိမ်းအမှတ်ပဲ။ ဒါကြောင့် the Spring Festival လို့လည်းခေါ်တယ်။
ပြောချင်တာက တရုတ်နှစ်ဆန်းတစ်ရက်နေ့ဟာ ဇန်နဝါရီ ၂၁ နဲ့ ဖေဖော်ဝါရီ ၂၀ ရက်နေ့ကြားမှာ အမြဲကျရောက်လေ့ရှိတယ်ဆိုတဲ့အကြောင်းပဲ။ ဒါကိုသတိထားမိတဲ့သူနည်းတယ်။
ဘာလို့ဒီရက်ထဲကျရောက်တာလဲဆိုတော့ lunisolar calendar နေနဲ့လနဲ့ကိုက်ပြီးလုပ်ထားတဲ့ ပြက္ခဒိန်အတိုင်းသွားနေလို့။ ဒီပြက္ခဒိန်ကို ဟိုးလွန်ခဲ့တဲ့နှစ်ပေါင်း ၃၀၀၀ လောက် Zhou Dynasty (ဘီစီ ၁၀၅၀ – ဘီစီ ၇၇၁) ကတည်းကလုပ်လာခဲ့တာ။
Zhou Dynasty ဆိုတာတရုတ်ရာဇဝင်မှာ သက်တမ်းအရှည်ကြာဆုံးမင်းဆက်ပဲ။ အဲဒီခေတ်ကတည်းကနေ ပြက္ခဒိန်ကိုနေနဲ့လနဲ့ကိုက်ပြီး ပြုပြင်လာလိုက်တာ တဖြည်းဖြည်းနဲ့ ပိုပြီးတိကျလာတယ်။
ဒီနေ့ ဖေဖော်ဝါရီလ ၁ ရက်နေ့ဟာ တရုတ်နှစ်ဆန်းတစ်ရက်နေ့တင်မက … ကိုရီးယားနှစ်ဆန်းတစ်ရက်နေ့၊ ဗီယက်နမ်နှစ်ဆန်းတစ်ရက်နေ့၊ တိဗက်တို့ရဲ့ Losar လည်းဟုတ်တယ်။
ဒါပေမယ့် Losar က တရုတ်နှစ်ဆန်းတစ်ရက်နေ့နဲ့ တိုက်တဲ့နှစ်မှာ တိုက်တယ်။ မတိုက်တဲ့နှစ် မတိုက်ဘူး။