ပွဲစားတွေကို ယုံပြီး ပုံအပ်မိခဲ့လို့ ဒူဘိုင်းလမ်းဘေးမှာ ဒုက္ခရောက်နေတဲ့ မြန်မာ ၃၀၀ ကျော်

ဒူဘိုင်း ကို အေးဂျင့်လေးခု၏ လိမ်လည်မှုကြောင့် မြန်မာ ၃၀၀ ကျော် ဒုက္ခရောက်နေပါသည်။ လက်ရှိအားလုံး လမ်းဘေးရောက်နေပါသည်။

အေဂျင်စီ ကောင်းလား မေးနေသူများ ကြည့်ကြပါ။ အေဂျင်စီနဲ့ မလာပါနဲ့၊ အင်္ဂလိပ်စာ မကျွမ်းရင်လည်း ကြိုးစားပါ။ အခုက အေးဂျင့် (၄) ခု ပေါင်းရိုက်ပြီး လုပ်စားသွားတာပါ။ အေးဂျင့်နာမည်တွေတော့ မဖော်ပြ ပေးတော့ပါဘူး။

Al Rigga နဲ့ Union နေရာ နှစ်ခုပေါင်းမှာ ဒုက္ခရောက်နေသူ စုစုပေါင်း အယောက် ၃၀၀ ကျော် ရှိပါတယ်။ ယနေ့ မနက် ၄နာရီ (မြန်မာချိန် ၆:၃၀)တွင် ဒူဘိုင်း ပိုက်ဆံ Aed 500+ အကြွေစေ့ 83 aed ထောက်ပံ့ပေးနိုင်ခဲ့ပါတယ်။ တစ်ယောက်လျှင် 10aed ဝေခွဲပေးခဲ့ပါတယ်။

ရဲများ ရောက်လာချိန်တွင် ဗီဒီယို ရိုက်ကူးဖို့ ခွင့်မပြုခဲ့သဖြင့် မှတ်တမ်း မတင်နိုင်ခဲ့ပါ။ ဗီဒီယိုရိုက်သည့် ဖုန်း အခွဲခံလိုက်ရပါတယ်။ (Nyi Nyi Win Htut)

ဒူဘိုင်းကို ပို့ပေးမယ်လို့ ပြောတဲ့ ပွဲစားတွေရဲ့ ပေါင်းစားရိုက်စားခွင်တွေကို အောက်မှာ ဖော်ပြ ပေးလိုက်ပါတယ် ခင်ဗျာ-

ယူအေအီး နိုင်ငံ အများ အခေါ် ဒူဘိုင်းမြို့ အကြောင်းနည်းနည်းရှင်းပြမယ်..

ဒူဘိုင်းမြို့ ကို အေးဂျင့် ပေါင်းစုံနဲ့ ထွက်လာပီး အလုပ်လာလုပ်ဖို့ဆိုတာ အရမ်းလွယ်တဲ့ နိုင်ငံတခု.. မြန်မာပြည် ကနေ အေးဂျင့် ပေါင်းစုံ ပွဲစားပေါင်းစုံက နယ်ကိုယ်စားလယ်တွေဆီကနေ လူကောက်မယ် တယောက်ကို ၃၀ ၄၀ ၅၀ သိန်းတွေနဲ့ အလုပ်တွေ အရမ်း လူကြိုက်များနေတယ်တဲ့.. မြန်မာပြည်က လူတွေက ဟိုတယ် အလုပ်ဆို အရမ်းကြိုက် ကြတယ်လေ..

ပွဲစားတွေကလဲ မြန်မာပြည်က လူတွေရဲ့ အကြိုက်ကို သိတယ်.. ဟိုတယ်မှာ လုပ်ရမယ်.. Housekeeping, Waiter, Bell Boy အစရှိတဲ့ အလုပ်တွေနဲ့ ခေါ်မယ်.. အဲ့ ရန်ကုန်မှာရှိတဲ့ ပွဲစားတွေ က ဒူဘိုင်းတောင် မရောက်ဖူးဘူး.. ဒူဘိုင်းမှာ ရှိတဲ့ ဟိုတယ်တွေ မသိရင် လူပဲ ခေါ်နေသလိုမျိုး Waiter 30, Housekeeping 30 အစ ရှိသဖြင့် ခေါ်ကြမယ်.. အလုပ်လုပ်ချင်တဲ့ ခလေးတွေ အလုပ်ပိတ်ထားတာ တကြောင်း.. ထိုင်း မလေး က ထွက်လို့ မရတာ တကြောင်း.. ယူအေအီး ဘက်ကို ခုန်ကူးလာကြတယ်…

