(၄) ဆနီးပါး ဈေးတက်သွားတဲ့ နိုင်ငံခြားဆေးတွေနဲ့ ပိုက်ဆံရှိရင်တောင် ဝယ်မရတဲ့ အဖြစ်

နိုင်ငံခြားကနေ မြန်မာနိုင်ငံကိုတင်သွင်းနေတဲ့ ဆေးဝါး‌တွေ အပြင် ဆေးပစ္စည်း တော်တော်များများပစ္စည်းပြတ်ကုန်ကြပြီး တချို့ ဆေးတွေ ဆေးပစ္စည်းတွေဆို ဈေးနှုန်း ၃၊ ၄ ဆ အထိ ခုန်တက်သွားတာသိကြလား..

ပြည်တွင်းပြည်ပက ရင်းနှီးမြှပ်နှံထားတဲ့ ဒေါ်လာတွေကို စကစ က တစ်ဒေါ်လာကို 1850 နဲ့ ဈေးဖြတ်လို့ ပြည်တွင်းပြည်ပက ရင်းနှီးမြှပ်နှံမှုတွေ မကြာခင် အပြီးပိုင်ရပ်ဆိုင်းပြီး တချို့ နိုင်ငံခြား ကုမ္မဏီတွေ အပြီးပိုင်ပိတ်သိမ်းပြီး ပြန်ကြတော့မယ်ဆိုတာရော သိကြရဲ့လား

ဒါကြောင့် သိပ်မကြာခင်..ပြည်တွင်းက သိန်းချီတဲ့ အလုပ်သမားတွေအလုပ်လက်မဲ့ ဖြစ်လာတော့မယ် ဆိုတာရော သိကြလား ဆန်စပါး အဓိက စိုက်ပျိုး ထွက်ရှိတဲ့ ဆန်အိုးကြီးလို့အခေါ်ခံရတဲ့ မြန်မာနိုင်ငံအလယ်ပိုင်းက တောင်သူတွေရဲ့နေအိမ်တွေ မီးရှို့ခံရပြီး ရွာလုံးကျွတ်ထွက်ပြေးနေရလို့ ဆန်စပါးသီးနှံ လုံးဝစိုက်ပျိုးခြင်း မရှိတဲ့အပြင် စကစ က တိုင်းပြည်ပိုင်တဲ့ အရန်ဆန်‌တွေ ကို သူတို့ ရိက္ခာ ဂိုထောင်ဘက်ကို အပြီးပိုင်ရွေ့ပြီးပြီဆိုတာရော သိကြလား

နောက်ဆို ဆန်မပြောနဲ့ ဆန်ပြုတ်တောင် မသောက်နိုင်တဲ့ ဘဝတွေကို ဆိုက်ဆိုက်မြိုက်မြိုက်ရောက်လာမယ်ဆိုတာရော သိကြလား မြန်မာနိုင်ငံက စုတ်ပြတ်သတ်ပြီး Fail State မျဉ်း အောက်ရောက်နေပြီ ကမ္ဘာ့စီးပွားရေးပညာရှင်တွေကလည်း မြန်မာနိုင်ငံဟာ အလုံးစုံ ပျက်သုန်းမယ့်နိုင်ငံဆိုပြီး ဟောကိန်းထုတ်ပြီး ကမ္ဘာကို ကျယ်ကျယ်လောင်လောင်နဲ့ ပြောနေတုန်းမှာ အခုအချိန်အထိ ဒီက လူတွေက သောက်ပေါ အလုပ် လုပ်နေကြတုန်း (Hein Zin Phyo)

ပြည်ပနိုင်ငံများမှ ဆေးဝါးနှင့်ဆေးပစ္စည်းများအား တင်သွင်းခွင့်ပါမစ် ချပေးရာတွင် စကစ လက်အောက်ခံ ကော်မတီနှင့် ဌာနဆိုင်ရာများ၏ ခွင့်ပြုချက်ရရှိရေး အဆင့်ဆင့် တောင်းခံနေရသဖြင့် ကြန့်ကြာမှုများ ဖြစ်ပေါ်နေပြီး ဆေးဝါးစျေးတက်နေသကဲ့သို့ ပစ္စည်းပြတ်လပ်မှုများပါ ဖြစ်ပေါ်နေကြောင်း ဈေးကွက်အတွင်းမှ သိရပါတယ်။

