ကျောင်းလခ ၂ သိန်းပဲ ပေးရတဲ့ ထိုင်းနိုင်ငံတကာကျောင်းတွေနဲ့ မြန်မာကျောင်းတွေရဲ့ ကွာခြားချက်
ထိုင်းက International School ကျောင်းလခ မြန်မာငွေ ၂သိန်း၊ မြန်မာပြည်က International School ကျောင်းလခ မြန်မာငွေ…၊ နောက်ဆုံးတော့ မြန်မာပြည်မှာက အကုန်လုံး အမြတ်ကြီးစားပဲလုပ်ချင်နေကြပြီး service က ချိုမိုင်မိုင်ဆိုတာ အတိုင်းသားဖြစ်နေတယ်။
ထိုင်းက အင်တာနေရှင်နယ် ပုဂ္ဂလိကကျောင်းဟာ မြန်မာပြည်က တက္ကသိုလ်တချို့ထက် ခမ်းနားတယ်။ ကျောင်းနာယကတွေထဲမှာ ကလေးစိတ်ပညာအထူးကုဆရာဝန်ကြီးတွေကို ခန့်ထားတယ်။ သူငယ်တန်းကို ၁၁ ဘာသာ သင်တယ်။ အတန်းပိုင်ကို ထိုင်းနဲ့ နိုင်ငံခြားသား တယောက်စီ တွဲပေးထားတယ်။
အင်္ဂလိပ်စာကို မိခင်ဘာသာစကားပြောသူနဲ့ ကလေးစာသင်ခွင့် အောင်လက်မှတ်ရှိသူ native speaker ကပဲ သင်ခွင့်ရတယ်။ အား/ကာ နည်းပြလည်း အဖြူပဲ။ ကလေးတိုင်း မနက်တိုင်း ကျောင်းတပတ် ပြေးရတယ်။ ဒီလိုမောင်းလို့ ကလေးတွေ ကျောင်းနေမပျော်မှာတော့ မပူရဘူး။
စနေ တနင်္ဂနွေနဲ့ နွေကျောင်းပိတ်ရက်ပါ ကလေးတွေက ကျောင်းတက်ချင်နေတာမျိုး။ မနက်ပိုင်း အင်္ဂလိပ်လိုပြောပြီး ညနေပိုင်း ထိုင်းလိုပြောရတယ်။ တနင်္လာမနက်တိုင်း စနေ တနင်္ဂနွေမှာ သွားလာ လေ့လာခဲ့သမျှ အတန်းရှေ့ တယောက်ချင်း အင်္ဂလိပ်လို ထွက်ပြောရသေးတယ်။
ကလေးတွေက သူတို့မသိသေးတဲ့ အကောင်၊ အပင် ဘာရှိလဲ အချိန်တိုင်းမေးနေတယ် အတန်းထဲမှာ ပြန်ပြောဖို့။ ၈ နှစ် ကလေးက အင်္ဂလိပ်စကားလုံးအသစ် သင်ပေးပါဆိုပြီး မေးလာတာက ၃၂ ကောဋ္ဌာသ၊ သိုင်း၊ ရေကူး၊ တူရိယာတီးခတ်မှုနဲ့ အက အတန်းတိုင်းမှာ မသင်မနေရဘာသာထဲ ပါတယ်။
၂ တန်းကလေးဟာ မိုက်ခရိုဆော့အော့ဖစ် ကို ကျွမ်းကျင်လက်မှတ်ရပြီ။ တရုတ်စာ တွဲသင်ရပြီ။ အပြင်သင်တန်း ပို့စရာမလို ကျူရှင် ထားစရာမလို။ နေ့လည်စာထမင်းကို ကျောင်းက အာဟာရပညာရှင်က တွက်ချက် ချက်ပြုတ်ထားတဲ့ နေ့လည်စာ ကျွေးသေးတယ်။ နို့တဗူး တိုက်သေးတယ်။
အဲ့လိုပညာရေးစနစ်နဲ့ဖွင့်တဲ့ ထိုင်းကျောင်းက တလကို ကျောင်းလခ မြန်မာငွေ နှစ်သိန်းပဲကုန်ပြီး မြန်မာနိုင်ငံထဲက နိုင်ငံတကာ ပုဂ္ဂလိကကျောင်းတွေက စျေးနှုန်းခေါင်ခိုက်နေတာ ကိုယ်တော့ ဘယ်လိုမှ နားမလည်ဘူး။ (Thiri Htetsan)