ထိုင်းဈေးထက် ၂၃၀ ရာခိုင်နှုန်း ပိုရောင်းနေတဲ့ တိုယိုတာမြန်မာကားဈေး ဘယ်လဲ၊ ဘာလဲ

ဒီနေ့ ထိုင်းကသူငယ်ချင်းဖြစ်တဲ့ ထိုင်းလူမျိုးတစ်ယောက်နဲ့ စကားပြောဖြစ်တယ်။ ထိုင်းမှာ ရှိနေချိန်တုန်းက ဝပ်ရှော့ အတူတူ ၄/၅ နှစ်လောက် တွဲလုပ်ဖူးတယ်။

ထိုင်းမော်တော်ယာဉ် နည်းပညာကောလိပ်က ကျောင်းဆင်းပြီး ကိုယ်ပိုင်ဝပ်ရှော့ မဖွင့်ခင် ဆားဗစ်ရအောင် လာလုပ်နေတာ။ ထိုင်းမှာ တူတူနေတုန်းက ကြက်တိုက်တဲ့ အကြောင်းတွေ ကားပြင်တဲ့ ကိစ္စတွေ ပြောနေရင်းနဲ့ ကားအကြောင်းရောက်တော့ တိုယိုတာမြန်မာဆိုပြီး မြန်မာပြည်မှာ ကားထုတ်နေနိုင်ပြီလို့ ကြွားလိုက်မိတယ်။

ဈေးဘယ်လောက်လဲတဲ့။ လက်ရှိပေါက်ဈေးနဲ့ဆိုရင် ဘတ်ငွေ သိန်း ၃၀ နီးပါးလောက်ကျမယ်လို့။ သူငယ်ချင်းက ဘဝေ တိုယိုတာ ရီဝို့ လွတ်ပစ်ကပ်တိုနိကော် လာခါ အနိထိန်မိုင်း မကေးငြင်းတဲ့ (-ူးနေပြီလား တိုယိုတာ ရီဗို အဲ့လိုကားမျိုးက အဲ့ဒီဈေး ပေါက်လို့လား တစ်ခါမှ မကြားဖူးဘူး)

ထိုင်းမှာ ဘတ် ၁၂ သိန်း ၁၃ သိန်းလောက်ပဲ ရှိတယ်။ မြန်မာပြည်မှာ ဘာလို့ အဲ့လောက်ဈေးများနေတာလဲလို့ မေးတော့ ကျွန်တော်လည်း ဘာမှ မဖြေနိုင်ဘူး ဖြစ်သွားတယ်။

မေးခွန်း-တ်တယ်ဆိုတာ လက်တွေ့ ကြုံလိုက်ရတာ။ အဲ့တာနဲ့ သူနဲ့ ပြောပြီး ထိုင်း ရီဗို ဈေးနှုန်းတွေ ရှာကြည့်တော့ သူပြောတဲ့အတိုင်း ဖြစ်နေတာကို အံ့သြစွာ တွေ့လိုက်ရပါတယ်ဗျာ။ ကိုတိုး (အွန်လိုင်းကားဝပ်ရှော့)

“ကျမယ်ကျမယ်” တိုယိုတာဒဘလယ်ကက်ဘ် အကြောင်းရေးနေကြတော့ “ရွာသာကြီး Cab”(ပွဲစားအခေါ်) ကို သွားသတိရမိတယ် အီဆူဇူး ဒဘလယ်ကက်ဘ်ကို မြန်မာပြည်မှာ တပ်ဆင် (SKD) ပြီးရောင်းခဲ့ဖူးတယ်။ ရွာသာကြီးမှာ စက်ရုံရှိခဲ့တာမို့ ပွဲစားတွေက “ရွာသာကြီး ဒဘလယ်ကက်ဘ်” လို့ခေါ်ကြတယ်။

ကားစျေးတွေ တက်ခါစမှာ အီဆူဇူး “စက်ရုံထုတ်စျေး” ၉၇သိန်း ကျော်ပဲရှိတယ်။ ပုဂ္ဂိုလ်တချို့ “စက်ရုံထုတ်စျေး” နဲ့ ရ နေချိန်မှာ အပြင်ကားစျေးကွက်မှာ အီဆူဇူးကားက သိန်း ၄၅၀ ရှိတယ် (ရွှေတကျပ်သား ၂ သိန်းခေတ်​နော်) Nyunt Aung

Leave a Reply

Your email address will not be published. Required fields are marked *

x

You cannot copy content of this page