ကမ္ဘာကိုလှုပ်ခတ်သွားတဲ့ တရုတ်ပြည်က ရွှေတုံးအတုများ ပြုလုပ်ခြင်း နောက်ကွယ်က လျှို့ဝှက်ချက်
ကမ္ဘာ့ရွှေစျေးကွက်ကို လှုပ်ခတ်သွားစေသောဘဏ်ကြီး 14 ခုမှ ပေါင်နှံထားသော ရွှေ (83)တန် လိမ်လည်မှု နောက်ကွယ်က လျှို့ဝှက်ချက်…
ရွှေ အတုပြုလုပ်သွားသောနည်းပညာသည် စေ့စပ်သေချာသကဲ့သို့ ဘက်ပေါင်းစုံတော်လွန်းလှပေသည် ဘဏ် ကို ဖေါက်သွားတယ်လို့ဆိုရင်လည်းမမှားပါဘူး အတွင်းစည်းအတွင်းလူကြောင့်လဲမဖြစ်နိုင်ပါဘူး ဘဏ်ကြီး 14 ခုကလူတွေ ပါဝင်ပါတ်သက်ဖို့ဆို ဘယ်နည်းနဲ့မှမဖြစ်နိုင်ပါဘူး သေချာတာကတော့ နည်းပညာကျိုးပေါက်သွားခြင်းတာဖြစ်ပါသည်။ အထောက်အထားခိုင်ခိုင်မာမာနဲ့ ပြပါ့မယ် မြန်မာနိုင်ငံက ရွှေလုပ်ငန်းလုပ်ကိုင်သူတွေ အလိမ်မခံရအောင် ဘယ်လိုနည်းပညာတွေ နဲ့ ခေတ်မှီစက်တွေ ကို ရိုးရှင်းစွာဖြတ်ကျော်ပြီ ရွှေ (83)တန်ကို ပိပိရိရိလိမ်သွားလုပ်ဆောင်သွားတာလဲ ဆိုရင်ဘဏ်တွေမှာထားရှိသောအဓိက ဂိတ် main point ကြီး 4 ခုကို အခက်အခဲမရှိကျော်ဖြတ်နိုင်ခဲ့သောကြောင့်ဖြစ်သည်။
(1) logo save အမှတ်အသား ဂဏန်းစာ အရွယ်အစား တုပရန်ခဲယဉ်းအောင်ပြုလုပ်ရိုက်နိုပ်ထားခြင်း။
(2) average check weigh ပျှမ်းမျှ အလေးချိန် ထုထည် စံနမူနာ တိုင်းတာချိန်တွယ်ခြင်း။ (ဥပမာ) သေချစွာစစ်ဆေးထားသောရွှေတုံးစံနမူနာ၏ ထုထည်အတိုင်းအတာနှင့် အလေးချိန်သတ်မှတ်ထားသောကြောင့် အတုပြုလုပ်ထားသောရွှေတုံးသည်တထပ်တည်းကျရန်မဖြစ်နိုင်ပေ။
(3) densty သိတ်သည်းဆ တိုင်းတာစစ်ဆေးခြင်း။ ဒီနည်းကလည်း 75% သေချာသလောက် ရှိကြောင်းအားလုံးသိကြမှာပါအခေါက်ရွှေ 1 ကျပ်သားကို ကြေးနီ 1 ပဲရောလျှင်ပင် သိသာထင်ရှားသောစစ်ဆေးနည်းဖြစ်သည်။
(4) X- ray လေဆာ ဖြင့်ဓာတ်ခွဲစစ်ဆေးခြင်း ။ fanil အဆင့်ဖြစ်သည်လူတစ်ဦး၏ အတွင်းပိုင်းကလီစာများကို တစ်မျိုး စီ ရှင်းရှင်း ကြီး မြင်ရသကဲ့ သို့ပင်ရွှေတုံး၏အတွင်းဖောက်၍ သိနှိင်ရုံမက ကလာပ်စည်းများမည်မျှပင်ပေါင်းစပ်နေပါစေ ဓာတ် ပစ္စည်း အမျိုးပေါင်း30 နီးပါးကိုပါဝင်မှု့ % အမျိုးစားလိုက်ခွဲခြမ်းစိတ်ဖြာပေးနိုင်သော နောက်ဆုံးပေါ် အဆင်မှီ analysis အရည်အသွေးမှီစက် ဖြင့်စစ်ဆေးခြင်းဖြစ်သည် ။ ရွှေတုံးကို လေဆာမဖေါက်နိုင်၍ ဟုဆိုသည်မှာ၎င်း X rsy အကြောင်းနားမလည်ပြောခြင်းဖြစ်သည်။
