Vitamin D သောက်လို့ ကိုဗစ် ခံနိုင်ရည်ရှိတယ်ဆိုတာ ဂျင်းပါ၊ မြန်မာတွေ သောက်စရာမလိုပါဘူး

Vitamin D သောက်လို့ ကိုဗစ်ခံနိုင်ရည်ရှိတယ်ဆိုတာ ဂျင်းပါ၊ မြန်မာတွေ သောက်စရာမလိုပါဘူး..

Vitamin D လိုတယ်ဘာညာနဲ့ စွတ်မသောက်ကြနဲ့။ သူ့သောက်လို့ ကိုဗစ်ခံနိုင်ရည်ရှိတယ်ဘာညာဆိုတာ ဆေးရောင်းကောင်းအောင် ထည့်ထားတဲ့ ဂျင်းတွေ။ ဆေးရောင်းတဲ့သူတွေထောပြီး သောက်တဲ့သူတွေ ကွိုင်တက်မှာပါ။

Vitamin D ဆိုတာ အဆီမှာပျော်ဝင်တဲ့ ဗီတာမင်။ ပိုသွားရင် Vitamin C လိုမျိုး လွယ်လွယ်မစွန့်ထုတ်နိုင်ဘူး။ အဆိပ်ဖြစ်လွယ်တယ်။ Overdose ဖြစ်လွယ်တယ်။ အန္တရာယ်ပေးမယ်။

မြန်မာနိုင်ငံလို နေရောင်ခြည် မတရားရတဲ့နိုင်ငံမှာ ဘာ Vitamin D မှ ဖြည့်စွက်စားစရာမလိုဘူး။ Vitamin D ရချင်ရင် မနက် နေရောင်ထဲ ထွက်ထွက်ပေးရုံပဲ။ အဲ့လို ဂျင်းတွေကို အစိုးရ သတင်းစာမှာပါ ဆောင်းပါးပါတယ်ဆိုတော့ ဘာပြောရမှန်းမသိဘူး။

ကိုဗစ်ခံနိုင်ချင်ရင် Vitamin C (စီဗစ်) ကလွဲလို့ ဘာမှ မသောက်ပါနဲ့။ လျှောက်သောက်ရင် အသည်းထိ ကျောက်ကပ်ထိတွေဖြစ်ကုန်တဲ့အပြင် ပိုက်ဆံလဲ ကုန်ပါတယ်။ လုံးဝ လုံးဝ မသောက်ပါနဲ့..

Vitamin D ပြီးတော့ Zinc တဲ့။ ဂျင်းတွေပါဆို..

Zinc ဆိုတာ ခန္ဓာကိုယ်ရဲ့ ကိုယ်ခံအားစနစ်ကောင်းအောင်လိုတဲ့ ပစ္စည်းမှန်ပါတယ်။ ဒါပေမယ့် လူတိုင်းဟာ အစားအသောက်ကနေ လုံလောက်စွာရနေပြီးသားပါ။ ဘယ်လိုလူတွေပဲသောက်ရမလဲဆို သားသတ်လွတ် အရွက်ချည်းပဲစားတဲ့သူတွေရယ်၊ အရက်သမားတွေရယ်၊ အူလမ်းကြောင်း ခွဲစိတ်ဖြတ်တောက်ထားတဲ့သူတွေရယ်ပဲ Zinc အဓိကအားနည်းတာပါ။ ကျန်တဲ့သူများ သောက်ဖို့ လုံးဝ လုံးဝ မလိုတာပါ..

Zinc သောက်လို့ လွန်သွားရင် ဘာဖြစ်မလဲ.. ခေါင်းမူး ခေါင်းကိုက် အန်မယ်၊ အစားအသောက်ပျက်လာမယ် ဗိုက်တွေအောင့်မယ် ဝမ်းသွားမယ်။ သိပ်သောက်တာများသွားရင် ကိုယ်ခံအားစနစ်ပါ ကျတတ်တယ်၊ ကောင်းတဲ့ HDL ဆိုတဲ့ ကိုလက်စထောလဲကျပါတယ်။

လာမေးတဲ့ တယောက်ဆို Zinc တွေသောက်ပြီး ခေါင်းမူးတယ်၊ အန်တယ်၊ တစ်ချို့ အိပ်ရာထဲကတောင် မထနိုင်တော့ဘူးဆိုပဲ။ ကိုဗစ် မဖြစ်အောင်ဆိုပြီး ဘယ်လောက်တောင် ဆော်ထည့်လိုက်တယ်မသိဘူး။ ဒီတော့ Zinc လဲ လုံးဝ လုံးဝ မသောက်ကြပါနဲ့..

ဒေါက်တာကျော်ကျော်စိုင်း (M.B.,B.S. IM1)

Leave a Reply

Your email address will not be published. Required fields are marked *

x

You cannot copy content of this page