၁၉၉၀ ခုနှစ်က အခြေအနေမျိုး ပြန်ရောက်သွားတဲ့ မြန်မာ့ဘဏ်ဝန်ဆောင်မှုတွေနဲ့ ရှေ့အနာဂတ်အလားအလာ

ဘဏ် မာန် ဟန် မဟန်။ ဘဏ်ဝန်ထမ်း (banker) ဆိုတာနည်းတဲ့ ဂုဏ်ပုဒ်မှ မဟုတ်တာ။ ဆရာဝန်ဆိုတာ အင်ဂျင်နီယာဆိုတာ ရှေ့နေဆိုတာတွေကမှ ပေါများသေး။ ဟော ဘဏ်ဝန်ထမ်း (banker) ဆိုတာကတော့ တော်ရုံတန်ရုံနဲ့အမည်ခံနိုင်ကြ တာမှ မဟုတ်တာ။

အများအမြင်မှာတော့ ဘဏ်ဝန်ထမ်း (Banker) ဆိုတာ ငွေထုပ် အကြီးကြီး ကိုရှိတာ။ မျိုးနဲ့ရိုးနဲ့ကို ချမ်းသာကြွယ်ဝကြတာ။ ရှေ့ရေးနောက်ရေး အခြေအနေ အရပ်ရပ်ကို လိမ္မာ ပါးနပ်စွာနဲ့ စီစဉ်တတ်ကြတာ။ ယဉ်ကျေးသိမ်မွေ့တာ ဘဏ်လုပ်ငန်းအတတ်ပညာတွေ နဲ့ပတ်သက်တဲ့ ပညာရပ်တွေကို သင်ကြားတတ်မြောက်ကြတာ။ စသည့်စသည့် ကောင်းခြင်းအဖြာဖြာတွေ မှန်သမျှ ဘဏ်ဝန်ထမ်း (Banker) တွေဆီမှာစုပုံပြီးကိုရှိနေကြတာ။

မှန်ပါတယ်။ နိုင်ငံအသီးသီး မှာ Banker ဆိုတာ လူတန်းစား တစ်မျိုးပါ။ ခင်လေးတို့ နိုင်ငံမှာလည်း Banker တွေ အလှိျုအလှျို ကို ပေါ် လာကြတာပါ။ ပွဲထိုင်တွေမှာ ဇီးဖြူသီးလုံးလောက်ရှိတဲ့ စိန်တွေ ရွေးဝတ်လာ တဲ့ Banker ကတော်တွေ။ ဘာလက်ဝတ်စားမှ ဝတ်စရာမလိုဘူး ဆိုပြီး ခပ်သင့်သင့် အဝတ်အထည်လေးတွေ တမင်ရွေးချယ်ဝတ်ပြီး ဂိုက်တစ်မျိုးနဲ့ စတိုင်ထုတ်ပြီး ငွေတွေ အထပ်လိုက် လှူဒါန်းကြသူတွေ။

ဒါပေမဲ့ ဘယ်လိုပဲစတိုင်တွေကွဲ ဂိုက်တွေ ကွဲကြပေမဲ့ အရေးနဲ့ အကြောင်းနဲ့ ကြတော့ သူတို့ ဆင်တူ ပညာရပ် ကိုပဲ သုံးကြ ပါတော့တယ်။ Customer တွေကို S ဂရုမစိုက်ခြင်း အနုပညာပါ။

သူတို့ ဘဏ်တွေမှာ အလုပ်အကိုင်တွေကလည်း ကောင်း၊ Customer တွေ နဲ့ကလည်း စည်ကားနေတုန်းကတော့ Customer တွေကို ကော်ဖီ ပူပူလေးတွေ ကွတ်ကီးလေးနဲ့ ဆီးတိုက်ကြ သတော့ ။ ရေသန့်စက်တွေ နားမှာ လည်း တခါနှိပ်မှ တစ်ခါ တစ်ခွက် ထွက်ကျ လာတဲ့ တစ်ခါ သုံးရေခွက်လေးတွေထည့်ထားတဲ့ စက်တွေနဲ့ ၊ အမောပြေရေအေးတွေ တိုက်သတော့။ ဒါတင်ဘယ်ကမလဲ ဒိုင်ယာယီစာအုပ် တွေ ပြက္ခဒိန်လှလှတွေ ကိုလည်း လက်ဆောင်ကမ်းကြတာ မမောမပမ်းပါပဲ။

