မင်းတုန်းမင်းခေတ်ကနေ ယနေ့ထိ မရပ်မနား ပြေးဆွဲနေသေးတဲ့ လန်ဒန်မြေအောက်ရထားလိုင်း

ဒီနေ့ အလုပ်က အပြန်မှာ ဘူတာရုံမှာ မီဒီယာသမားတွေ တရုန်းရုန်း ဖြစ်နေလို့ ဘာဖြစ်တာလဲ လို့ ဝင်လေ့လာတဲ့အခါ London Underground လို့ခေါ်တဲ့ လန်ဒန်မြေအောက်ရထား နှစ် ၁၆၀ ပြည့် အထိမ်းအမှတ် လုပ်နေတယ် ဆိုတာ သိလိုက်ရတယ်။ ၁၈၆၃ခုနှစ် ဇန်နဝါရီ ၁၀ရက်နေ့မှာ လန်ဒန်မြို့ ပဲဒင်တန် (Paddington) အရပ် နဲ့ ဖာရင်ဒန် (Farrington) အရပ် ကြားမှာ မက်ထရိုပေါ်လီတန်လိုင်း (Metropolitan Line) ဆိုပြီး မြေအောက်ရထား စတင်ပြေးဆွဲခဲ့တယ်။ (အဲဒီအချိန်က မြန်မာပြည်မှာ မင်းတုန်းမင်းက တိုင်းပြည်အုပ်ချုပ် မင်းလုပ်နေတဲ့ အချိန်ပါ။ – စာတည်း)

အဲဒီအချိန်တုန်းကတော့ Underground လို့သာ ခေါ်တယ်၊ တချို့နေရာတွေမှာ မြေပေါ်ကသွားလိုက်၊ တချို့နေရာတွေမှာ မြေအောက်ကသွားလိုက်ပေါ့။ နောက်ပိုင်းတော့ လိုင်းပေါင်းများစွာ တိုးချဲ့လာတယ်။ အခုဆို တချို့လိုင်းတွေဆို ၉၀%လောက် မြေအောက်ထဲက မောင်းကြတယ်။ လိုင်းအစအဆုံး ဘူတာတွေမှ မြေပေါ်ပြန်ရောက်တယ်။ ဒီလို မြေအောက်မှာ ရထားမောင်းဖို့ အတွက် လှိုဏ်တွေ တူးထားတာဟာ ရထားသွားဖို့သာ မဟုတ်ဘဲ တခြားနေရာမှာလည်း သွားအသုံးကျတယ်ဆိုတာကို ဒုတိယကမ္ဘာစစ်မှာ သူတို့ သိလိုက်ရတယ်။

ဟစ်တလာက လန်ဒန်ကို ပြားပြားဝပ်သွားအောင် နေ့ည-ုံးကြဲခိုင်းတော့ ဒီ မြေအောက်ရထား ဘူတာတွေဟာ -ုံးခိုကျင်းတွေ ဖြစ်လာတယ်။ အဲဒီခေတ်က လန်ဒန်မှာနေသူတိုင်း မြေအောက်ဘူတာမှာ မအိပ်ဖူးသူ မရှိဘူး။ လေကြောင်းကာကွယ်ရေး အသံကြားလိုက်ပြီ ဆိုတာနဲ့ နီးစပ်ရာ ဘူတာကို ပြေးပြီး မြေအောက်လှိုဏ်ခေါင်းထဲက ရထားဘူတာ ပလက်ဖောင်းမှာ သွားနေကြရတယ်။ တခါတလေ -ုံးကြဲတာ ကြာလွန်းတော့ ညပါ အိပ်လိုက်ရတယ်။

မြေကြီးအောက်ကို ပေတရာလောက်အထိ နက်တော့ ဘူတာကို တည့်တည့် -ုံးကျလည်း လူတွေ မထိခိုက်ဘူး။ ဘူတာဆိုတာတော့ ပိတ်မိစရာ အကြောင်းလည်း မရှိဘူး။ ရထားလမ်းအတိုင်း နောက်ဘူတာ တခုကို လမ်းလျှောက်သွားလို့ ရတယ်။ မှောင်ပေမဲ့ ဓာတ်မီးနဲ့ လျှောက်သွားရင် ရောက်နိုင်တယ်။ လန်ဒန် မြို့သူမြို့သားတွေဟာ ဒုတိယကမ္ဘာစစ် တခုလုံး ဒီမြေအောက်ဘူတာတွေကို -ုံးခိုကျင်းလုပ်ပြီး နာဇီတွေကို ကြံကြံခံခဲ့တယ်။

တချို့ဆို လေကြောင်းရန် ကင်းရှင်းကြောင်း အချက်ပေးလို့ ပြန်ထွက်လာရင် နီးစပ်ရာ pub (ဘီယာဆိုင်) မှာ တခွက်တဖလား သောက်ပြီးမှ အိမ်ပြန်တယ်။ သောက်နေတုန်း လေကြောင်းကာကွယ်ရေး အသံပြန်ကြားရင် ခွက်ပါ ယူသွားပြီး ဘူတာရုံထဲ ပြန်ပြေးကြတယ်။ “နင်တို့ -ုံးကြဲလည်း ငါတို့က မကြောက်ဘူ” ဆိုတာကို နာဇီတွေ ပြချင်လို့ ဒီဆိုင်တွေ ချာချီက တမင် ဖွင့်ခိုင်းထားတယ်လို့ ဖတ်ဖူးတယ်။ ဟုတ်မဟုတ်တော့ သူတို့ပဲ သိမှာ။

လန်ဒန်မှာ နေတဲ့ကာလတလျှောက်လုံး Underground နဲ့ ပတ်သက်ပြီး အမှတ်တရတွေ အများကြီး ရှိခဲ့တယ်။ ကားလည်း မရှိတော့ မြေအောက်ရထားကိုပဲ အဓိက ထားသုံးလာတာ။ ကံသီလို့ အကြမ်း-က်သမားတွေ ဒီရထားတွေ -ုံးခွဲတာကလည်း လွှတ်ခဲ့ဖူးတယ်။ လူပေါင်းစုံ၊ ဇာတ်လမ်းမျိုးစုံ ကြုံခဲ့ဖူးတယ်။ အနုပညာရှင်တွေ၊နိုင်ငံရေးသမားတွေ၊ ဝန်ကြီးချုပ်၊ မြို့တော်ဝန်တို့နဲ့လည်း တတွဲတည်း အတူတူစီးဖူးတယ်။ ရထားပေါ်က အကြောင်းတွေလည်း စာတွေလည်း အများကြီး ရေးခဲ့ဖူးတယ်။

ကမ္ဘာပေါ်မှာ ပထမဆုံးမြေအောက်ရထားဆိုတော့ လမ်းတွေ၊ စနစ်တွေလည်း အိုပြီ။ ဟိုနေရာပျက်လိုက်၊ ဒီနေရာ ပျက်လိုက်နဲ့ ပြင်လို့လည်း မဆုံးတော့ဘူး။ ဒါပေမဲ့ တခြားနိုင်ငံက လာလည်သူတွေကတော့ အနည်းနဲ့ အများ ချီးကျူးကြတယ်။ စီးလို့ ကောင်းတယ်၊ သန့်ရှင်းတယ်တဲ့။ ကိုယ့်အနေနဲ့ကတော့ ခေတ်သိပ်မမီပေမဲ့ ဒီ Underground ပဲ စီးနေဦးမှာ။ Happy 160th Birthday London Underground!၊ ရေးသားသူ AKMoe 2023/01/10

Leave a Reply

Your email address will not be published. Required fields are marked *

x

You cannot copy content of this page