နယ်သာလန်လား၊ ဟော်လန်လား (ရွှေမြန်မာတွေ အမှတ်မှားနေတဲ့ နိုင်ငံနာမည်အကြောင်း)

ကမ္ဘာ့ဖလား ဘောလုံးပွဲပရိသတ်တွေကတော့ ဥရောပမှာရှိတဲ့ ဘောလုံးအင်အားကြီးနိုင်ငံတစ်နိုင်ငံဖြစ်တဲ့ နယ်သာလန်နိုင်ငံကို သိကြမှာပါ။ Total Football လို့ လူသိများကြတဲ့ ဘောလုံးကစားနည်းစနစ်ကိုစတင်တီထွင်ခဲ့တဲ့ နိုင်ငံလည်း ဖြစ်ပါတယ်။

နယ်သာလန်နိုင်ငံကို ဟော်လန်နိုင်ငံလို့လည်း သုံးစွဲခေါ်ဆိုခဲ့ ကြပါတယ်။ အစတုန်းကတော့ ကျွန်တော်တို့ နိုင်ငံနာမည်ဖြစ်တဲ့ Burma နဲ့ Myanmar ကွဲသလို သူတို့ နိုင်ငံ နာမည်လဲ ၂ ခုကွဲနေတယ်လို့ ထင်မိပါတယ်။ အမှန်က နယ်သာလန်ဆိုတာ အဲဒီနိုင်ငံရဲ့ အမည်မှန်ပါ။ ဟော်လန်ဆိုတာ နယ်သာလန်နိုင်ငံထဲမှာရှိတဲ့ စီရင်စု ၂ ခုရဲ့ နာမည်ပါ။ နယ်သာလန်နိုင်ငံမှာ စီရင်စု ၁၂ ခုရှိပြီး ယင်းတို့အထဲမှာ တောင်ဟော်လန်နဲ့ မြောက်ဟော်လန် စီရင်စုဆိုပြီး ပါဝင်ပါတယ်။

ဟော်လန်လို့ ခေါ်ဆိုခဲ့ရခြင်းရဲ့ အကြောင်းရင်းက ဒီလိုပါ။ ၁၇ ရာစု မှာ ဒတ်ချ်လူမျိုးများက သင်္ဘောများနဲ့ ကမ္ဘာကို စတင်နယ်ချဲ့စဉ်မှာ နယ်သာလန်နိုင်ငံဆိုပြီး မဖြစ်သေးပါဘူး။ နယ်ချဲ့သင်္ဘောအများစုကလည်း ဆိပ်ကမ်း နယ်မြေဖြစ်တဲ့ တောင်ဟော်လန်နဲ့ မြောက်ဟော်လန်ဒေသက လာတာပါ။

အဲဒီအချိန်က သင်္ဘောသားများကို ဘာလူမျိုးလဲ၊ ဘယ်ကလာသလဲ လို့ မေးလိုက်ရင် ဒတ်ချ်လူမျိုး၊ ဟော်လန်ဒေသက လာတာလို့ ဖြေခဲ့ကြပါတယ်။ အဲဒါကြောင့် နယ်သာလန်နိုင်ငံ ပေါ်ပေါက်လာတဲ့အခါ ဟော်လန်ဆိုတာ နယ်သာလန်ရဲ့ အတိုကောက်ဖြစ်တယ်လို့ အမှတ်မှားခဲ့ကြတာပါ။ နယ်သာလန်နိုင်ငံရဲ့ ကျန်တဲ့ စီရင်စု ၁၀ ခုမှာလည်း သူ့သမိုင်းကြောင်းနဲ့သူ ရှိပါတယ်။ အဲဒါကြောင့် နယ်သာလန်နိုင်ငံက လာတဲ့သူတိုင်းကို ဟော်လန်နိုင်ငံက လာတာလားလို့ သွားမမေးသင့်ပါဘူး။ စိတ်အနှောင့်အယှက် ဖြစ်စေနိုင်ပါတယ်။

ဟော်လန်ဆိုသည်မှာ နယ်သာလန်နိုင်ငံ၏ အမည်ကွဲတစ်ခု မဟုတ်ပါ။ ယင်းနိုင်ငံတွင် ပါဝင်သော စီရင်စု ၂ ခု ဖြစ်သည့် တောင်ဟော်လန်နှင့် မြောက်ဟော်လန်ဒေသများကို ခေါ်ဆိုခြင်းဖြစ်သည်။ နယ်သာလန်နိုင်ငံတွင် နေထိုင်သောလူများကို ဒတ်ချ်လူမျိုးများဟု ခေါ်ဆိုပြီး ဒတ်ချ်ဘာသာစကားကို အသုံးပြုကြသည်။

Leave a Reply

Your email address will not be published. Required fields are marked *

x

You cannot copy content of this page