မြန်မာပြည်က ပွဲစားတွေကလဲ သူ့လက်က လွတ်ပီးရော ဟိုတယ်မှာ လုပ်ရမယ် ဆို ပီးပြော.. ခလေးတွေကလဲ ဟိုတယ် ဆိုတာသာ သိတာ.. ဘယ် ဟိုတယ် မှန်းလဲမသိ စမ်းတဝါးနဲ့ လာ ကြရတာ..ဘာ အထောက်အထားမှလဲ မရှိ.. ရန်ကုန်က ဆီဒိုးနားကို ပြေးမြင်ပီး ဟိုတယ်ဆိုတာ ငါတို့ မြန်မာပြည်က ဆီဒိုးနား ပုံစံမျိုးဆိုပီး လာခဲ့ကြတယ်..

၃ လ ဗီဇာကို ဘဝ ကြီးထင် ဒေါ်လာ ၇၅၀ တန် emirates လေကြောင်းလိုင်းကို စီးရတော့ မယ်ဆိုတော့ အဲ့အချိန် သူတို့ကို ဘယ်သူတားတား တားတဲ့လူ သူတို့ ရန်သူ.. ငါသွားမှာ မနာလိုလို့ ပုတ်ခတ်ပြောတယ် မြင်ကြမယ်..

ရန်ကုန်လေဆိပ်မှာ ဓာတ်ပုံတွေရိုက် ကိုယ့် ဖေ့စဘွတ်အကောင့်တွေမှာတင် bye bye myanmar ပေါ့.. သူတို့အတွက်တော့ ဒါဟာ အမှတ်တရဆိုပေမယ့်.. ပွဲစားတွေအတွက် အဲ့ဓာတ်ပုံတွေဟာ ပိုက်ဆံ မကုန်ပဲ မားကတ်တင်းဆင်းတယ်လို့ ခေါ်တယ်.. ပို့လိုက်တဲ့ ရန်ကုန်က ပွဲစားတွေ ယူအေအီး တောင် အရှည်ကောက် ဘာမှန်း မသိဘူး.. ယူအေအေီး ကို ရောက်နေတဲ့ လူတွေ ထက်တောင် ဂျပိုးကို လိပ်ဖြစ်အောင် ပြောပြမယ်..

ပွဲစားတွေရဲ့ ဖဘ တွေမှာ လေဆိပ်မှာ လေယောဉ်စီးမယ့် ပုံတွေတင် ပီးရင် ဟိုရောက်တာနဲ့ တန်းပီး အလုပ်ဝင်မယ့် ပုံစံမျိုးတွေ.. နောက်လူတွေ အားကျလာအောင် မြူဆွယ်မယ်.. သွားချင်တဲ့ လူတွေ က အဲ့ပုံတွေမြင်ပီး ဆက်သွယ်မယ်.. အရင် သွားခဲ့တဲ့ လူတွေ အဆင်ပြေတယ် မပြေဘူး ဆိုတာသူတို့နဲ့ မဆိုင်တော့ဘူး..

ယူအေအီး မှာ တောင်မရောက် မြောက်မရောက် ပွဲစားတကောင်ထားမယ်.. ပီးရင်လေဆိပ် မှာသွားကြိုမယ် အခန်းတခု ငှားထားမယ်.. ပီးရင် အခန်းထဲ မှာနေတော့.. ထွက်လာတဲ့ လူတွေကလဲ ဟိုတယ် ဆိုတာ စောင့်ရင်းစောင့်ရင်း.. နောက်ဆုံးတော့ လမ်းဘေး အမှိုက်ကြုံး၊ ပန်ကန်ဆေး နောက်ပီး သန့်ရှင်းရေးတွေ အဲ့ဒါတွေနဲ့ နှစ်ပါးသွားကြတော့တာပါပဲ..

ထွက်လာကြတဲ့ ခလေးတွေ ကလဲ ရောက်လာပီဆိုတော့ နောက်ဆုတ်ရမှာလဲ အခက် မတတ်တာတဲ့အဆုံး ဝင်လုပ်ခဲ့ တယ်.. ခလေးတွေကို တလထက် ပိုပီးတင် မကျွေးထားချင်တော့ဘူးလေ.. ဘာဖစ်လို့လဲ ဆိုရင် အရင်လူတွေ ကျန်နေရင် နောက်လူ လာဖို့ ဆိုတာ ပွဲစားတွေ အတွက် အရမ်း ခက်ခဲသွားလို့..