(အခြားသောနည်းများလည်း ရှိပါသေးသည်)
ဒီလိုတိကျသေချာတဲ့ ဂိတ်ကြီးတွေကိုလွယ်ကူစွာ အတားအဆီးမရှိ ဖြတ်ကျော်နိုင်ဘို့အသုံးပြုသွားသောအရာ.clone gold.ခေါ် ရွှေနှင့်အားလုံးနီးပါးတထပ်တည်းတူညီသည့်ကိုယ်ပွားအကြောင်းရွှေလုပ်ငန်းရှင်များထဲထဲဝင်ဝင် သိဘို့လိုပါလိမ့်မည် သိုမဟုတ်ပါကမထင်မှတ်သောအမှားမှ အလျော်အစားကြီးမားသွားနိုင်ပါတယ် ၄င်းသည်၊
(က) ရွှေ၏သိတ်သည်းဆ နှင့်တထပ်တည်းကျအောင်ပြုလုပ်တုပနိုင်ခြင်း။
(ခ) ရွှေကဲ့သိုပင်ပမာအလေးချိန် တထပ်တည်းကျခြင်း။
(ဂ) X- ray အဖြေသည် ရွှေ၏ရလာဒ်အဖြေ အနေဖြင့် ထူးခြားစွာပြခြင်းဖြစ်သည် ၊ရွှေကို (3) မျိုးခွဲစစ်ပါက spectra ရောင်စင်လှိုင်းတွင် အဝါရောင်ဖြင့်ဖေါ်ပြပြီး(8)မျိုးခွဲစစ်ပါက spectra ရောင်စင်လှိုင်းတွင်ခဲရောင်ဖြင့် ဖေါ်ပြချက်လည်းတူညီပြီး(au) ရွှေဟုဖေါ်ပြသချက်တွင်လည်း 99.99 မီလင်းအခေါက်ရွှေ အ တိုင်း ရာခိုင်နုန်း ထပ်တူအဖြေ ထွက်ရှိသဖြင့် မည်သူမျှမထင်ထားသောအချက်ကို အသုံးချ လိမ်လည်သွားခြင်းဖြစ်ပါသည်။
(သတိပြုရမည့်အချက်ပင်)
မြန်မာ ပြည်တွင်ပို၍သတိပြုစေလိုပါသည် မိမိ စီမံခန့်ခွဲဖို့ပေး ထားသူတွေကခေတ်ပညာလောက်သာတတ်ကြပြီး ရွှေနှင့်ပါတ်သက်၍ ထဲထဲဝင်ဝင်သိရှိမှု့ လွန်စွာအားနည်းကြလေသည် ခေတ်မှီစက်ကို 100% မျက်စိမှိတ် ယုံကြည်သောကြောင့် ယခု လိုလှည့်ဖြားခံရခြင်းဖြစ်ပါတယ် ရွှေကိုလက်တွေကျကျ စစ်ဆေးတဲ့နည်းတွေကိုအထင်သေးပြီးဘေးချထားတာမျိုးမလုပ်စေ သင့်ပါ စက်တွေဆိုတာလည်း err ရှိသလို သူပြောတာ နှင့် ကိုထင်တာ လွဲမှတ်မှားနိုင်တဲ့အချက်တွေလည်းရှိပါတယ်အောက်မှာ analysis လုပ်ထားတဲ့အဖြေ ကသက်သေပါပဲ။
ဒီလိုမျိုးမဖြစ်အောင်ဘယ်လို ကာကွယ်ရမလဲ.? ဘယ်နည်းနဲ့ သိရှိနိုင်မလဲ.?။
(အဖြေကတော့) Clone အတု၏ အားနည်းချက်
-မီးပေါင် 500°c ရှိ၍ ရွှေတုံးကို မီးအနည်းငယ်အပူပေးရုံနှင့် ၄င်း၏တွန်းကန်မှု့ကြောင်ဖောင်း ကြွလာပါလိမ့်မည် မီးရဲအောင် ပေးလျှင် အပြင်သို့ပင်ဖေါက်ထွက်ပါသည်(မဖြတ်ကြည့်ချင်ပါက)။
-၄င်းအသားသည် မှတ်ငရဲမီးခံ သော်လည်း အမဲရောင်သာပြခြင်း။
