နိုင်ငံကူးလက်မှတ်ပတ်စ်ပို့ကို ပွဲစားမလိုဘဲ ၃ သောင်းခွဲနဲ့ တနေ့တည်း အပြီးလုပ်နည်း အဆင့်ဆင့်

ကိုယ်တွေ ဒီနေ့သွားလုပ်ခဲ့တာ တစ်နေ့တည်းနဲ့ ပြီးတယ်။ မနက် ၅ နာရီအရောက်သွား၊ မြန်မာပလာဇာဖက်က ပွဲစားနဲ့လုပ်တဲ့သူတွေပဲ ဝင်လို့ရပါတယ်။ ကိုယ့်ဘာသာလုပ်မယ့်သူတွေ ဆရာစံပန်းခြံဘက်ကနေ တန်းစီရပါတယ်။ မှတ်ချက် ~မည်သူတစ်ဦးတစ်ယောက် ပြောတာမှ လက်မခံပါနဲ့ လက်ဖက်ရည်ဖိုး (၃၀၀၀) ပေးရင် တန်းမစီရဘူး ပြောလဲမယုံပါနဲ့ အထဲရောက်မှဖောင်ဝယ်ပါ။

အဆင့်-၁။ ရဲဂိတ်ကိုဖြတ်ဖို့အတွက် ကျား/မခွဲပြီး တန်းစီရပါမယ် (စာရွက်စာတန်းဖိုင်၊ ဖုန်း၊ ပိုက်ဆံအိတ်ပဲ ယူလို့ရပါမယ်) ကျန်သောပစ္စည်းများ လုံးဝယူခွင့်မရှိ။ တစ်ရက်တည်းနဲ့ မပြီးခဲ့သောသူများ၊ စာအုပ်လာထုတ်သူများ၊ ပွဲစားအပ်ထားသူများ၊ ဆိုင်ရာပိုင်ရာများကို အရင်ခေါ်သွင်းပါတယ်။ နောက်ဆုံးမှ ကိုယ်ဘာသာလုပ်တဲ့သူတွေကို ခေါ်သွင်းပါတယ် ရဲဂိတ်မှာ စစ်ဆေးပြီး သွားရင်တော့ passport ရုံးရှေ့ ပြေးပေတော့။

အဆင့်-၂။ ရုံးထဲကိုဝင်ဖို့ ကျား/မ မခွဲတော့ပဲ ရုံးရဲ့ဘေးကနေပြန်ပြီး တန်းစီရပါမယ် အဝင်ဝမှာ မှတ်ပုံတင်/သန်ခေါင်စာရင်း(မူရင်း) ပြပြီး ဝင်ရပါမယ်။ အဆင့်-၃။ ရုံးထဲရောက်ပြီဆိုတာနဲ့ ညာဘက်မှာ ရဲနှစ်ယောက်ထိုင်နေတဲ့ စားပွဲရှိပါတယ်။ အဲ့ဒါဖောင်လိုချင်လို့ဆိုပြီးတောင်းလိုက်ပါ။ ဖောင်ကြေး မိမိသဒ္ဒါရှိသလောက် ပေးရင်ရပါပြီ။ ဖောင်ယူပြီးမဖြည့်ပါနဲ့အုံး အရင်ဆုံး လ.ဝ.က ဂိတ် (၁ကနေ ၁၄)ထိရှိပါတယ်။ လူရှင်းတဲ့ဂိတ်ကိုရွှေးပြီး တန်းစီပါ။

တန်းစီနေတုန်း ဖောင်ဖြည့်ပါ။ လ.ဝ.က ဂိတ်ရောက်ရင် မှတ်ပုံတင်မူရင်း၊ သန်းခေါင်စာရင်းမူရင်း၊ မှတ်ပုံတင်မိတ္တူ၊ သန်းခေါင် စာရင်းမိတ္တူ နှစ်စုံနဲ့ ဖြည့်ထားတဲ့ ဖောင်ကိုပေး မျက်နှာနဲ့လက်ဗွေ scan ဖတ်ပြီးရင် မှတ်ပုံတင်မူရင်း၊ သန်းခေါင်စာရင်းမူရင်းနဲ့ မိတ္တူတစ်စုံနဲ့ မိမိဖြည့်ထားတဲ့ဖောင်ကို ပြန်ပေးပါတယ်အဲ့မှာ (၂၀၀၀) ပေးရပါမယ် ဘဏ်ချလံပြန်ရပါတယ်။

အဆင့်-၅။ ချလံရပြီဆိုတာနဲ့ မြန်မာ့စီးပွားရေးဘဏ်မှာ ဘဏ်ချလံနှင့်အတူ(၂၅၀၀၀)ပေးလိုက်ပါ ပေးပြီး ငွေသွင်းပြီးစီးကြောင်းချလံရဖို့ ပြန်စောင့်ရပါတယ်။

အဆင်-၆။ ချလံပြန်ရပြီဆိုရင် ဘေးနားမှာရှိတဲ့ လူနည်းတဲ့ဓါတ်ပုံအခန်းတွေရှေ့မှာ တန်းစီရပါမယ်။ အဲ့မှာ ဘဏ်ချလံရယ်၊ မှတ်ပုံတင်မိတ္တူ၊ သန်းခေါင်စာရင်းမိတ္တူရယ် ပြရပါတယ်။ ပြီးရင် ဓါတ်ပုံရိုက် လက်ဆယ်ချောင်းလုံး လက်ဗွေနှိပ် မျက်လုံး scan ဖတ် မိမိရဲ့ လက်မှတ်ထိုး ဒါတွေအားလုံးပြီးရင်တော့ စာအုပ်ထုတ်ရမယ့်ချလံပြန်ရပါတယ်။ PV ဆို (၅၀၀၀)ပဲပေးရပါတယ် PJ ဆို (၈၀၀၀)ပါ။

ဒီအဆင့်ထိပြီးရင်တော့ အဲ့ချလံမှာ ကိုယ်က pv လား pj လား ကိုယ့်နာမည် စစ်သင့်စစ်ထိုက်တာတွေစစ်ပြီးရင် စာအုပ်ပြန်လာရွေးရမည့် ရက်ပါ တစ်ခါတည်းပါတယ်။ ဒါဆိုရင်တော့အားလုံးပြီးပါပြီ။ စုစုပေါင်း ဖောင်သဒ္ဒါကြေး ၁၀၀၀/၅၀၀၊ လဝက ၂၀၀၀၊ မြန်မာ့စီးပွားရေးဘဏ် ၂၅၀၀၀၊ ဓါတ်ပုံရိုက် ၅၀၀၀/၈၀၀၀၊ စုစုပေါင်းမှ ၃၅၀၀၀/၃၂၅၀၀ လောက်ပဲကြပါတယ်။ (မူရင်းရေးသားသူအား လေးစားမှုဖြင့် – bkr)

Leave a Reply

Your email address will not be published.

x

You cannot copy content of this page