ထိန်းမရတော့တဲ့ တရုတ်ဒုံးပျံကြီး ကျလာမယ့် နေရာနဲ့ ဖြစ်လာနိုင်တဲ့ အကျိုးဆက်များအကြောင်း
ကမ္ဘာပေါ်ပြန်ပြုတ်ကျလာနေတဲ့ China Rocket ဖြစ်တဲ့ Long March 5B အကြောင်း လက်ရှိသိထားပြီးသလောက် ပြန်တင်ပေးလိုက်ပါတယ်။ သတင်းအမှားတွေလဲ ပြန့်နေလို့ပါ။
ဘာဖြစ်နေသလဲ? Long March 5B လို့ခေါ်တဲ့ China ရဲ့ Rocket တစ်ခု ကမ္ဘာပေါ်ကို ပြုတ်ကျလာနေတာဖြစ်ပါတယ်။ ဘယ်လောက်ကြီးသလဲ? တကယ်တော့ ကြီးတယ်လို့ ပြောလို့ရပါတယ်။ အခုပြန်ကျလာနေတဲ့ အစိတ်အပိုင်းက ပေ 100 လောက်ရှိပြီး 22 တန် (ပေါင် 44000) လောက် လေးပါတယ်။
ကမ္ဘာ့လေထုက ပွတ်တိုက်မှုဖြစ်ပြီး ဖျက်မပစ်နိုင်ဘူးလား? ခွဲပစ်ရုံပဲရှိပါမယ်။ အစိတ်အပိုင်း အကြီးတွေကတော့ လေထုကို ဖြတ်ပြီး ကမ္ဘာကြီးပေါ် ကျလာနိုင်ပါတယ်။
ဘယ်နေရာကိုကျမလဲ? ဘယ်သူမှ မသိနိုင်သေးပါ။ ကမ္ဘာနဲ့ ပိုနီးကပ်လာပြီး ပြုတ်ကျဖို့ နာရီပိုင်းအလိုလောက်မှပဲ သိနိုင်ပါလိမ့်မယ်။ ကျွမ်းကျင်သူတွေ ခန့်မှန်းချက်အရ ပြုတ်ကျတဲ့အစိတ်အပိုင်းတွေဟာ အရှည် 1240 မိုင် အကျယ် 44 မိုင်လောက်ရှိတဲ့ ဧရိယာလောက်ထဲကို ဖြန့်ပြီး ကျမယ်လို့ မှန်းထားပါတယ်။
လူကို ထိခိုက်နိုင်ချေ ဘယ်လောက်ရှိလဲ? ကျွမ်းကျင်သူတွေ ခန့်မှန်းချက်ကတော့ ထိခိုက်နိုင်ချေ မြင့်ပါတယ်။ ထိခိုက်နိုင်ချေ 1 – 1000 ကနေ 1 – 230 ကြားရှိပါတယ်။ internationally accepted risk threshold က 1 – 10000 ဖြစ်ပါတယ်
ငါ့ကို လာထိနိုင်သလား? ကမ္ဘာပေါ်က လူတစ်ယောက်ယောက်ကို ထိနိုင်ချေက အမြင့်ဆုံးအဖြစ် 1 – 230 လောက်ရှိတဲ့အတွက် ခုဒီစာကို ဖတ်နေတဲ့ မိတ်ဆွေကို ထိနိုင်ချေက 10 Trillion မှာ 6 ဖြစ်ပါတယ်။ ဖြစ်နိုင်ချေနည်းပေမယ့် စိတ်ပူတယ်၊ ဘယ်ကနေ Track ရမလဲ?
လက်ရှိ ပြန်ပြုတ်ကျနိုင်ချေရှိတဲ့ ခန့်မှန်းထားတဲ့အချိန်က July 31, 2022 ရက်နေ့ 00:24 UTC (မြန်မာအချိန် မနက် 6 နာရီ 54 မိနစ်) လောက်ဖြစ်နိုင်ပြီး +/- ကွာခြားမှု 16 နာရီလောက်ရှိနိုင်ပါတယ်၊ (Aung Mon Chan) ပြန်ပြုတ်ကျမယ့်အချိန်ကို 2022-07-31 02:53:14 UTC (မြန်မာအချိန် မနက် 9:53 မိနစ်) ±480 မိနစ် အဖြစ် ပြောင်းလဲ ခန့်မှန်းထားပါတယ်။