စိုက်ပျိုးရေးပညာရှင် မရှိဘဲ မြေကြီးက ရွှေသီးတယ်ဆိုတဲ့ ဂျင်းဆောင်ပုဒ်ပဲ ရှိတဲ့ နိုင်ငံ
စိုက်ပျိုးရေး ပညာရှင် မရှိဘဲ မြေကြီးက ရွှေသီးတယ်ဆိုတဲ့ ဂျင်းဆောင်ပုဒ်ပဲ ရှိတဲ့ နိုင်ငံ…
နယ်သာလန်နိုင်ငံဟာ မြန်မာပြည်ထက် တိုင်းပြည်အရွယ်အားဖြင့် အဆ ၂၀ သေးငယ်ပြီး၊ လူဦးရေ ၃ ဆ နည်းပါတယ်။ ဒါပေမယ့် စိုက်ပျိုးမွေးမြူရေးထုတ်ကုန်များ Export လုပ်ရာမှာ ကမ္ဘာပေါ်ဝယ် အမေရိကန်နောက် ဒုတိယချိတ်ပြီး၊ မြန်မာပြည်ထက် ၁၂ ဆ သာနေပါတယ်။ ပုံမှာ နယ်သာလန်မှ ကမ္ဘာ့အကောင်းဆုံး စိုက်ပျိုးမွေးမြူရေးဘာသာတက္ကသိုလ် ဝက်ဂန်နင်ဂန်တက္ကသိုလ်ပဲ ဖြစ်ပါတယ်။
မြန်မာပြည်မှာ ရေဆင်းစိုက်ပျိုးရေးတက္ကသိုလ်တစ်ခုပဲရှိပြီး၊ အိမ်နီးချင်း အိန္ဒိယမှာ ၇၁၊ တရုတ်မှာ ၂၃၊ ထိုင်းမှာ ၁၄၊ ဘင်္ဂလားဒေ့ရှ်မှာ ၁၃ အသီးသီး ရှိကြပါတယ်။
ကျွန်တော်တို့ဆီက မြေလွတ်မြေရိုင်းတွေပေါသလောက် စိုက်ပျိုးမွေးမြူရေးပညာ မထွန်းကားခဲ့လို့သာလျှင် ခုလိုစွမ်းဆောင်ရည်နိမ့်ကာ အထွက်ညံ့ဖျင်းခဲ့ရတာပဲ ဖြစ်နေတာထင်ပါတယ်။
ကိုးကား။ ။ ဒေါက်တာမျိုးကြွယ် (ဆင်ပေါင်ဝဲ)