ရန်ကုန် ကနေ အခုပို့နေတဲ့ ပွဲစားတွေကို မေးချင်တယ်.. ဘယ် အေးဂျင့် က ဘယ် ဟိုတယ်ကို ဘယ် position နဲ့ လူ ဘယ်နှစ်ယောက် ပို့လိုက်တယ် ဆိုတာ Public ချ ပြရဲလားလို့ မေးချင်တယ်.. ရန်ကုန်က ပွဲစားရော ဒူဘိုင်းက ပွဲစားတွေရော မေးချင်တယ်.. အခု ကာလ အလည်အပတ်ဗီဇာ တွေနဲ့ ပို့နေတဲ့ ကာလမှာ ဒူဘိုင်းမှာရှိတဲ့ ဟိုတယ် တခုခု ရဲ့ မန်နေဂျာ နဲ့ ချိတ်ဆက်ပီး ပို့နေတာ ရှိလားလို့ မေးကြည့်ချင်တယ်.. ယူအေအီး ကို ရောက်လာပီ ဆိုရင် ဒူဘိုင်းမှာ ရှိတဲ့ ပါကီ ကုမ္ပဏီ နီပေါ ကုမ္ပဏီ လမ်းဘေး ပွဲစားတွေနဲ့ပေါင်း.. လူတယောက် ကို ၁၀၀၀ AED ပေးပီး Cleaner အလုပ်တွေ Kitchen helper အလုပ်တွေ.. kitchen helper သာပြောတာ ပန်းကန်ဆေး လုပ်ရတာ ပါ..

ရန်ကုန်က ပွဲစားနဲ့ ဒူဘိုင်းကို ၃ လဗီဇာ နဲ့ လာပီး ဒူဘိုင်းတောင်‌ မရောက်ဖူးတဲ့သူက အလုပ်ရှာပေးမယ် ဆိုတာကို ယုံကြည်တဲ့ လူတွေလဲ အံဩမဆုံး ဖြစ်ရတယ်.. အရှင်းဆုံး ပြောချင်တာက ၄၀ သိန်းကို သုံးယောက်ခွဲ စားကြတယ်.. ရန်ကုန်ပွဲစား.. ဒူဘိုင်းက လမ်းဘေးမြန်မာပွဲစားနဲ့ ဒူဘိုင်းက ပါကင်စတန် ကလားတို့ သုံးပွင့်ဆိုင် ဝေစား ကြတယ်..

နောက်ဆုံးအနေနဲ့ ပြောချင်တာက ရန်ကုန်ပွဲစား က visit ပို့ပီး.. ဒူဘိုင်းမြို့မှာ Hotel အလုပ်ရသွားတဲ့ လူ ဘယ်နှစ်ယောက် ရှိလဲ ဆိုတာ အရမ်းသိချင်တယ် ရန်ကုန်ပွဲစားတွေ ပို့လိုက် မြန်မာပြည်သားတွေ လုပ်နေရတဲ့ အလုပ်က သန့်ရှင်းရေး ပန်ကန်ဆေးပဲ ရှိပါတယ်..

ပွဲစားတွေကို တခု အကြံပေးချင်တာက ၇ တန်း ၈ တန်း တွေကို ဟိုတယ် ရမယ် မပြောပါနဲ့.. မဖြစ်နိုင်တဲ့ လစာတွေ မပြောပါနဲ့.. ဒူဘိုင်းမှာ အလုပ်အဆင်သင့် ရှိတယ်လို့မပြောနဲ့ ဒူဘိုင်းသည် အင်္ဂလိပ် မပြောနိုင်ရင် သန့်ရှင်းရေးအလုပ်တောင် မရတဲ့ နိုင်ငံပါ.. တကယ် အလုပ် လာလုပ်ချင်ရင် အင်္ဂလိပ် တတ်အောင် သင်လာပါလို့ အကြံ ပြုပါရစေ…

မူရင်းရေးသားသူကို လေးစားစွာဖြင့်

Leave a Reply

Your email address will not be published. Required fields are marked *

x

You cannot copy content of this page