လက်ရှိ ဆေးဝါးဈေးကွက်အတွင်း ဆေးမျိုးစုံမှာ အနိမ့်ဆုံး ၅ ရာခိုင်နှုန်းမှ ၁၀ ရာခိုင်နှုန်းထိ ဈေးနှုန်းမြင့်တက်နေသလို ဆီးချိုရောဂါသည်များ သောက်သုံးသည့် ဆေးဝါးများ၊ အဆုတ်ရောဂါအတွက် သုံးသည့် ပိုးသတ်ဆေးများ၊ ဈေးကြီး သည့် နိုင်ငံခြားဆေးဝါးတချို့နှင့် ကလေးဖြည့်စွက်စာ စသည်တို့မှာ ပစ္စည်းပြတ်လုနီးပါး ဖြစ်နေတယ်လို့ သိရပါတယ်။

ယခင်က ဆေးနှင့်ဆေးပစ္စည်း တင်သွင်းခွင့် ပါမစ်များအား စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနသို့သာ တင်ပြရသော်လည်း ပြီးခဲ့သည့် ဧပြီလမှစပြီး စစ်ကောင်စီ၏ ကုန်သွယ်မှုနှင့် ကုန်စည်စီးဆင်းမှုများ မှန်ကန်မြန်ဆန်စေ ရေး ဗဟိုကော်မတီ၊ လုပ်ငန်းကော်မတီနှင့် ကျန်းမာရေးဝန်ကြီးဌာန စသည်ဖြင့် သွင်းကုန်ပါမစ်များအား အဆင့်ဆင့် တင်ပြရပြီး ၎င်းတို့ ခွင့်ပြုမှသာ တင်သွင်းခွင့်ရခြင်း ဖြစ်ကြောင်း လုပ်ငန်းရှင်များထံမှ သိရပါတယ်။

ထိုသို့သော အခြေအနေများကြောင့် ဈေးကွက်အတွင်း ဆေးဝါးဈေးနှုန်းများ တပတ်နှင့်တပတ် မတူအောင် မြင့်တက်လျက်ရှိပြီး တချို့ဆေးဝါးများမှာ ဆေးဆိုင်တိုင်း၌ပင် ဝယ်ယူ၍ မရနိုင်သည့် အခြေအနေ ဖြစ်လာကြောင်း ဆေးဝါး တင်သွင်းဖြန့်ဖြူးနေသူများက ပြောပါတယ်။

စစ်ကောင်စီ လက်အောက်ခံ ကုန်သွယ်မှုနှင့် ကုန်စည်စီးဆင်းမှုများ မှန်ကန်မြန်ဆန်စေရေး ဗဟိုကော်မတီ၊ လုပ်ငန်း ကော်မတီက သွင်းကုန်တင်ပို့မှုတွင် အုပ်စု ၅ မျိုး ခွဲထားပြီး ယင်းအထဲမှ ဦးစားပေးကုန်စည်များ (စားသုံးဆီ၊ စက်သုံး ဆီ၊ ဆေးဝါး စသည်ဖြင့်) ကိုသာ သွင်းကုန်ပါမစ်များကို ချထားပေးခြင်း ဖြစ်ကြောင်း သိရပါတယ်။

ပြည်တွင်း ဆေးဝါးဈေးကွက်ရှိ ၈၅ ရာခိုင်နှုန်းမှာ ပြည်ပမှ တင်သွင်းရခြင်းဖြစ်ပြီး ကျန် ၁၅ ရာခိုင်နှုန်းမှာ ပြည်တွင်း ထုတ်များ ဖြစ်ကြောင်း၊ အများစုသည် တရုတ်၊ အိန္ဒိယ၊ ပါကစ္စတန်နှင့် ထိုင်းနိုင်ငံတို့မှ တင်သွင်းခြင်း ဖြစ်ကြောင်း သိရ သည်။

Leave a Reply

Your email address will not be published.

x

You cannot copy content of this page