ရေခြားမြေခြားက ဇူဇူကြောင့် တမနက်လုံး သောက ပွားသွားရတဲ့ မြန်မာဆယ်လီများ
ယနေ့ မနက် ၈ နာရီအချိန်ခန့်က စတင်ပြီး ရေခြား မြေခြားက တယောက်သောသူ ဇူဇူကြောင့် မြန်မာပြည် ဖဘလောကမှ ဆယ်လီများ သောက ပွားစရာတွေ ဆက်တိုက်ဆိုသလို ဖြစ်လာခဲ့ပါတယ်။
သန်းနဲ့ ချီတဲ့ ဖော်လိုဝါတွေ ပျောက်ကွယ်သွားပြီး ဖော်လိုဝါ ကိုးထောင်ဝန်းကျင်ခန့်သာ ကျန်တော့တာကြောင့် ဖော်လိုဝါ ရှိမှ လုပ်စားလို့ ရမယ့် ဆယ်လီများသာမက ဖော်လိုဝါရှိမှ အိပ်ပျော်စားဝင်တဲ့ ဆယ်လီပေါက်စများပါ နေမထိ ထိုင်မသာတွေ ဖြစ်ကုန်ကြတာကို တွေ့ရပါတယ်။
ဆယ်လီများရော၊ ဆယ်လီ မဖြစ်တဖြစ် များပါ ဖော်လိုဝါ လျော့နည်းသွားတဲ့အကြောင်းကို ပို့စ်တင်လာကြတာကို တွေ့ရပါတယ်။ အဲဒီအချိန်မှာ ထူးဆန်းစွာပဲ ဖော်လိုဝါ သန်း ရာနဲ့ချီရှိတဲ့ ဇူဇူအကောင့်မှာလည်း ကိုးထောင် ဝန်းကျင်ခန့် ကျန်ရှိနေတာကို တွေ့ရပါတယ်။ ဒါပေမယ့် followed by ဆိုတဲ့ နေရာကို နှိပ်ကြည့်ရင်တော့ မိမိ ဖော်လိုဝါ ကိန်းဂဏန်း အမှန်အကန်ကို မြင်တွေ့ရတယ်လို့ ဆိုပါတယ်။
အဆိုပါ ဖြစ်စဉ်ဟာ ဖော်လိုဝါ ထောင်ကျော်ပဲ ရှိတဲ့ အကောင့်တွေမှာလည်း ဖြစ်ပေါ်နေတယ်လို့ သိရပါတယ်။ ဖော်လိုဝါတွေ ရုတ်တရက် လျော့နည်းသွားတဲ့ အကြောင်းရင်းကို ဇူဇူက ကြေညာခြင်း မရှိသေးဘဲ နည်းပညာ ဆိုင်ရာ အခက်အခဲကြောင့် ဖြစ်နိုင်တယ်လို့ အိုင်တီပညာရှင်တဦးက မှတ်ချက်ပေးပါတယ်။
လက်ရှိအချိန်မှာ မြန်မာပြည် ဖဘလောကမှာတော့ ထုံးစံအတိုင်း အဖွဲအမျိုးမျိုး ကွဲသွားကြပြီ ဖြစ်ပါတယ်။ ဖော်လိုဝါ လျော့သွားတာ ေ-ာက်ရေးကြီးလို့လား ဆိုတဲ့အဖွဲ့၊ ဖော်လိုဝါ လျော့တာ အရေးမကြီးဘူး ကိုကို့အချစ်တွေ မလျော့ဖို့ အရေးကြီးတယ် ဆိုတဲ့အဖွဲ့၊ ဖော်လိုဝါ လျော့သွားမှာ စိုးကြောက်စရာ ဆိုတဲ့ အဖွဲ့ စသဖြင့် အမျိုးမျိုးအဖုံဖုံ ကွဲပြားပြီး သောကရောက်နေတယ်လို့ သိရပါတယ်။