ဟော ခုတော့ သူတို့ပြောင်းလဲသွားကြပါပြီ။ ​Customer တွေက နားလည်ပေးနိုင်ကြပါတယ်။ ငွေအပ်တဲ့ သူတွေ အားလုံးနီးပါးပြန်ထုတ်ကြလို့ ။ ငွေလွှဲ ငွေထုတ်တွေ ပြုတ်ကုန်လို့ ။အချေးအငှား အဆပ်အပြု တွေရပ်ကုန်လို့ ၊ပတ်သက်ရာပတ်သက်ကြောင်း မိတ်အပေါင်း အမိန့်နဲ့ မတန်တဆစျေးနဲ့ အပေါင်ခံမိတဲ့ မြေတွေ တိုက်တွေ အတွင်းပစ္စည်းတွေ တချို့ Customerအဆုံးခံသွားကြလို့။

ဘဏ်တွေကတော့ Customer တွေရဲ့ (1-2-2021) ရှေ့ကအစ အပ် ထားတဲ့အကောင့်မှန်သမျှ အကောင့် အဟောင်း လို့အမည်ပေး မင်္ဂလာဆင်နွှဲကြပါတယ်။ သာမန် Customer တွေကို ခေါ်မရတဲ့ Booking တင် ဘို့ ဖုန်းနံပတ် တွေ တသီကြီးပေးတာ။ တပတ် တစ်ကြိမ်၊ နှစ်ပတ်တစ်ကြိမ်၊ တစ်လ တစ် ကြိမ်၊ တစ်ကြိမ်ထုတ် (၅)သိန်း (၃)သိန်း(၂) သိန်းစသဖြင့် လျော့ လျော့ ထုတ်ပေးတာ။ ဒါပေမဲ့ မန်နေဂျာတွေဆီ တိုက်ရိုက်ဆက်တဲ့သူများကိုတော့”ဟုတ်ကဲ့ရှင့် ဟုတ်ကဲ့ခင်ဗျ ” ဆိုပြီး လိုသလောက် ထုတ်ပေးတာ နားလည် ပေးကြပါတယ်။

နောက် သာမန် Customer တွေက တိုးတိုးတောင်နားလည်ပေး ကြပါတယ်။သူတို့ ပြောတဲ့အကောင့်အဟောင်းက ငွေတွေ ရာခိုင်နှုန်းပေးမယ်ဆို ကြိုက်သလောက် ထုတ်ရကြပါတယ်။ သည်လိုနားလည်ပေးတဲ့ Customer တွေကို သူတို့က ပို ပို အထင်သေးလာကြတာပဲလား။ ဒါမှမဟုတ် သူတို့ မူရင်း စရိုက် နဲ့မျိုးရိုးပေါ်လာကြတာပဲလားတော့ မသိပါ ။ တချို့ဘဏ်တွေက ဘဏ်ထဲဝင်လာတဲ့ Customer မှန်သမျှကို လုံးဝကို မထီလေးစား ဆက်ဆံလာကြတော့တာပါပဲ။

ကော်ဖီတိုက်တယ် ဆိုတာ နေရစ်တော့ ရွှေခေတ်က။ ရေတောင် ရေသန့်စက်တွေပြန်မသိမ်းချင်လို့ ၊ ရေသန့်စက်ဘေးမှာ တစ်ခါသုံးရေခွက်တွေမထားဘူး။ ကျပ်ငါးရာကို (၃)လုံးရတဲ့ ပလပ်စတစ်မတ်ခွက် နှစ်ခု သုံး ခုတင်ထားပေးတယ်။ ရွံတတ်ရင် မသောက်နဲ့ မရွံတတ် ရင်သောက်။

မူလ ဘူတ ကတည်းကဘဏ်အဖြစ်မရွေးသင့်တဲ့ ​နေရာ တွေ မှာ ဖွင့်ထားတဲ့ဘဏ်တွေ။ အရပ်ထဲမှာ ဖွင့်တယ်။ကားရပ်စရာမရှိဘူး။ အရှေ့ဘက်မျက်နှာမူ လို့ မနက်ခင်းနေ စူးနေအောင်ပူ တယ်။ ကိုဗစ်ကြောင့် အထဲ က Customer တစ်ယောက် ထွက်တစ်ယောက်ဝင် နေပူ ထဲမှာရပ်စောင့်။ ရောင်စုံ ထီးရိပ်ထားပေးပါ။နိုးပါ လူသွားပလက်ဖေါင်းကြီး ပေါ်မှာလေ။