-နောက်ဆုံး နည်း ရွှေတုံးကို ဖြတ်ကြည့်သောနည်းဖြစ်သည် သေချာသောနည်းဖြစ်သည်ဟုဆိုသော်လည်း ၊ ညဏ်များသူတို့ကအများဆုံး ဖြတ်ကြည့်နိုင်တဲ့နေရာကို save လုပ်ခြင်း လက်လှည့်ပညာဖြင့် အစားထိုးနိုင်သလို ၄င်း clone အတု အသားကို ဆေးသွင်းခြင်း အရောင်ဆိုးခြင်းနည်းပညာ ရရှိမသွားနိုင်ဘို့သာ ဆုတောင်းရပါတော့မည် ရသွားခဲ့လျှင်တော့စဉ်းစားသာကြည့်ကြပါတော့… ရွှေအရောင်. အရည်အချင်း. စံသတ်မှတ်ချက်တွေ တထပ်တည်းတူညီနေ၍ဖြတ်၍ပင်မသိနိုင်တော့၍ နောက်ထပ်ဒီထက်ပိုပြီးကြီးမားသောလိမ်လည်မှုကြီးဖြစ်မလာနိုင်ဘူးဟု မည်သူမျှအတတ်မပြောနိုင်ပေ။
Clone gold ၏အားသာချက်
-သိတ်သည်းဆတူခြင်း
-ကလာပ်စည်း တူခြင်း
-densty.X-ray ရလာဒ် ရွှေအတုအဖြေသည်ရွှေအစစ်ရလာဒ်နှင့် တူညီအောင်ပြုလုပ်နိုင်ခြင်း။
ဒီလောက်ထိရွှေနှင့် တူညီနီးစပ်နေသေ ာ(clone gold)သည်အမှန်တကယ်ပြုလုပ်လို့ရပါ့မလား လို့ထင်ကောင်းထင်နိုင်သလို သူ့အကြောင်းလဲသိချင်ကြမည်ထင်ပါသည် ပထမ တုံးက ဒီအကြောင်းဒီနေရာချန်လှပ်ထားလိုသော်လည်း မိတ်ဆွေ တို့အနေဖြင့် ဇဝေဇဝါနှင့်မရေမရာမဖြစ်စေလို၍ ပြည်စုံစွာရှင်းပြပါ့မယ်။
Clone gold သည် ရွှေနှင့်အမွှာညီအကိုလိုပင်ပြောနိုင်ပါတယ် mercury ခေါ် (ပြဒါး)သာဖြစ်သည် ရွှေကို မီးနဂါးဟု ခေါ်ပြီး ပြဒါးကို ရေနဂါးဟုခေါ်ပါသည် အဂ္ဂိရတ်ဆရာများ အလွန်ကျွမ်းကျင်ကြသည် မီးနဂါးအဆင့်ရောက်သည်အထိ လုပ်ဆောင်ကြလည်းကြောင်းသိရပါသည်။ ၄င်း၏ပျော်မှတ်သည် (39°C) သာရှိ အရည်ဖြစ်ပါသည်။ ပျော်မှတ် (500°C) မီးရင့်အခဲဘဝရောက်ရန် နှင့် densty(19.3)၊ X- ray (99.99) (24.carket) ရောက်သည်အထိ သန့်စင်မှု့လုပ်ရပါသည် ပြဒါး 1 ဆ ခဲ 3 ဆနှင့်ပေါင်းပြီး အစိုင်အခဲဖြစ်စေ၍ ခဲကို salt.chloridnation နည်းဖြင့်ပြန်လည်ခွဲထုတ်ပြီး zinc ဖြင့်ပေါင်းကာ ပျော်မှတ် {500°C} ရောက်အောင်မီးပေါင်တက်ရပါသည် မကျွမ်းကျင်ပါက စမ်းမကြည့်ကြပါနှင့် အပူနှင့်အအေးတပြိုင်တည်းပြုလုပ်ရ၍ ပေါက်ကွဲတတ်ပါသည် ထိုအဆင့်ရောက်လျှင် Clone gold ဖြစ်ပါပြီ ။ ယခု ကဲ့သို့ လက်တွေ့ကျကျ ရှင်းပြရခြင်းဖြင့်မိတ်ဆွေတို့အတွက် အကျိုးတစ်စုံတစ်ရာရရှိပြီးဗဟုသုတဖြစ်စေဘို့တင်ပြလိုက်ရခြင်းဖြစ်ပါသည်။
လူအချင်းချင်း လှည့်ပတ်ခြင်း ကင်းရှင်းကြပါစေ ။
အောင်ရွှေဆိုင်(999.gold.alloy)