လာတော့မယ့် ၂၀၂၃ ကမ္ဘာ့စီးပွားပျက်ကပ်နဲ့ မြန်မာပြည်ကို ဝင်ဆောင့်နိုင်တဲ့ အခြေအနေ

ကမ္ဘာ့စီးပွားရေးပညာရှင် နျူရီရယ် ရူဘီနီ (Nouriel Roubini) က ဟောကိန်းထုတ်တယ်။ ၂၀၂၃ ခုနှစ်မှာ ကမ္ဘာ့စီးပွားရေး ပျက်ကပ်ကြုံမယ်၊ အတော်ဆိုးဆိုးကြုံမယ်၊ ၂၀၀၈ ခုနှစ်ထက် ပိုဆိုးမယ်၊ အတော်ရှည်ကြာမယ်၊ မလှမပ ဖြစ်မယ်တဲ့။

သူပြောရင်မှန်တယ်၊ ၂၀၀၇-၈ တုန်းကလည်း သာသာယာယာအချိန် ကတည်းက သူကစပြောတယ်၊ စီးပွားပျက်ကပ် လာတော့မယ်တဲ့၊ ပြောတဲ့အတိုင်းဖြစ်တယ်။ သူဟောတာ နံကြားထောက်တာမဟုတ်ပါဘူး၊ တကမ္ဘာလုံးရဲ့ အခြေအနေတွေ ငွေပေးငွေယူတွေ ဝယ်လိုအား ရောင်ရလိုအား စစ်ပွဲအခြေအနေတွေကြည့်ဟောတာ။

၂၀၂၃ ဇန်နဝါရီက စပြီး လုပ်ငန်းရှင်တွေ ရင်ခုံကြရပြီ။ အခုကောကောင်းလို့လားဆိုတော့ မကောင်းဘူး၊ ဒါပေမယ့် လက်ရှိအခြေအနေဟာ မုန်တိုင်း မဝင်ခင်ကာလတဲ့။

လက်ခံခံ မခံခံ အရှိတရားကတော့ အမေရိကန်နိုင်ငံဟာ ကမ္ဘာ့စီးပွားရေး နိုင်ငံရေး သမားစဉ်မှာ ဦးဆောင်နိုင်ငံပဲ၊ သူ နှာချေလိုက်ယုံနဲ့ တကမ္ဘာလုံး တုတ်ကွေးကွေးကြတယ်။ အခု သူ နှာစ ချေပါပြီ။ လက်ရှိ အမေရိကန်စတော့ချ်တွေ စျေးပြုတ်ကျနေတယ်။ အိန္ဒိယ တရုတ် ဥရောပ အကုန် တုတ်ကွေးလိုက်ကွေးကြတယ်။ သူတို့စတော့ချ်တွေ အကုန်ပြုတ်ကျတယ်။

တရုတ်နိုင်ငံဟာ ဒီနှစ်ကုန်မှာ အလုပ်လက်မဲ့ ၂၀% အထိတိုးလာမယ်။ ကုန်ထုတ်နိုင်ငံဆိုတော့ စီးပွားကျလို့ သူ့ကုန်တွေ ဝယ်သူမရှိရင် သူလည်း လှိမ့်ဆင်းမှာပဲ။ အိန္ဒိယ လည်း ရုရှ ကို စစ်ကိုရပ်ဖို့ပြောတယ်၊ အဲ့ဒီစစ် ရှိနေရင် ကမ္ဘာ့စီးပွားရေးက ပိုအထိနာမှာမို့လို့။ ဒီ စီးပွားပျက်ကပ် ဟာ ကျွန်တော်တို့ကိုလည်း လာဆောင့်မှာပဲ။ ၂၀၂၃ ကို ဉာဏ် နဲ့ ဖြတ်မှရမယ်။ (Kyaw Swa Win)

Leave a Reply

Your email address will not be published. Required fields are marked *

x

You cannot copy content of this page