ဘဏ်ကြီးရဲ့ ဘယ်ဘက်က ခန်း အခန်းနီးချင်း က ဘက်ထရီအိုး ဆိုင်ပါ၊ ညာဘက်က အခန်းက အစုံသုပ်နဲ့ ဟင်းခါးရောင်း တဲ့ဆိုင်ပါ။ ဘူမိနက်သန် အမှန်ကို ရွေးထားတဲ့ (၁၂)ပေ (၅၀-၆၀)ပေ ဘဏ်တွေပါ။ ကိစ္စ မရှိပါဘူး။ ဘဏ်ထဲကို ရောက်တာနဲ့ ဘာကိစ္စ လည်း ဘာလည်း မမေးပါ။ ပထမဦးဆုံးမေးတာက “တိုကင်ရထားလို့ ငွေလာထုတ်တာ လား”တဲ့ ။ တိုကင်ရဘို့ဆိုတာ ပထမ ဖုန်းခေါ်ရဘို့ ဖုန်းခေါ်ရဘို့ ဆိုတာကလည်း “လူပြည့်ကအပ်နဲ့ နတ်ပြည်ကအပ်” ဆုံဘို့ ထက်ခက်တာ မမတွေသိထားပါရက် လှောင်ရက်ကြ ပါပေ့ကွယ်။

ဟုတ်ပီ ခင်လေး နေပူထဲ ရပ်စောင့်နေရာက အလှည့်ကျပြီ။ အထဲဝင်ရပြီ။ ငွေလွှဲ ထုတ်ဘို့ မှတ်ပုံတင်ပေးလိုက်ပြီ။ ကလေးကစားစရာ ဘဏ်လေးထဲမှာ ထိုင်စောင့်ခွင့်ရပါပြီ။ ရွံတတ်လို့ ရေသောက်ခွက် ပလပ်စတစ်ခွက်တွေနဲ့ရေသောက် ဘို့ စိတ်မကူးပါ။ ဒါပေမဲ့ ငြိမ်ငြိမ်လေး အနေမနိုင်သူ့ မို့ ဂျာနယ် လေးတွေတင်ထားတဲ့ စင်လေးပေါ်က ဂျာနယ်လေး တစ်စောင် လှမ်း ယူ ဖတ်လိုက်မိပါတယ်။ သတင်းတွေက ခပ်ဆန်းဆန်း ဖြစ်နေလို့ ဂျာနယ်နေ့စွဲလေးလှမ်းကြည့် လိုက်တော့ (၂၁-၉-၂၀၂၁)နေ့ထုတ် ဘဏ်ဂျာနယ်လေးဖြစ်နေပါလား ကွယ်။

လွယ်လွယ်နဲ့အားမလျော့ တတ်တဲ့ ခင်လေး စင်ပေါ်က ဂျာနယ်တွေရဲ့ နေ့စွဲ ​တွေ ချည် လိုက် ကြည့်တော့ ခင်လေး ပထမဆုံးဆွဲယူကြည့်မိတဲ့ ဂျာနယ်က The latest issue (အသစ်ဆုံး) ပါ ပဲကွယ်။

အကောင့်အဟောင်းက ငွေထုတ်ရဘို့လည်း မလွယ်။ ကားရပ်ဘို့ ကိုလည်း စိတ်ကူးထဲမထဲ့နဲ့။ နေရိပ် ပေးဘို့ လည်းအစီအစဉ်မရှိ။ ရေအေးသန့်သန့်လေးတိုက်ဘို့ ကလည်း ဝေး မှဝေး။ ပိဿာချိန်ကလားဆီ ရောင်းစားသင့်တဲ့ ဂျာနယ်အဟောင်းတွေ တင်ထား ရဲတဲ့ တချို့သောဘဏ် တွေရယ်။

အမေ ခဏခဏ ရွတ်ပြတဲ့ စာပိုဒ်ကလေး ပြန်ကြားမိပါတယ်။ မိန်းမပျို တစ်ယောက် ကို ယောက်ျား ပျိုတစ်ယောက်က ချစ်ရေးဆိုတော့ မိန်းမပျိုလေးက အောက်ပါအတိုင်းပြန် ပြောသတဲ့ “မိန်မသားဟူက အရှက်ရစမြဲမို့ မောင့် မျိုးရိုး တိုးတိုး ပြောပါရှင်” အမေတို့ ခေတ်တုန်းက မျိုးရိုးကို အတော်ကြည့်တာကိုး နောင်ဆို ခင်လေးတို့ လည်း ဘဏ်အသစ်တွေ ဖွင့်ကြရင် Banker အသစ်တွေရဲ့ မျိုးရိုးလည်း ကြည့်ကြပါစို့နော်။ Ahmar Wai

Leave a Reply

Your email address will not be published.

x

You cannot copy content of this page